သွားဆရာဝန်တွေပြောတဲ့ ပါးစပ်အနံ့ဆိုးကို ဖယ်ရှားနိုင်မယ့် အလွယ်ဆုံးနည်းလမ်းကောင်းများ

သွားဆရာဝန်တွေပြောတဲ့ ပါးစပ်အနံ့ဆိုးကို ဖယ်ရှားနိုင်မယ့် အလွယ်ဆုံးနည်းလမ်းကောင်းများ

တစ်ယောက်နဲ့တစ်ယောက် ဆက်သွယ်ပြောဆိုတဲ့အခါမျိုးမှာ အောင်မြင်မှုရရှိဖို့ First Impression ကောင်းဖို့နဲ့ PR ကောင်းဖို့လိုတယ်ဆိုပြီး လူတွေပြောကြတာကို ကြားဖူးကြမှာပါ။ စာရေးသူရဲ့အတွေးအမြင်အရဆိုရင် ဒီအချက်တွေကလည်း လိုအပ်တာမှန်ပေမယ့် တစ်ယောက်နဲ့ တစ်ယောက်ချိတ်ဆက်ပြောဆိုတဲ့အခါမှာ ပါးစပ်အနံ့အသက် မကောင်းတာမျိုး ဖြစ်မနေဖို့ကိုလည်း အထူးသတိပြု ဂရုစိုက်သင့်တဲ့ အချက်တစ်ခုဖြစ်တယ်လို့ မြင်မိပါတယ်။ဘာကြောင့် ဂရုပြုသင့်တယ်လို့ ပြောရတာလဲဆိုတော့ ပါးစပ်အနံ့အသက်တွေမကောင်းရင် နားထောင်ရတဲ့ တစ်ဖက်လူကလည်း ကသိကအောင့်ဖြစ်နိုင်သလို ကိုယ့်ကိုယ်လည်း တစ်ကိုယ်ရည်သန့်ရှင်းရေး ဂရုမစိုက်တဲ့သူအဖြစ် မြင်သွားနိုင်တဲ့ အတွက်ကြောင့်ပါ။

ပါးစပ်အနံ့အသက်မကောင်းတာမျိုးကလည်း တစ်ခါတစ်ရံ ဂရုပြုနေရက်နဲ့တောင် အမှုမဲ့ အမှတ်မဲ့ မကောင်းတာမျိုး ဖြစ်သွားတတ်လို့ လူကြားထဲမှာ ခဏခဏအရှက်ကွဲနေရရင် သွားဆရာဝန်တစ်ဦး ဝေမျှပေးထားတဲ့ ပါးစပ်အနံ့မကောင်းတာကို လျော့ပါးသက်သာသွားအောင် လုပ်လို့ရတဲ့ ကုသနည်းလမ်းကောင်းလေးတွေကို ဝေမျှပေးချင်ပါတယ်။

သွားဆရာဝန် Dr.Ada Cooper ပြောတာကတော့ ခံတွင်းအနံ့အသက်မကောင်းတာ လျော့ပါးသက်သာသွားစေဖို့အတွက်ဆို ပလုတ်ကျင်းဆေးနဲ့ တစ်နေ့ လေးခါလောက် ကျင်းပေးတာက နည်းလမ်းကောင်းမဟုတ်ပါဘူး။

ဘာကြောင့်လဲဆိုတော့ သွားမတိုက်တာနဲ့ သွားကြားကို သန့်ရှင်းရေးမလုပ်တဲ့အခါ စားသမျှ အစားအစာတွေဟာ သွားကြားထဲမှာ ညပ်နေရင် အဲ့ဒီညပ်နေတဲ့ အစားအစာတွေဟာ တဖြည်းဖြည်းနဲ့ အချိန်ကြာလာတဲ့အခါ ဘက်တီးရီးယားတွေအဖြစ် ကူးပြောင်းသွားပြီး ပါးစပ်အနံ့အသက်မကောင်းတာတွေ ဖြစ်လာပါတယ်။ ဒါကြောင့်မို့ပါးစပ်အန့ံ့အသက်မဆိုးစေဖို့အတွက် သွားတိုက်ရင် မနက်ဘက်တိုက်တဲ့အပြင် ညဘက်မှာပါ တိုက်ဖြစ်အောင် တိုက်ပေးပါ။

ညဘက် ပါးစပ်ထဲမှာ စားကြွင်းစားကျန်တွေကျန်ရှိနေရင် မနက်ကျရင် ကိုယ်ထင်ထားတာထက်တောင် ပါးစပ်အနံ့အသက်တွေ ဆိုးနေတတ်တယ်ဆိုတဲ့အချက်ကို လူတော်တော်များများဟာ သိပ်သတိမပြုမိကြပါဘူး။ ဒါ့ကြောင့်မို့ မနက်ကျရင် သွားချည်းပဲတိုက်တာမျိုး မလုပ်ဘဲ လျှာခြစ်တာမျိုးကိုပါ တွဲလုပ်ပေးသင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဘက်တီးရီးယားတွေဟာ လျှာရဲ့နောက်ကျောဘက်မှာ အများကြီးပေါက်ဖွားနေရင် ပါးစပ်မှာ ပြင်းထန်တဲ့ အနံ့ဆိုးတွေ ဖြစ်ပေါ်လာတတ်လာလို့ပါ။

လျှာခြစ်ပေးတဲ့အပြင် ပါးစပ်အနံ့အသက်ဆိုး လျော့ကျစေဖို့အတွက်ဆိုရင် ရေများများသောက်ပေးဖို့လည်း လိုအပ်ပါတယ်။ ဘာကြောင့် ရေများများသောက်ခိုင်းရလဲဆိုတော့ အာခေါင်ခြောက်သွေ့နေရင် တံတွေးတွေက သိပ်မထွက်နိုင်တော့ပါဘူး။ တံတွေးတွေ သိပ်မထွက်တော့တဲ့အခါ အစားအစာတွေနဲ့ ဘက်တီးရီးယားတွေဟာ ပါးစပ်ထဲမှာ အချိန်အကြာကြီး ကပ်တွယ်နေပါတော့တယ်။ ဒါကြောင့်မို့ ရေတအားဆာမှ သောက်ပေးတာမျိုးထက် ပါးစပ်နည်းနည်းခြောက်သွေ့လာတာနဲ့ သောက်ပေးတဲ့ အလေ့အကျင့်လုပ်ပေးရင် ပါးစပ်အနံ့အသက်ဆိုးဖြစ်ချင်းကို လျော့ကျအောင် လုပ်နိုင်ပါတယ်။

အာခေါင်ခြောက်သွေ့စေတဲ့ တခြားအကြောင်းအရင်းတွေကတော့ ကော်ဖီတွေအရမ်းသောက်ခြင်း၊ ဆေးလိပ်သောက်ခြင်း၊ အရက်တွေသောက်ခြင်းနဲ့ တချို့ဆေးဝါးတွေသောက်သုံးခြင်းတွေကြောင့်လည်း ခြောက်သွေ့စေနိုင်ပါတယ်။ ဒါ့အပြင် ပါးစပ်အနံ့ပျောက်စေဖို့အတွက် ပလုတ်ကျင်းရည်နဲ့ မကြာခဏပလုတ်ကျင်းနေရရင် ပါးစပ်အနံ့အသက်ဆိုး ရှိနေတာတင်မကဘဲ တခြားကျန်းမာရေးပြဿနာတွေလည်း ရှိနေတတ်တာကြောင့်လည်း ဖြစ်နေတတ်ပါတယ်။ ဒါကြောင့်မို့ အဲဒီလိုဖြစ်နေပြီဆိုရင်တော့ သွားတိုက်ပေးခြင်း၊ သွားကြားကိုသန့်ရှင်းပေးခြင်းနဲ့ ဘာစားသောက်မိလဲဆိုတာကို သတိထားကြည့်နေရုံနဲ့တင် မရတော့ဘဲ သွားဆရာဝန်နဲ့ အသေအချာပြသပြီး ကုသမှုခံယူသင့်ပါတယ်လို့ တိုက်တွန်းချင်ပါတယ်။

ခံတွင်းအနံ့မကောင်းခြင်းဟာ ပေါင်းသင်းဆက်ဆံရေး တည်ဆောက်တဲ့နေရာမှာ အများကြီးထိခိုက်စေနိုင်သလို လူပုံအလယ်မှာလည်း မဝင်ဆန့်ဘဲ ကျန်းမာရေးဆိုးကျိုးတွေလည်း ဖြစ်စေနိုင်လို့ ဒီနည်းလမ်းလေးတွေအတိုင်း ခံတွင်းအနံ့ကောင်းအောင် ပြုပြင်ပြီး နေထိုင်ကြည့်ကြပါလို့ တိုက်တွန်းလိုက်ရပါတယ်။

H.H(Akhayar)

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ