Father’s Day မှာ ဘာလက်ဆောင်ပေးရမလဲ ခေါင်းစားနေသူတွေအတွက်

Father’s Day မှာ ဘာလက်ဆောင်ပေးရမလဲ ခေါင်းစားနေသူတွေအတွက်

“စားဝတ်နေရေး ငွေရှာပေး

ကျေးဇူးကြီးပေ တို့ဖေဖေ။

ကိစ္စများဖြင့် ပေါ်ပေါက်လျှင်

စီရင်တတ်ပေ တို့ဖေဖေ” ငယ်ငယ်တုန်းက ဖတ်စာမှာပါလို့ အလွတ်ကျက်ရမှာဆိုတဲ့ အသိနဲ့ တစာစာအော်ရင်း ကျက်ခဲ့ပေးမယ့် ဒီအဓိပ္ပါယ်ကို အရွယ်ရောက်လာမှ ကောင်းကောင်းသိကြတယ် မဟုတ်လား။ လာမယ့်တနင်္ဂနွေနေ့ ဇွန်လ (၁၆) ရက်ဆိုရင်ပဲ အဖေများနေ့ရောက်လာတော့မှာပါ။ နေ့တိုင်းအဖေ့ကျေးဇူး မသိတတ်ရင်တောင်မှ တစ်နှစ်မှာ အနည်းဆုံးတစ်ရက်တော့ အဖေ့ကျေးဇူးတွေကို ဖော်ကျူးဖို့အတွက် သတ်မှတ်ထားတဲ့ ဒီနေ့လေးမှာ အဖေ့အတွက် တန်ဖိုးရှိမယ့်အရာတွေကို လက်ဆောင်အဖြစ်ဖန်တီးပေးရအောင်ပါ။

ဒီတော့ အဖေများနေ့မှာ အဖေ့ကို ဘာပေးရမလဲ မစဉ်းစားရသေးရင် အခရာက ပြောပြပေးထားတဲ့ လက်ဆောင်တွေကို ပေးဖို့ စဉ်းစားကြည့်လိုက်ပါ။

ကျန်းမာရေးပုံမှန်စစ်ဆေးဖို့ စီစဉ်ပေးတာ
အသက်အရွယ်ကြီးပြီဖြစ်တဲ့ အဖေ့အတွက် ဒီလက်ဆောင်ဟာ အပေးသင့်ဆုံး လက်ဆောင်တွေထဲက တစ်ခုအပါအဝင် ဖြစ်ပါလိမ့်မယ်။ အဖေ့အတွက်မှ မဟုတ်ပါဘူး အမေ့အတွက်လည်း အကျုံးဝင်ပါတယ်။ ကွာလတီမပြည့်မှီတဲ့ အစားအသောက်တွေကြားထဲ နေထိုင်စားသောက်နေရချိန်မှာ ကျန်းမာရေးပုံမှန်စစ်ဆေးဖို့ အစအဆုံးလိုက်လုပ်ပေးတာ အသင့်တော်ဆုံးလက်ဆောင်ဖြစ်ပါလိမ့်မယ်။ ဒီလိုစစ်ဆေးတာနဲ့ ပတ်သက်ပြီး မလုပ်ရသေးဘူးဆိုရင်တော့ အခုပဲ စစီစဉ်လိုက်ရအောင်ပါ။

အချိန်အတူတူဖြုန်းပေးတာ
ဒီလိုလုပ်ပေးတာက အဖေနဲ့ သားသမီး နှစ်ယောက်ကြားမှာ တန်ဖိုးရှိတဲ့အချိန်ကို ဖန်တီးဖြစ်စေမှာပါ။ တစ်နေကုန်နီးပါး မျက်လုံးနဲ့ဖုန်းနဲ့မခွာ၊ အိမ်ကလူတွေကထက် လူမှုကွန်ရက်က သူငယ်ချင်းတွေအကြောင်းကို ပိုစိတ်ဝင်စားမိနေပြီး အွန်လိုင်းပေါ်ကသူတွေနဲ့ စကားပိုပြောနေမိတဲ့ ခေတ်ကြီးမှာ အဖေနဲ့ ထိတွေ့ရမယ့်အချိန်က အမေ့ထက်တောင် နည်းနေနိုင်ပါတယ်။ အဖေနဲ့ ဘယ်လိုအချိန်ဖြုန်းရမလဲဆိုတော့ ဥပမာ – ဘောလုံးပွဲတွေ အလွတ်မခံတတ်တဲ့အဖေနဲ့အတူ ဘောလုံးပွဲအတူတူကြည့်ပေးတာမျိုးပေါ့။

ဘာလိုအပ်နေလဲဆိုတာကြည့်ပြီး ဖြည့်ဆည်းပေးတာ
မိဘအများစုရဲ့ သဘောသဘာဝက တစ်ခုခုဆို မတောင်းဆိုတတ်ဘဲ သူတို့ဘက်ကချည်းပဲ ဖြည့်ဆည်းပေးချင်သူတွေပါ။ အဖေ၊ အမေ ဘာလက်ဆောင်လိုချင်လဲလို့မေးရင် ဖြေချင်မှ ဖြေမှာပါ။ အဖေသုံးနေကျပစ္စည်းတွေထဲက ဘယ်ဟာကတော့ စုတ်နေပြီ၊ အသစ်လဲသင့်ပြီဆိုတဲ့အရာတွေရှာဖွေပြီး ပေးမယ်ဆိုရင် သူပျော်မှာအသေအချာပါပဲ။

တိတိကျကျဝယ်ဖို့ညွှန်းရမယ်ဆိုရင်တော့
E Book
စာဖတ်တဲ့အဖေ့အတွက် စာအုပ်အလေးကြီးတွေ ကိုင်စရာမလိုတော့အောင် Kindle လို E Book တွေဟာ လက်ဆောင်ပေးဖို့သင့်ပါတယ်။ ပြောင်းလဲလာတဲ့ ရေစီးကြောင်းအတိုင်း လူကြီးတွေကို ပြောင်းလဲပေးဖို့က Kindle E Book က အသင့်တော်ဆုံးပါ။ Kindle နဲ့ဖတ်မယ်ဆိုရင် နိုင်ငံခြားက စာအုပ်တွေ၊ ပြည်တွင်းထုတ် စာအုပ်တွေအစ ဖတ်လို့ရပါတယ်။

မိုးကာအင်္ကျီ
နောက်တစ်ခုထပ်ပြီး ပြောရမယ်ဆိုရင်တော့ မိုးတွင်းဖြစ်တဲ့အတွက် မိုးကာအင်္ကျ ီကို ဝယ်ပေးနိုင်ပါသေးတယ်။ အမျိုးသားအများစုက ထီးကိုင်ရတာ ပျင်းပါတယ်။ မိုးတွင်းရောက်ပြီဆို အနွေးထည်တစ်ဖြစ်လဲ မိုးကာအင်္ကျ ီကို ဝယ်ပေးမယ်ဆိုရင် ဘယ်နေရာသွားသွား ထီးယူဖို့ ငြင်းဆန်နေတတ်တဲ့ အဖေအတွက် ကွက်တိဖြစ်သွားတာပေါ့။

Photo Credit : firevideoguides

NSC (Akhayar)

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle