သင်္ကြန်အိမ်တွင်းပုန်းလေးတွေ ဆွေးစရာ သင်္ကြန်သီချင်းလေးများ

သင်္ကြန်အိမ်တွင်းပုန်းလေးတွေ ဆွေးစရာ သင်္ကြန်သီချင်းလေးများ

သင်္ကြန်မှာ အပြင်မထွက်ဘဲ အိမ်ထဲမှာ အောင်းနေတဲ့သူတွေ အခြေအနေဘယ်လိုရှိကြလဲ။ ချစ်သူနဲ့ LDRS ဖြစ်နေလို့ပဲဖြစ်ဖြစ်၊ အိမ်မပိုင်လို့ပဲဖြစ်ဖြစ် အကြောင်းအမျိုးမျိုးကြောင့် သင်္ကြန်အိမ်တွင်းအောင်းနေကျတဲ့သူတွေအတွက် Playlist လေး ရွေးပေးချင်လို့ပါနော်။ အခုရွေးပေးမယ့် သီချင်းတွေသာ နားထောင်ပြီး Feel နေလိုက်ပါတော့။

ဒီအတိုင်းရောက်တိုင်း (မြေပဲယို)
ဒီသီချင်းလေးကတော့ တော်တော်လေးကြာပြီဆိုပေမယ့် အခုထိ အိမ်အပြင်မထွက်ရတဲ့သင်္ကြန်တိုင်းမှာ Feel လို့ကောင်းနေတုန်းပဲ မဟုတ်လား။

ဟိုအရင်ကသင်္ကြန်ရက် (ရဲလေး + Bambino)
ဒီသီချင်းသံလေးကြားမိတော့လည်း အရင်နှစ်သင်္ကြန်တုန်းက ကောင်လေးကို သတိရသလိုလို၊ ဘာလိုလိုတောင် ဖြစ်သွားတယ်။

သင်္ကြန်အိပ်မက် (လွှမ်းပိုင် + ထက်ထက်)
LDRS တွေ ငိုကြတော့လေ။ ဘာကြည့်နေတာလဲ။ စိတ်ဓာတ်မကျပါနဲ့။ အခုမီပါသေးတယ်။ သူငယ်ချင်းတွေနဲ့ ထွက်ပျော်ရင် ပျော်လိုက်ကြပါလား။

အမှတ်တရသင်္ကြန် (မျိုးကျော့မြိုင် + Tracy)
ဒီသီချင်းကတော့ သင်္ကြန်ရောက်တိုင်း မပါမဖြစ် နားထောင်ရမယ်။ ပြီးတော့ ဘာကို ဆွေးမှန်းမသိ ဆွေးရမှာက တာဝန်နော်။

ကော်ဖီပူပူ (ရေဗက္ကဝင်း)
ဒီသီချင်းလေးက လူသိနည်းမယ် ထင်တယ်။ ဒါပေမယ့် ဆွေးချင်တဲ့သူတွေကတော့ ကွက်တိပါပဲ။ နားထောင်လိုက်ပါဦး။

ဒီတော့ ဆွေးချင်တဲ့ အိမ်တွင်းပုန်းလေးတွေ စပြီး ဆွေးလို့ရပါပြီ။ တခြားရော ဘယ်သီချင်းတွေနဲ့ ထပ်ဆွေးရမလဲ ရွေးပေးခဲ့ကြပါဦး အခရာပရိသတ်ကြီးရေ။

Moethaesay (Akhayar)