Leonardo နဲ့ Brad Pitt တို့ကို အတူတွဲတွေ့မြင်ရမယ့် ‘Once Upon a Time in Hollywood’

Leonardo နဲ့ Brad Pitt တို့ကို အတူတွဲတွေ့မြင်ရမယ့် ‘Once Upon a Time in Hollywood’

နာမည်ကျော်ဒါရိုက်တာ Quentin Tarantino ရဲ့ နဝမမြောက်ဇာတ်ကားကတော့ အနှစ်ကြီးပါပဲ။ Quentin Tarantino ရဲ့ လက်ရာ၊ ထူးထူးခြားခြားမီဂါစတား ကြယ်ပွင့် Brad Pitt နဲ့ Leonardo DiCaprio တို့ အတွဲနဲ့ ရိုက်ကူးထားပြီး Black Comedy Crime Film အမျိုးအစားဖြစ်တဲ့ ‘Once Upon a Time in Hollywood’ ဇာတ်ကားထွက်ရှိလာပါတော့မယ်။

‘The Hateful Eight (၂၀၁၅)’ ၊ ‘Kill Bill (2003)’ နဲ့ ‘Pulp Fiction (1994)’ လို နာမည်ကျော်ဇာတ်ကားတွေရဲ့ ပဲ့ကိုင်ရှင် Quentin Tarantino ကတော့ ‘Once Upon a Time in Hollywood’ မှာ ဇာတ်ကောင်မင်းသား Rick Dalton နဲ့ စတန့်သမား Cliff Booth တို့ ရုပ်ရှင်နယ်ပယ်ထဲမှာ တွေ့ကြုံရပုံတွေကို ဇာတ်လမ်းဖွဲ့လက်စွမ်းပြရိုက်ကူးထားတာ ဖြစ်ပါတယ်။

ရုပ်ရှင်ရဲ့ Trailer မှာ ၁၉၆၀ ခုနှစ်တဝိုက်နောက်ခံဇာတ်ကွက်တွေကို ထည့်သွင်းထားပြီး တခြားတွဲဖက်သရုပ်ဆောင်တွေဖြစ်တဲ့ Margot Robbie ၊ Al Pacino ၊ Tim Roth ၊ Kurt Russell နဲ့ Timothy Olyphant တို့လည်း ပါဝင်သရုပ်ဆောင်ထားတာ တွေ့ရပါတယ်။

ဒီဇာတ်ကားဟာ Tarantino ရဲ့ ဇာတ်ကားတွေမှာ Harvey Weinstein တစ်ယောက်ထုတ်လုပ်သူအနေနဲ့ မပါဝင်တဲ့ ဇာတ်ကား ဖြစ်ပြီး အရင်ကတော့ Weinstein နဲ့ Tarantino တို့ဟာ ကာလရှည်ကြာလက်တွဲအလုပ်လုပ်ဖော်အလုပ်လုပ်ဖက်ဖြစ်ပါတယ်။ ဒါပေမယ့် Weinstein ဟာ အမျိုးသမီးတွေကို လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုနဲ့ မုဒိမ်းကျင့်တယ်ဆိုတဲ့ အမှုတွေရင်ဆိုင်ရပြီးနောက်ပိုင်းမှာတော့ လက်တွဲအလုပ်မလုပ်ဖြစ်တော့တာ ဖြစ်ပါတယ်။

‘Once Upon a Time in Hollywood’ ဇာတ်ကားကိုတော့ ၂၀၁၉ ခုနှစ် ဇူလိုင်လ ၂၆ ရက်နေ့မှာ ရုံတင်မယ်လို့ သိရပြီး မင်းသားနှစ်ယောက်အပြိုင်ကြဲထားတာကို ကြည့်ရဖို့ နောက်ထပ် ၄ လလောက်ပဲ စောင့်ရတော့မှာ ဖြစ်ပါတယ်။ ဒီဇာတ်ကားမတိုင်ခင် Brad Pitt နဲ့ Leonardo DiCaprio တို့အတွဲကို နောက်ဆုံးတွေ့ခဲ့ရတဲ့ ဇာတ်ကားကတော့ The Audition (2015) ဇာတ်ကား ဖြစ်ပြီး ဒါရိုက်တာ Martin Scorsese ရိုက်ကူးထားတာ ဖြစ်ပါတယ်။

ကဲ! ဒီဘီးကြဲနှစ်ပွေ ဘယ်လိုတွေ ဝုန်းထားမလဲဆိုတာ ရင်ခုန်ပြီး စောင့်ကြည့်လိုက်ရအောင်ဗျာ။

Yoe Lu (Akhayar)

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle