ကျန်းမာရေးအတွက် အသက် (၃၀) မကျော်ခင် အရေးအကြီးဆုံး အချက် (၃) ချက်

ကျန်းမာရေးအတွက် အသက် (၃၀) မကျော်ခင် အရေးအကြီးဆုံး အချက် (၃) ချက်

လူတွေဟာ အသက် (၃၀) ကျော်လာတာနဲ့အမျှ ဆုတ်ယုတ်မှုတွေကို စတင်ခံစားလာကြရပါတယ်။ အသားအရည်၊ ကျန်းမာရေးနဲ့ အထူးသဖြင့် စိတ်ဓာတ်တွေပေါ့။ ဟိုးငယ်ငယ် (၁၈)နှစ်၊ (၁၉)နှစ်လောက်လိုတော့ ဖျတ်လက်တက်ကြွပြီး လန်းဆန်းမနေတော့ဘူးပေါ့။ ဒီတော့ အသက် (၃၀) မကျော်ခင်မှာ ကျန်းမာရေးအတွက် လုပ်သင့်လုပ်ထိုက်တဲ့အရာတချို့ ရှိနေပါတယ်။ ဒီတော့ အသက် (၃၀) မကျော်ခင် ဘာတွေများ ကြိုတင်ပြင်ဆင်ထားသင့်တာလဲ။ ဒီနေ့ကတော့ အရေးအကြီးဆုံး အချက် (၃) ချက်ကိုပဲ ပြောပြသွားပါ့မယ်နော်။

(၁) အသက်နဲ့ ကျန်းမာရေးအာမခံထားပါ
အသက် (၂၀) အတွင်းမှာပဲ ကြိုးစားပြီး အသက်နဲ့ ကျန်းမာရေးအာမခံထားဖြစ်အောင် လုပ်ပါ။ တချို့လုပ်ငန်းတွေဟာ SSB လို့ ခေါ်တဲ့ လူမှုဖူလုံရေးကနေတစ်ဆင့် ကျန်းမာရေးအာမခံထားပေးတာမျိုးတွေ ရှိပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ရုတ်တရက် မမျှော်လင့်ထားတဲ့ ကျန်းမာရေးနဲ့ ရှောင်တခင်ပြဿနာတွေပေါ်ပေါက်လာတဲ့အခါ ကိုယ့်ဘက်က တစ်ခါတည်း ငွေကုန်ကြေးကျမများဘဲ စိတ်ချမ်းချမ်းသာသာ ကျန်းမာရေးကုသမှုခံယူနိုင်အောင် ကြိုတင်ပြင်ဆင်ထားသင့်ပါတယ်။

(၂) အဝမလွန်အောင် ဂရုစိုက်ပါ
မိန်းကလေးအများစုအောင် အိမ်ထောင်ကျပြီးရင် ဝလာတတ်ပါတယ်။ တချို့တွေက အိမ်ထောင်မကျပေမယ့်လည်း အသက်ရလာတာနဲ့အမျှ ဝိတ်တတ်လာကြပါတယ်။ ဒါပေမယ့် ထိန်းသိမ်းပါ။ BMI ဆိုတာ အသက်ရယ်၊ အရပ်ရယ်ပေါ်မူတည်ပြီး ရှိသင့်တဲ့ ကိုယ်ခန္ဓာအလေးချိန်ကို ပြသပေးတဲ့ပါတယ်။ ဒါကြောင့် BMI ကို အမြဲတမ်း ဂရုစိုက်ကြည့်ပြီး လိုအပ်တဲ့ကိုယ်ခန္ဓာအလေးချိန်ထက် ဝမလာအောင် ဂရုစိုက်ပြီး Diet လုပ်ပေးပါ။

(၃) ချက်ပြုတ်တတ်အောင် သင်ကြားပါ
အခုနောက်ပိုင်းခေတ်က အဆိပ်ခေတ်လို့တောင် ပြောလို့ရပါတယ်။ ကျွန်မတို့ စားလိုက်တိုင်း၊ ရှုလိုက်တိုင်း၊ ထိတွေ့လိုက်တိုင်း အဆိပ်တွေက များပါတယ်။ ပြင်ပအစားအစာတွေဟာ သန့်စင်မှု လုံလုံလောက်လောက်မရှိတော့ဘဲ ကျန်းမာရေးကို ခြိမ်းခြောက်နေတဲ့အစားအသောက်တွေများပါတယ်။ ဒီတော့ ကိုယ့်ဘာသာကိုယ် ချက်ပြုတ်တတ်အောင် သင်ကြားထားပါ။ သန့်ရှင်းပြီး ကျန်းမာရေးနဲ့ညီညွတ်တဲ့အစားအစာတွေကို ကိုယ့်ဘာသာကိုယ် ချက်ပြုတ်စားသောက်နိုင်အောင် ကြိုးစားပါ။ အပြင်စာတွေကို မမှီခိုပါနဲ့။

ဒီ (၃) ချက်ကတော့ အသက် (၃၀) မကျော်ခင်မှာ မဖြစ်ဖြစ်အောင် ကြိုးစားလုပ်ဆောင်သင့်တဲ့အရာတွေပဲဖြစ်ပါတယ်။ အဲဒါမှ အသက် (၃၀) ကျော်တာတောင် ကျန်းမာလန်းဆန်းပြီး နုပျိုတဲ့ဘဝကို ပိုင်ဆိုင်နိုင်မှာပါ။ ကျန်းမာရေးနဲ့ပတ်သက်လို့ကတော့ စိုးရိမ်ကြောက်ရွံ့စရာတစ်စက်မှ မရှိရလေအောင် အခုပြောပြသွားခဲ့တဲ့ အရေးကြီး အချက် (၃) ချက်ကို လိုက်နာကြဖို့ တိုက်တွန်းလိုက်ပါတယ်။

Moethaesay (Akhayar)

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ