အိန္ဒိယနိုင်ငံသား မဟုတ်တဲ့ နာမည်ကျော် Bollywood သရုပ်ဆောင် (၅) ဦး

အိန္ဒိယနိုင်ငံသား မဟုတ်တဲ့ နာမည်ကျော် Bollywood သရုပ်ဆောင် (၅) ဦး

အနောက်တိုင်းမှာ Hollywood ရုပ်ရှင်က မင်းမူတယ်လို့ရင် အရှေ့ တိုင်းရုပ်ရှင်ရဲ့ ဘုရင်က Bollywood ပါပဲ။ Bollywood ရုပ်ရှင်တွေက အိန္ဒိယမှာမက ကမ္ဘာတစ်ခွင်မှာ လွှမ်းမိုးလာတာနဲ့ သရုပ်ဆောင်တွေလည်း လူသိများလာကြပါတယ်။ ဒါပေမယ့် တချို့ သရုပ်ဆောင်တွေက အိန္ဒိယနိုင်ငံမှာ အခြေစိုက်တဲ့ Bollywood ရုပ်ရှင်မှာ လှုပ်ရှားနေပေမယ့် အိန္ဒိယနိုင်ငံသား မဟုတ်ကြပါဘူး။ အိန္ဒိယနိုင်ငံသား မဟုတ်ကြတဲ့ Bollywood သရုပ်ဆောင်တွေကို ကြည့်ကြရအောင်။

(၅) Amy Jackson

မင်းသမီးချော Amy Jackson ကိုတော့ မြန်မာပရိသတ်တွေ ရင်းနှီးကြမယ်ထင်ပါတယ်။ သူမဟာ Bollywood ရုပ်ရှင်တွေသာမက Kollywood (Tamil Cinema) နဲ့ Tollywood (Telugu Cinema) တွေမှာလည်း အစွမ်းပြသူပါ။ အိန္ဒိိယရုပ်ရှင်လောကမှာ နာမည်တစ်လုံးနဲ့ ထင်ရှားနေပေမယ့် သူမဟာ အိန္ဒိယနိုင်ငံသား မဟုတ်ပါဘူး။ ဗြိတိန်နိုင်ငံသား ခံယူထားသူပါ။

(၄) Jacqueline Fernandez

၂ဝဝ၉ခုနှစ်တည်းက Bollywood လောကကို ဝင်ရောက်လာခဲ့တဲ့ Jacqueline Fernandez ဟာ Murder 2 (2011) ၊ Housefull 2 (2012) နဲ့ Race 2 (2013) ရုပ်ရှင်တွေမှာ ထင်ရှားလာသူပါ။ သူမဟာ ဘာရိန်းနိုင်ငံမှာ မွေးဖွားခဲ့ပေမယ့် သီရိလင်္ကာနိုင်ငံသား ခံယူထားပါတယ်။ သူမဟာ Miss Universe Sri Lanka သရဖူပိုင်ရှင်လည်း ဖြစ်ပါတယ်။

(၃) Katrina Kaif

Katrina Kaif ဆိုတာ Bollywood လောကရဲ့ ထိပ်တန်းမင်းသမီးချောပါ။ သူမကို ဟောင်ကောင်နိုင်ငံမှာ မွေးဖွားတယ်။ တရုတ်နိုင်ငံ၊ ဂျပန်နိုင်ငံ၊ ပြင်သစ်နိုင်ငံ၊ ဆွစ်ဇာလန်နိုင်ငံ၊ ပိုလန်နိုင်ငံနဲ့ ဘယ်လ်ဂျီယံနိုင်ငံတွေမှာ နေထိုင်ဖူးသူပါ။ နောက်ဆုံးမှာ လန်ဒန်မြို့ ကို ရောက်ရှိလာခဲ့ပြီး ဗြိတိန်နိုင်ငံသား ခံယူလိုက်ပါတယ်။ မော်ဒယ်အနေနဲ့ အသက်မွေးကြောင်းလုပ်ရင်း ၂ဝဝ၃ခုနှစ်မှာ Boom (2003) ရုပ်ရှင်မှာ ပါဝင်ခဲ့ပါတယ်။ အိန္ဒိယနိုင်ငံမှာ ရုပ်ရှင်ရိုက်နေရင်း တခြားထုတ်လုပ်ရေးတွေက ကမ်းလှမ်းတာကြောင့် သူမဟာ Bollywood မင်းသမီးဖြစ်လာတယ်လို့ ဆိုရမှာပါ။

(၂) Alia Bhatt

Raazi (2018) ရုပ်ရှင်မှာ လက်စွမ်းပြထားတဲ့ Alia Bhatt ဟာ အိန္ဒိယနိုင်ငံသား မဟုတ်ပါဘူး။ မိခင် Soni Razdan ဟာ အိန္ဒိယနွယ်ဖွား ဗြိတိန်နိုင်ငံသားဖြစ်တာကြောင့် သူမကိုယ်တိုင်လည်း ဗြိတိန်နိုင်ငံသား ခံယူလိုက်တာပါ။ လက်ရှိအချိန်မှာတော့ မင်းသားချော Ranbir Kapoor နဲ့ ချစ်သူဖြစ်နေပါတယ်။

(၁) Akshay Kumar

Bollywood လောကမှာ Amitabh Bachchan နဲ့ Khans of Bollywood တွေဖြစ်ကြတဲ့ Shah Rukh Khan ၊ Aamir Khan နဲ့ Salman Khan တို့ပြီးရင် အအောင်မြင်ဆုံးမင်းသားက Akshay Kumar လို့ပဲ ဆိုရမှာပါ။ ရုပ်ရှင်လောကမှာ ဆရာတစ်ဆူဖြစ်ပေမယ့် အိန္ဒိယနိုင်ငံရွေးကောက်ပွဲမှာ မဲပေးခွင့်မရှိပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူဟာ ကနေဒါနိုင်ငံသား ခံယူထားလို့ပါ။

အခုဖော်ပြခဲ့တဲ့သူတွေက အိန္ဒိယနိုင်ငံသား မဟုတ်တဲ့ နာမည်ကျော် Bollywood သရုပ်ဆောင် (၅) ဦးပဲဖြစ်ပါတယ်။ နိုင်ငံခြားသား ခံယူထားတဲ့ တခြားသရုပ်ဆောင်တွေက Nargis Fakhri ၊ Imran Khan ၊  Sapna Pabbi နဲ့ Evelyn Sharma တို့ပဲဖြစ်ပါတယ်။

Reference and Photo Credit – Book My Show

ကျော်စိုးအောင် (အခရာ)

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle