Song Joong-Ki ပါတဲ့ Netflix ဒရာမာဇာတ်လမ်းတွဲက ဘယ်လိုမျိုးဖြစ်မယ်ထင်လဲ

Song Joong-Ki ပါတဲ့ Netflix ဒရာမာဇာတ်လမ်းတွဲက ဘယ်လိုမျိုးဖြစ်မယ်ထင်လဲ

Song Joong-Ki ဆိုရင် Descendants of The Sun (DOTS) မှာတည်းက တစ်ဖြုတ်ဖြုတ်ကြွေခဲ့ရတာ ၊ အရမ်းချစ်ဖို့ကောင်းလွန်းလို့ Song Hye-kyo နဲ့ ဇာတ်လမ်းတွဲပြီးသွားပြီး မင်္ဂလာဆောင်လိုက်တာတောင် နှစ်ယောက်လုံးကိုကြွေလို့ မပြီးနိုင်သေးတာပါ။ ဒါကြောင့် အသက် ၃၃ နှစ်ရှိနေပြီဖြစ်တဲ့ Song Joong Ki ရဲ့ ချစ်ဖို့ကောင်းလွန်းတဲ့မျက်နှာလေးကို တီဗီဖန်သားပြင်မှာ ပြန်မြင်တွေ့ချင်ကြမှာပါပဲ။

ဖြစ်ချင်တော့ ကိုယ်တွေအရမ်းကံကောင်းတယ်ပဲပြောရမလား မသိဘူး။ Netflix ကနေ အသစ်ရိုက်မယ့် ဇာတ်လမ်းတွဲလေးမှာ ကိုးရီးယားက နာမည်ကြီးသရုပ်ဆောင်တွေ အများကြီးပါပြီးတော့ Song Joong-Ki လည်းပါတယ်တဲ့။ Netflix ကနေ ဇွန်လ (၁) ရက်နေ့မှာထွက်လာမယ့် ကိုးရီးယား ဒရာမာဇာတ်လမ်းတွဲအသစ်လေးရဲ့နာမည်က Arthdal Chronicles လို့ခေါ်ပါတယ်နော်။

Arthdal Chronicles က ကိုးရီးယားစိတ်ကူးယဉ်ဒရာမာဇာတ်လမ်းတွဲဖြစ်ပြီးတော့ ဟိုးအရင်ခေတ်တုန်းက လူသားယဉ်ကျေးမှု မွေးဖွားလာတာကို သရုပ်ဖော်ထားတာရိုက်ကူးထားတဲ့ ဇာတ်လမ်းဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲထဲမှာ ဒဏ္ဍာရီလာသတ္တဝါတွေ ၊ နယ်မြေအသစ်တွေနဲ့ စူးစမ်းရှာဖွေလို့ကောင်းတဲ့ သာမန်ထက်ထူးခြားတဲ့ဇာတ်ကောင်တွေ ပါဝင်မှာပါ။

ဇာတ်လမ်းတွဲရဲ့သရုပ်ဆောင်တွေထဲမှာ Song Joong-Ki ရယ် Taegukgi (2004) ဇာတ်ကားထဲက Jang Dong-Gun ရယ် ၊ DOTS က Kim Ji-Won နဲ့ Thirst (2009) ဇာတ်ကားထဲက Kim Ok-Bin တို့ပါဝင်ပါတယ်။ Song က ကိုယ့်လူမျိုးစုကိုကိုယ် မရပ်မနားကာကွယ်စောင့်ရှောက်တဲ့ Eunseom ဆိုတဲ့ ဇာတ်ကောင်နေရာကနေ ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။ ဇာတ်လမ်းသွားကို ကြည့်ရတာ Gu Family Book ကိုတောင် သတိရသွားတယ်။ ခေတ်သစ်ကိုးရီးယားကားတွေထက်စာရင် အရင်ခေတ်ယဉ်ကျေးမှုနဲ့ ကိုးရီးယားဇာတ်လမ်းတွဲတွေ ၊ ပြောရရင် နန်းတွင်းကားတွေဆို ပိုပြီးစိတ်ဝင်စားဖို့ကောင်းတယ်ထင်တယ်။ Arthdal Chronicles ရဲ့Teaser လေးကိုလည်းအောက်မှာထည့်ထားပေးပါတယ်။

ကြည့်ကြည့်ပြီးတော့ ဘယ်လိုခံစားရလဲ ပြောခဲ့ကြည့်လေ။ စာရေးသူလို Teaser ကြည့်ပြီးတာနဲ့ ဇာတ်လမ်းတွဲကိုကြည့်ချင်သွားကြလား ။ သိချင်မိတယ်။

Ref: www.eonline.com

Piki (Akhayar)

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle