လှဖို့ပဖို့ ပြင်ဆင်တဲ့အခါ လှတစ်မျက်နှာပဲ အရေးကြီးတာလား

လှဖို့ပဖို့ ပြင်ဆင်တဲ့အခါ လှတစ်မျက်နှာပဲ အရေးကြီးတာလား

ကောင်မလေးတို့ရေ အလှအပအကြောင်းတွေ ပြောပြနေရင်း ပြောဖို့မေ့နေတာလေးတစ်ခု သတိရလို့ လာထပ်ပြောတာပါနော်။ အလှအပပတ်သက်ပြီဆိုရင် မိန်းကလေးတွေဟာ “လှတစ်မျက်နှာ” ဆိုတဲ့စကားအတိုင်း မျက်နှာလေးလှနေဖို့ပဲ ဂရုစိုက်တတ်ကြပါတယ်။ နာမည်ကြီး ကောင်းပေ့ဆိုတဲ့ မျက်နှာသုံး Skincare နဲ့ Cosmetic တွေ ရှာဖွေသုံးတတ်ပေမယ့်လည်း တခြားနေရာတွေကျတော့ မေ့နေတတ်ပါတယ်။ ဒီတော့ “ပြစ်မျိုး မှဲ့မထင်” ဆိုတဲ့စကားအတိုင်း မလှဘူးဆိုတာ လုံးဝမရှိဖြစ်နေရအောင် တခြားဘယ်လို ကိုယ်ခန္ဒာအစိတ်အပိုင်းတွေကိုပါ ဂရုစိုက်ရမလဲဆိုတာ ပြောပြပေးသွားမှာပါ။

လည်ပင်း
မျက်နှာနဲ့ အနီးဆုံးဆိုပေမယ့် မိန်းကလေးတွေ မေ့နေကြတာက လည်ပင်းပါ။ မိတ်ကပ်တွေ အပြည့်လိမ်းတဲ့အချိန်တွေဆို လည်ပင်းနဲ့ မျက်နှာအရောင် တအားကြီးကွာနေရင် အရမ်းရုပ်ဆိုးပါတယ်နော်။ ဒါကြောင့် မိတ်ကပ်လိမ်းတဲ့အခါ လည်ပင်းကိုပါ မမေ့ထားခဲ့ဘဲ လိမ်းဖို့ လိုအပ်သလို Skincare လုပ်ရင်လည်း လည်ပင်းကိုပါ ဂရုစိုက်ပေးပါ။ သီးသန့်ကြီးမလိုအပ်ပါဘူး။ မျက်နှာမှာ လိမ်းပြီး လက်မှာပိုနေသမျှ လည်ပင်းကို ပွတ်ပေးလိုက်တဲ့အကျင့်လေး အမြဲထားရင်တောင် လုံလောက်ပါပြီ။

လက်ဖဝါးနဲ့ ခြေဖဝါး
နောက်တစ်နေရာက လက်ဖဝါးနဲ့ ခြေဖဝါးပါ။ လူတစ်ယောက်နဲ့ အရင်ဆုံးမိတ်ဆက်ပြီးဆို လက်ဆွဲနှုတ်ဆက်ရတာ အရင်မို့ ကိုယ့်ရဲ့ လက်ဖဝါးလေးဟာ နူးညံ့ပြီး သန့်သန့်ရှင်းရှင်းရှိဖို့ လိုအပ်ပါတယ်။ နောက်ပြီး အနံ့အသက်ကင်းဖို့ပါ။ ဒါကြောင့် လက်ဖဝါးကို Hand Cream အမြဲတမ်း လိမ်းထားပေးပါ။ လက်သည်းတွေကို လှပသပ်ရပ်အောင် ထားပါနော်။ ခြေဖဝါးလည်း ဒီအတိုင်းပါပဲ။ တချို့လူတွေဆိုရင် ခြေဖဝါးလှတဲ့သူကိုမှ သဘောကျတာမျိုးတွေတောင် ရှိပါတယ်။ ဒီတော့ Lotion လိမ်းရင်လည်း ခြေဖဝါးကို မချန်ခဲ့ပါနဲ့။ ခြေထောက်ပုံမှန်ဆေးပြီး ဂျေးညော်ကင်းအောင် ဂရုစိုက်ပေးပါ။

ဝမ်းဗိုက်နဲ့ ကျော
အခုနောက်ပိုင်း Off Shoulder လို အင်္ကျီမျိုးတွေ၊ နောက်ကျောအလွတ် Dress လေးတွေ၊ နောက်ပြီး Crop Top လေးတွေ ခေတ်စားလာလို့ မိန်းကလေးတွေအတွက် ဝမ်းဗိုက်နဲ့ ကျောဟာလည်း Skincare လုပ်စရာနေရာတွေအဖြစ် ပါဝင်လာပါတယ်။ ကျောဆိုရင်လည်း မဖြူရင်တောင် ပုံမှန်အသားအရေအတိုင်း လှပပြီး အဆီဖုတွေရှိမနေအောင် ဂရုစိုက်သင့်ပါတယ်။ ဝမ်းဗိုက်ဆိုရင်လည်း ဒီလိုပဲ။ ချက်သန့်ရှင်းအောင်၊ အမာရွတ်ကင်းစင်ပြီး လှပတဲ့အသားအရေရအောင် ထိန်းသိမ်းပါ။

ချိုင်း
ချိုင်းကို တချို့ မိန်းကလေးတွေ မေ့နေတတ်ကြပါတယ်။ တော်တော်များများကတော့ ဂရုစိုက်လာပြီဆိုပေမယ့် မေ့နေတဲ့သူတွေရှိလို့ ထပ်ပြီး သတိပေးပါရစေ။ ချိုင်းလှတာ၊ မလှတာအတွက် အနံ့အသက်ကင်းဖို့ အရင်ဆုံးကြိုးစားသင့်ပါတယ်နော်။ ချိုင်းနံ့ကြီးနံနေရင် ကိုယ့်ကိုယ်ကိုယ်လည်း ယုံကြည်မှုရှိမှာမဟုတ်သလို ဘေးပတ်ဝန်းကျင်အတွက်လည်း အော်ကလီဆန်စရာကောင်းပါတယ်။ နောက်ပြီးရင်တော့ ချိုင်းဖြူဖို့၊ အမွှေးအမျှင်တွေ ပုံမှန်ဖယ်ရှားထားဖို့ လိုအပ်တဲ့ Skincare တွေကို လုပ်သွားပါနော်။

ခြေသလုံး
နောက်တစ်ခု သတိပေးချင်ပါတယ်။ ခြေသလုံးနဲ့ဆိုင်တဲ့ကိစ္စပါ။ ခြေထောက်ကိုတော့ မိန်းကလေးတိုင်း Lotion လိမ်းလေ့ရှိကြမှာပါ။ ဒါပေမယ့် ခြေသလုံးက အမွှေးအမျှင်တွေကို ဖယ်ရှားဖို့တော့ မေ့နေတတ်ကြပါတယ်။ အတိုလေးတွေ အမြဲတမ်းဝတ်တတ်တဲ့ မိန်းကလေးတွေအနေနဲ့ ပိုအရေးကြီးပါတယ်။ အဲဒါက Waxing နဲ့ပဲဖြစ်ဖြစ်၊ Shaving နဲ့ပဲဖြစ်ဖြစ် ခြေသလုံးမွှေးတွေကို ရိတ်ပါ။ ခြေသလုံးမွှေးလေးတွေ ကင်းမဲ့နေတဲ့ ခြေသလုံးလေးဟာ ပိုလှပါတယ်။

အလှပြင်တဲ့အခါ မျက်နှာတစ်ခုပဲ မပြင်ပါနဲ့နော်။ တစ်ကိုယ်လုံးဟာ မိန်းကလေးတိုင်းရဲ့ အလှတရားပါပဲ။ မလှလို့ အပြစ်ပြောစရာ၊ Body Shaming လုပ်စရာမလိုအပ်ပေမယ့်လည်း လှနေရင်တော့ အကောင်းဆုံးပဲပေါ့။ မဟုတ်ဘူးလား။

(Photo Credit)

Moethaesay (Akhayar)

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle