မိုးရာသီမှာ အပြတ်လန်းဖို့ ဒီလို ဒီလို လိမ်းချယ်ပါ

မိုးရာသီမှာ အပြတ်လန်းဖို့ ဒီလို ဒီလို လိမ်းချယ်ပါ

“မိုးလေးဖွဲတုန်း သတိရတယ် …. မြင်နေတယ် ပြတင်းတံခါးဆီပဲ ….” အယ်လယ့်။
မိုးလေးဖွဲတုန်း သတိရမနေပါနဲ့။ သတိရနေရင် ပြေးတွေ့လိုက်ပေါနော်။ မိုးတွေရွာနေတာကို ချစ်ချစ်နဲ့ သွားတွေ့ဖို့ရာ အလှပျက်မှာ ကြောက်ရွံ့နေတယ်ဆိုရင်လည်း ိစတ်မပူပါနဲ့။ မိုးတွင်းမှာ မိုးတွေဘယ်လောက်ပဲ ရွာပါစေ ကောင်မလေးတွေ အလှမပျက်ရလေအောင် ဘယ်လိုနေရမလဲဆိုတာ ပြောပြပေးမှာမို့လို့ စိတ်ချလက်ချသာ ကောင်လေးနဲ့ Date လိုက်ပါတော့။

Waterproof, Waterproof, Waterproof!
မိုးတွင်းကို လှလှပပလေး ဖြတ်သန်းချင်ရင်တော့ အရင်ဆုံး ဝယ်စုထားရမှာက Waterproof Cosmetics တွေပါပဲ။ ရေစိုခံတဲ့ Primer, ရေစိုခံတဲ့ Eyes Makeup ပစ္စည်းလေးများနဲ့ ရေစိုခံတဲ့ Foundation တွေကို ရွေးချယ်ပါလို့။ ဒါမှ ရေနည်းနည်းစိုတာနဲ့ မိတ်ကပ်ရွေ့သွားတာတွေ၊ မိတ်ကပ်ကွက်သွား၊ ပျက်သွားတာတွေ မဖြစ်ရလေမှာပါ။

Bright, Brighter, Brightest!
နွေရာသီတစ်လျှောက်လုံး ဖြူဖျော့တဲ့မိတ်ကပ် Look တွေကို လိမ်းချယ်ပြီးတဲ့နောက်ပိုင်းမှာတော့ မိုးရာသီကို ရောက်လာပြီဖြစ်တဲ့အတွက် တောက်ပတဲ့ Look ကို အရယူလိုက်ပါတော့။ မိုးရေတွေကြောင့် မိတ်ကပ်အများကြီးလိမ်းလို့ မကောင်းတာတော့မှန်ပေမယ့် ပါးပါးလေးလိမ်းမယ်ဆိုရင်တောင် အရောင်ထွက်ကောင်းပြီး ကြည်လင်တောက်ပတဲ့ မိတ်ကပ် Look မျိုးကို ရွေးချယ်ဖို့ အကြံပေးချင်ပါတယ်။

Skincare, Hair care, Body care!
မိုးရာသီလည်း မရှောင်ရဘဲ တစ်ချိန်လုံးအပြင်ထွက်နေရတဲ့သူတွေအဖို့တော့ Makeup အပေါ် မမှီခိုဘဲ အသားအရေနဲ့ အလှအပကို ထိန်းသိမ်းဖို့ ပိုပြီး လိုအပ်ပါတယ်။ ခြေချောင်းလေးတွေကို သန့်နေအောင် Cleansing လုပ်ထားပါ။ အသားအရေအတွက် Lotion ပုံမှန်လိမ်းပြီး ဆံပင်ကိုလည်း ရှုပ်ထွေးညစ်ပေတာမျိုးမရှိရလေအောင် ထိန်းသိမ်းပါ။ ဒါဆိုရင်တော့ မိတ်ကပ်တွေအများကြီးမလိမ်းဘဲ မိုးရေတွေကြားမှာ သဘာဝအလှတရားလေးအတိုင်းကို လှနေနိုင်တော့မှာပါ။

“No Makeup”, “Yes” Redressing!
မိုးတွင်းမှာ အလုပ်လည်းမရှုပ်ဘဲ လှနေချင်သူတွေကတော့ သွားခါနီး၊ လာခါနီးမှ ပြင်ဆင်တာမျိုးမဟုတ်ဘဲ Eyebrows Tattoo ထိုးထားတာမျိုး၊ Eyelashes Extension လုပ်ထားတာမျိုး၊ Lip Color သွင်းထားတာမျိုးတွေ ပိုလုပ်သင့်ပါတယ်။ ဒါဆိုရင်တော့ ဘာမှမလိမ်းခင်ကတည်းက မျက်ခုံးလှလှလေးတွေ၊ မျက်တောင်ကော့ကော့လေးတွေနဲ့ အလှကြီးလှနေတော့မှာပေါ့။

Do, Do, Hairdo!
ကဲ အရမ်းလှနေပြီဆိုရင် ဆံပင်ဘက်ကို လှည့်ရအောင်။ မိုးတွင်းမှာ ဆံပင်ဖြန့်မထားတာ အကောင်းဆုံးပါပဲ။ မဟုတ်ရင် မိုးစိုတဲ့အခါကျ ကြွက်စုပ်နဲ့ တော်တော်တူပါတယ်။ ဒီတော့ ကိုယ့်ရဲ့ ဆံပင်အပေါ်မူတည်ပြီး ကိုယ့်ရဲ့ မျက်နှာကျနဲ့ လိုက်ဖက်တဲ့ဆံပင်စည်းတာမျိုးတွေ၊ ဆံပင်လေး မခို့တရို့ထုံးသွားတာမျိုးတွေကို ပြောင်းလဲပြင်ဆင်ကြည့်ပါ။

ဒီတော့ မိုးရာသီမှာ ကောင်မလေးတွေ ဘယ်လိုလှကြမလဲ သိသွားပြီဟုတ်။ ဒီနည်းအတိုင်းသာ လုပ်သွားရင် အပြင်ဘယ်လောက်သွားသွား မဂွမ်းဖို့ တာဝန်ယူပါတယ်နော်။ ကဲ …. အခုပဲ ကောင်လေးကို ဖုန်းဆက်ပြီး Date လိုက်တော့လေ။ ဘာလုပ်နေတာလဲ။

Moethaesay (Akhayar)