အသားအရေလှပဖို့ ဘောလိဝုဒ်မင်းသမီးချောတိုင်း လက်ကိုင်ထားတဲ့ စည်းမျဉ်းတစ်ချက်

အသားအရေလှပဖို့ ဘောလိဝုဒ်မင်းသမီးချောတိုင်း လက်ကိုင်ထားတဲ့ စည်းမျဉ်းတစ်ချက်

ကင်မရာရှေ့မှာ အချိန်ပြည့်နေထိုင်ရတဲ့ ပြည်သူချစ်ငွေကြယ်ပွင့်တွေကို ကြည့်လိုက်ရင် အမြဲလိုလို လှပကြော့ရှင်းနေတာကို တွေ့ရမှာပါ။ ဒီလိုလှပကြော့ရှင်းနေရတာ နောက်ကွယ်ကနေ ပြီးပြည့်စုံအောင် ပြုပြင်ပေးတဲ့ မိတ်ကပ်ပညာရှင်တွေကြောင့်လည်း ဖြစ်သလို သူတို့ကိုယ်တိုင် ထိန်းသိမ်းမှုတွေကြောင့်လည်း အများကြီးပါဝင်ပါတယ်။ အဲဒီလိုမျိုးထိန်းသိမ်းနိုင်မှုတွေကြောင့် Aishwarya Ria Bachchan ၊ Alia Bhatt ၊ Deepika Padukone နဲ့ Katrina Kaif အစရှိတဲ့ ဘောလိဝုဒ်မင်းသမီးချောတွေဟာ မိတ်ကပ်မပါဘဲနဲ့လည်း ကြည့်ကောင်းချောမွေ့နေကြပါတယ်။ ဘာကြောင့် သူတို့တွေဟာ မိတ်ကပ်မပါဘဲနဲ့ အပြစ်အနာအဆာကင်းပြီး ချောမောလှပနေရတာလဲဆိုပြီး အလှကြိုက်သူပြီးပြီး စပ်စုကြည့်လိုက်တဲ့အခါ သူတို့အားလုံးဟာ အလှအပနဲ့ ပတ်သက်ပြီး စည်းမျဉ်းတစ်ခုထားရှိထားတာကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။

သူတို့အားလုံးတစ်ညီတစ်ညွှတ်တည်း ကျင့်သုံးတဲ့ စည်းမျဉ်းတစ်ခုကတော့ သူတို့ရဲ့အသားအရေကို အမြဲတမ်း ရေဓာတ်ပြည့်အောင် ထိန်းသိမ်းထားချင်ပဲ ဖြစ်ပါတယ်။ ကျန်းမာရေးနဲ့ညီညွှတ်အောင် စားသောက်နေထိုင်ပြီး လေ့ကျင်ခန်းကောင်းကောင်းလုပ်ရင် အသားအရေကို ကောင်းစေပြီး ကျန်းမာစေတယ်ဆိုတာကို လူတိုင်းသိကြပါတယ်။ ဒါပေမယ့် အသားအရေအတွက် မှော်အစွမ်းလို လုပ်ဆောင်ပေးတဲ့ ရေကိုတော့ သတိတရ သောက်ဖို့ လူတိုင်းလိုလို မေ့နေတတ်ကြပါတယ်။

Aishwarya ၊ Katrina ၊ Alia နဲ့ Deepika အစရှိတဲ့ ငွေကြယ်ပွင့်တို့ရဲ့ လှပမှုနဲ့ ပတ်သက်ပြီး အင်တာဗျူးတွေက ဘာတွေ သုံးစွဲလဲဆိုပြီး မေးတဲ့အခါ သူတို့တွေအားလုံး တညီတညွှတ်တည်း ဖြေတာက နေ့တိုင်း ရေကို မမေ့မလျောဘဲ များများသောက်သုံးလို့ ဒီလိုလှနေရတာပါဆိုပြီး ပြန်လည်ဖြေကြားကြပါတယ်။

မကြာသေးခင်က Alia Bhatt ကို Instagram ပေါ်မှာ အလွန်ကောင်းမွန်တဲ့ အသားအရေရရှိအောင် ဘယ်လိုလုပ်လဲဆိုပြီး မေးတဲ့အခါ ရေများများသောက်ပြီး လေ့ကျင်ခန်းလုပ်ပါတယ်ဆိုပြီး ပြန်လည်ဖြေကြားခဲ့ပါတယ်။ အလားတူပဲ Deepika ကလည်း အင်တာဗျူးတစ်ခုမှာ အသားအရေကြည်ဖို့အတွက် ခက်ခက်ခဲခဲ နည်းလမ်းတွေကိုမသုံးဘဲ နေ့တိုင်း ရေကိုပဲ သတိထားပြီး များများ သောက်သုံးပါတယ်လို့ မျှဝေခဲ့တာကို တွေ့ရပါတယ်။ ဒါ့အပြင် သူမက အိပ်ရေးဝဝအိပ်ပြီး အသားအရေကိုလည်း ဂရုစိုက်ပါသေးတယ်ဆိုပြီး ထပ်ပေါင်း ပြောကြားခဲ့ပါတယ်။

Aishwarya မှာလည်း ရေများများသောက်တဲ့ အလေ့အကျင့်ရှိလို့ ပင်ပင်ပန်းပန်းမကြိုးစားဘဲနဲ့ အသားအရေကောင်းနေရတာ ဖြစ်ပါတယ်ဆိုပြီး ဖွင့်ဟဖူးပါတယ်။

Katrina ကလည်း ငယ်ရွယ်နုပျိုပြီး နူးညံတဲ့အသားအရေကို ထိန်းသိမ်းစောင့်ရှောက်ဖို့အတွက် သူမစားသုံးတဲ့ အစားအစာတွေမှာ ဟင်းသီးဟင်းရွက်တွေကို များများထည့်စားပြီး ရေများများသောက်သုံးပါတယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

သူမတို့တွေက ရေသောက်တဲ့အခါမှာလည်း ရေအရမ်းဆာလောင်လာမှ သောက်တာမျိုးမဟုတ်ဘဲ အားကစားလုပ်ပြီးတဲ့အခါမျိုးမှာကော၊ ရေဓာတ်ဖြည့်ဖို့ လိုအပ်လာပြီးလို့ ထင်တဲ့အခါမျိုးမှာကော၊ ရေသောက်ဖို့ သတိရတဲ့အခါမျိူးမှာပါ သောက်သုံးတတ်ကြပါတယ်။ ရေဟာ ခန္ဓာကိုယ်အတွင်းအပြင်က အဆိပ်အတောက်တွေကို ဖယ်ရှားပေးပြီး ကျန်းမာအောင်လုပ်ဆောင်ပေးနိုင်တဲ့အတွက်ကြောင့် သူတို့ဟာ ရေကို ဆေးဝါးတစ်လက်လို့ကော အလှအပရေးရာအတွက်မှာပါ ကောင်းကောင်းအသုံးချကြပါတယ်။

ရေက အသားအရေအတွက်ကော ခန္ဓာကိုယ်အတွက်ပါ ကောင်းစေတယ်ဆိုတာ သိပြီးဆိုတော့ တစ်နေ့ကို ရေဘယ်လောက်သောက်ရမလဲဆိုတာ သိဖို့ပဲ လိုအပ်ပါတော့တယ်။ ကျွမ်းကျင်သူတွေရဲ့ ပြောကြားချက်အရ မိန်းကလေးတွေအနေနဲ့ ရေကို နှစ်ဒဿမခုနစ်လီတာလောက်နီးနီး လုံလုံလောက်လောက် သောက်ပေးဖို့ လိုအပ်ပါတယ်။ ခန္ဓာကိုယ်တည်ဆောက်ပုံပေါ်မူတည်ပြီး တချို့တွေကတော့ ကွဲပြားပါလိမ့်မယ်။ ဘယ်လောက်ပမာဏသောက်ရမလဲလည်း သိပြီးဆိုတော့ လှပကြည်လင်တဲ့ အသားအရေပိုင်ဆိုင်ဖို့ ဒီနေ့ကစပြီး ဈေးကြီးကြီးပေးမဝယ်ရတဲ့ ရေကို မမေ့မလျော့နဲ့ များများသောက်လိုက်ကြပါတော့နော်။

H.H(Akhayar)

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle