ကမ္ဘာပေါ်မှာ အကောင်းဆုံး အလုပ်အကိုင်တွေဆိုတာ ဘယ်လိုမျိုးတွေလဲ

ကမ္ဘာပေါ်မှာ အကောင်းဆုံး အလုပ်အကိုင်တွေဆိုတာ ဘယ်လိုမျိုးတွေလဲ

အလုပ်လုပ်ဖို့အတွက် ရွေးချယ်တဲ့အခါမှာ ကိုယ်လည်းကြိုက်ပြီး လစာလည်းကောင်းတဲ့အလုပ်တွေကို ရွေးချယ်ပြီးလုပ်ကြတာပေါ့။ ဒါပေမယ့်တစ်ခါတစ်လေမှာ ကိုယ့်စိတ်ကြိုက်မဟုတ်ပေမယ့် လစာတွေအရမ်းကောင်းလို့ ရွေးချယ်လိုက်ရတဲ့အလုပ်တွေလည်းရှိတယ်။ တချို့အလုပ်တွေဆိုရင် အရမ်းခက်ခဲလွန်းလို့ လုပ်ရတာတောင်စိတ်ပင်ပန်းတဲ့အထိဖြစ်ရတာတွေ ရှိပါတယ်။ ဒါပေမယ့်တော်တော်များများက အကောင်းဆုံး အလုပ်အကိုင်ဆိုပြီးတော့ သတ်မှတ်ထားတဲ့ အလုပ်တွေလည်း ဒီလောကကြီးမှာရှိနေပါသေးတယ်။ ဒါတွေကတော့

Disney Imagineer
ဒီအလုပ်ကတော့ Disney က ခန့်တဲ့အလုပ်ဖြစ်ပါတယ်။ တောင်အမေရိကားနဲ့အာရှမှာလုပ်လို့ရတဲ့ဒီအလုပ်က စိတ်ကူးယဉ်ခြင်းနဲ့ အင်ဂျင်နီယာအတတ်ပညာကို ပေါင်းစပ်ထားတာဖြစ်ပါတယ်။ စိတ်ကူးယဉ်သမားနဲ့လက်တွေ့သမားနှစ်ခုလုံးကို တစ်ပြိုင်တည်းလုပ်ခွင့်ရမယ့်အလုပ်ပါ။ စဉ်းစားကြည့်လေ ၊ ကိုယ့်ရဲ့ရူးသွပ်လှပါပေ့ဆိုတဲ့ စိတ်ကူးတွေကို Disney Amusement Park တွေမှာ တကယ့်အဆောက်အဦး အစစ်တွေအနေနဲ့ဖန်တီးရမှာ ဘယ်လောက်တောင်မိုက်လဲ။ တစ်ခုတော့ရှိတာပေါ့။ ဒီအလုပ်ကိုလုပ်ချင်ရင် အင်ဂျင်နီယာတော့ ဖြစ်ရမယ်တဲ့။

Private Island Caretaker
ကိုယ်တိုင်ကျွန်းတွေကို မပိုင်ရရင်တောင် သူများပိုင်တဲ့ကျွန်းလှလှလေးတွေမှာ နေခွင့်ရတဲ့အလုပ်ကလည်း အကောင်းဆုံးအလုပ်တွေထဲမှာ ပါပါတယ်တဲ့။ ကျွန်းကိုစောင့်ရှောက်ရတာမို့ တာဝန်ကြီးပြီးတော့ ပင်ပန်းတယ်ဆိုပေမယ့် ကိုယ်တစ်ယောက်တည်း စိတ်လွတ်ကိုယ်လွတ် ရှုခင်းလှလှလေးမှာ ဘဝကိုဖြတ်သန်းရမှာလေ။ စာရေးသူဆိုရင် ဒီမြို့ပြကြီးမှာ ဘယ်လောက်တွေ ပိုက်ဆံတွေအများကြီးရပါစေ ၊ အဲဒီလိုတစ်ယောက်တည်းသီးသန့်နေရမယ့် အလုပ်များကမ်းလှမ်းလာရင်တော့ လက်ရှိအလုပ်ကနေ ကောက်ထွက်သွားမှာ။ ဒီအလုပ်ကလည်း ပေါ့သေးသေးတော့မဟုတ်ပါဘူး။ တစ်နှစ်ကိုပ ျမ်းမ ျှ ဒေါ်လာ ၁၅,ဝဝဝ ကနေ ဒေါ်လာ ၁၂ဝ,ဝဝဝ လောက်ရပါတယ်တဲ့။

Ben & Jerry’s Flavor Guru
ဒီအလုပ်လေးကတော့ အမေရိကားမှာ လုပ်ရတဲ့အလုပ်လေးပါ။ တစ်ခုရှိတာက Guru တော်တော်များများမှာ Food Science နဲ့ပတ်သက်ပြီး လုပ်ငန်းအတွေ့အကြုံတွေတော့ရှိပါတယ်။ ဒီအလုပ်က ငယ်ငယ်ကလေးအရွယ်မှာဆိုရင်တော့ အလိုချင်ဆုံးအလုပ်ဖြစ်မှာပါ။ ရေခဲမုန့်တွေ ၊ သကြားလုံးတွေနဲ့ တခြားအချိုရည် ၊ သကြားရည်တွေကိုရောပြီး အရသာနဲ့ပြည့်စုံတဲ့ အချိုပွဲတွေဖန်တီးရတာပါ။ ပြီးတော့ “Quality Control” ဆိုပြီး နာမည်ခံပြီးတော့ စမ်းထားသမ ျှအချိုပွဲတွေကို အရသာခံတာပေါ့။ ဒီအလုပ်က ကျန်းမာရေးနဲ့တော့အရမ်းကြီး ကိုက်ညီမယ်မထင်ဘူး။ ဒါပေမယ့် ဒီအလုပ်ကိုလုပ်ရရင်တော့ သင်က ကမ္ဘာပေါ်မှာ အပျော်ဆုံးလူသားဖြစ်နေမှာပါ။

Water Slide Tester
ဒီအလုပ်ကိုတော့ ကလေးဘဝက စိတ်ကူးယဉ်တဲ့အလုပ်လို့ ထင်ရင်လည်း ထင်ပါလိမ့်မယ်။ ဒါပေမယ့် Water Slide တွေကို စမ်းပြီးတော့ စီးတဲ့အလုပ်က အပြင်မှာတကယ်ရှိပါတယ်။ တို့တွေလို Water Boom မှာပိုက်ဆံတွေပေးပြီး သွားစီးစရာမလိုဘူး။ သူကစီးပေးလို့တောင် အလကားပိုက်ဆံတွေရသေးတာ။ ဒါပေမယ့်လည်း တစ်ချိန်လုံး Water Slide တွေစီးနေတယ်ဆိုပြီး အပျော်တွေပဲရှိတယ်လို့ မထင်လိုက်နဲ့နော်။ Water Slide စီးရင်း အမြင့်တွေ ၊ အရှိန်တွေ ၊ ရေရဲ့သိပ်သည်းဆတွေနဲ့ ရေသွယ်မြောင်းတွေကနေ အဆင်းတွေကို လိုက်ပြီးစစ်ဆေးရတာပေါ့။ ဒါပေမယ့်လည်း ဒီလိုလုံခြုံရေးအတွက် စစ်ဆေးရတာတွေအပြင် အများကြီးလည်းပျော်ရပါသေးတယ်။

Professional Netflix Watcher
ကဲ……Netflix ကို ပိုက်ဆံပေးပြီး မကြည့်ရတဲ့အပြင် Netflix ကို အိမ်မှာနေရင်းနဲ့ပဲ ထိုင်ကြည့်ပေးနေလို့ ပိုက်ဆံရတဲ့အလုပ်ဆိုတာ ရှိပါတယ်တဲ့။ အခုပဲဒီစာရေးတဲ့အလုပ်ကို ကောက်ထွက်ပြီး သွားလေ ျှာက်လိုက်ချင်တယ်။ ဟုတ်ပါတယ်….တစ်နေ့လုံး ဆိုဖာလေးမှာထိုင်ပြီး Netflix ကိုကြည့်ပေးဖို့ ပိုက်ဆံပေးပြီးခိုင်းထားတဲ့ သီးသန့်ရွေးချယ်ထားတဲ့ လူနည်းစုအုပ်စုလေးဆိုတာ အပြင်မှာရှိပါတယ်။ သူတို့ရဲ့အလုပ်က တီဗီရှိုးတွေနဲ့ ရုပ်ရှင်တွေကို တစ်နေကုန်ထိုင်ကြည့်ပြီး ကွန်ပျူတာကမသိနိုင်တဲ့ စိတ်ခံစားချက်ပိုင်းနဲ့ဆိုင်တဲ့ ရှုထောင့်တွေကို ကဏ္ဍတွေခွဲပေးရတာပဲဖြစ်ပါတယ်။ Netflix က စာရေးသူတို့ ရင်ထဲကိုထိပြီး စာရေးသူတို့သဘောကျတဲ့ရုပ်ရှင်တွေကို ဘယ်လိုသိပြီး ဘယ်လိုတွေရိုက်နေလဲဆိုတာ စဉ်းစားမိရင်တော့ ဒီမေးခွန်းရဲ့ အဖြေကသူတို့တွေပါပဲ။ စာရေးသူတို့ဘာကြိုက်တယ်ဆိုတာသိဖို့ဆိုတာ သူတို့အလုပ်ပါ။ ဒီအလုပ်လုပ်လို့တော့ ချမ်းသာလာမှာမဟုတ်ပါဘူး။ ဒါပေမယ့် Netflix ကြည့်ရတာနဲ့တင် အသက်ရှင်နိုင်တယ်ဆိုရင်တော့ ဒီအလုပ်က ပရိသတ်ကြီးတို့အတွက် အသင့်တော်ဆုံးပါပဲ။

ဒါ့အပြင် ဇိမ်ခံမွေ့ရာမှာ စမ်းအိပ်ပေးရတဲ့အလုပ်တို့ ၊ ပွေ့ဖက်ပေးရတဲ့အလုပ်တို့ ၊ ခရီးလေ ျှာက်သွားပေးပြီး ပိုက်ဆံရတဲ့အလုပ်တို့လည်းရှိပါသေးတယ်။ ဒီအလုပ်တွေက ကမ္ဘာပေါ်မှာ အမိုက်ဆုံးအလုပ်တွေလို့ သတ်မှတ်ခံထားရတာကို ပရိသတ်ကြီးတို့ရော သဘောတူကြရဲ့လား။ စာရေးသူကတော့ ငြင်းဆန်ဖို့ အကြောင်းပြချက်မရှိပါဘူး။

Ref: www.goodnet.org

Piki(Akhayar)

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle