အချိန်ဆွဲခြင်းက သယ်ဆောင်လာတဲ့ ကပ်ဘေးများ

အချိန်ဆွဲခြင်းက သယ်ဆောင်လာတဲ့ ကပ်ဘေးများ

စာရေးသူကတော့ခေါင်းစဉ်ကိုအရမ်းတင်စားထားတယ်ထင်ရပေမယ့် ဒီလိုတင်စားသင့်လို့ပါနော်။ လူတွေက အချိန်ဆွဲတာကို ဘိန်းလိုပဲ အရမ်းတွယ်တာစွဲလမ်းကြတယ်။ အချိန်ဆွဲတယ်ဆိုတဲ့အသုံးအနှုန်းက သူတို့ဘဝမှာရှိမနေရင် အောက်ဆီဂျင်မရှိတဲ့အလား ပြုမူတတ်ကြတယ်။ ဘာလို့ အချိန်ဆွဲတာကို မြတ်နိုးလည်းဆိုတာကိုတွေးကြည့်ပေမယ့် ဟုတ်တိပတ်တိအဖြေတော့ထွက်မလာဘူး။ ဒါပေမယ့်အဲဒီအကြောင်းကိုတွေးရင်းနဲ့ တခြားတွေးမိတာတစ်ခုတော့ရှိတယ်။ အဲ့ဒါက အချိန်ဆွဲတာမှာ ဘေးထွက်ဆိုးကျိုး ဘယ်လောက်များတယ်ဆိုတာပါပဲ။

အချိန်ဆွဲတာက အဖိုးတန်တဲ့ ကိုယ့်ရဲ့အချိန်တွေကို ဆုံးရှုံးစေတယ်
အချိန်ဆွဲနေရင် ကိုယ်သတိမထားမိတဲ့ ကိုယ့်ရဲ့အဖိုးတန်တဲ့အချိန်တွေကို ဆုံးရှုံးတတ်ပါတယ်။ အဖိုးတန်တယ်ဆိုတာကိုတော့ အချိန်ဆွဲနေတဲ့ အချိန်ကာလအတွင်းမှာတော့ သိမှာမဟုတ်ဘူးပေါ့။ နောက်ပိုင်း ဒီဆုံးရှုံးသွားတဲ့အချိန်တွေအတွက် နောင်တတွေတသီကြီးရရတဲ့အချိန်ကျမှ အချိန်ဆွဲလို့ အဖိုးတန်အချိန်တွေဆုံးရှုံးရတာကို သိမှာဖြစ်ပါတယ်။

အချိန်ဆွဲတာက အခွင့်အရေးတွေကို လက်လွတ်စေတယ်
အချိန်ဆွဲနေလို့ရှိရင် အခွင့်အရေးတွေကို လက်လွတ်သွားတတ်တယ်။ ပရိသတ်ကြီးတို့လည်းကြားဖူးကြမှာပါ။ အခွင့်အရေးဆိုတာ နှစ်ခါမလာတတ်ဘူးတဲ့။ အခွင့်အရေးတစ်ခုကိုရဖို့က အင်မတန်ခက်ခဲပါတယ်။ အမှန်အတိုင်းပြောရရင် အခွင့်အရေးဆိုတာ သူ့ဟာသူတောင် ရောက်လာတတ်တာမဟုတ်ဘူး။ အချိန်ကိုက်ပြီး ဖန်တီးယူမှဖြစ်တာမျိုးပါ။ ဒီတော့အချိန်တွေကို ဟိုဆန့်ဒီဆန့်လုပ်နေရင် အခွင့်အရေးတွေကို ဘယ်လိုဆုပ်ကိုင်နိုင်တော့မလဲနော်။

အချိန်ဆွဲတာကြောင့် ရည်မှန်းချက်ပန်းတိုင်ကို မရောက်နိုင်တော့ဘူး
အချိန်ဆွဲခြင်းက ရည်မှန်းချက်ပန်းတိုင်ကို မရောက်နိုင်အောင် တားဆီးထားတယ်။ ဘာလို့လဲဆိုတော့ ရည်မှန်းချက်ပန်းတိုင်တစ်ခုကို ရောက်ဖို့ဆိုရင် အချိန်သတ်မှတ်ချက်တွေထားရတယ်။ ကြားမှာ ပန်းတိုင်ငယ်လေးတွေ ချထားရတယ်။ ပြောရရင် ငါတော့ ဘယ်အချိန်မှာ ဘာကိုပြီးအောင်လုပ်မယ် စသဖြင့် သတ်မှတ်ထားရတယ်လေ။ ဒီတော့ ဒီသတ်မှတ်ချက်တွေက အချိန်အတိုင်းအတာတွေနဲ့ ကန့်သတ်ထားတာတွေမို့ ဒါတွေကို နောက်မှလုပ်ပါတော့မယ် ၊ နည်းနည်းရွှေ့လိုက်ပါဦးမယ် ၊ တစ်ရက်နောက်ကျလို့ဘာမှမဖြစ်ပါဘူးဆိုပြီး လုပ်နေရင်တော့ ဘယ်တော့မှ ရည်မှန်းချက်ပန်းတိုင်ကို ရောက်တော့မှာ မဟုတ်ပါဘူး။

အချိန်ဆွဲတာက ကိုယ့်ရဲ့အလုပ်အကိုင်ကို ဖျက်ဆီးနိုင်တယ်
ဘယ်အလုပ်မဆိုပါ ၊ အလုပ်ဟူသမျှအချိန်နဲ့တပြေးညီလုပ်ရတာဖြစ်တယ်။ အလုပ်တိုင်းမှာ အပြီးသတ်လုပ်ပေးရမယ့် သတ်မှတ်ချိန်တွေရှိတယ်။ ဒီအချိန်အတွင်းမှာ ကိုယ်လုပ်ရမယ့်အလုပ်ကို ပြီးအောင်မလုပ်နိုင်တာက ကိုယ့်ရဲ့အလုပ်ရှင်ကို စိတ်အလိုမကျဖြစ်စေပြီး ကိုယ့်အပေါ်ထားတဲ့ သူ့စိတ်သဘောကိုလည်း ထိခိုက်စေနိုင်တယ်။ ဒါကအလုပ်ထုတ်ခံရတဲ့အဆင့်အထိဖြစ်နိုင်တာကြောင့် အချိန်ဆွဲတာကို ရပ်တန့်ဖို့သင့်ပါတယ်။ဘယ်အလုပ်ရှင်မှ အလုပ်ကိုအဖြစ်ရှိအောင်မလုပ်နိုင်တဲ့ အလုပ်သမားမျိုးကို သဘောမကျဘူးလေ။

အချိန်ဆွဲတာက ကိုယ့်ရဲ့ဂုဏ်သိက္ခာကို ထိခိုက်စေနိုင်ပါတယ်
ကိုယ်ကလုပ်ငန်းခွင်ဝင်နေတဲ့သူဆိုရင် ဒီအချက်ရဲ့သက်ရောက်မှုက ပိုပြီးတော့သိသာပါတယ်။ အထူးသဖြင့် Freelance လုပ်တဲ့သူတွေဆိုရင် ပိုပြီးတော့တောင် သိသာပါသေးတယ်။ ကိုယ်ကအလုပ်ကိုသတ်မှတ်ချိန်အတွင်းအပြီးလုပ်နိုင်ရင် ကိုယ့်ကိုအလုပ်အပ်တဲ့သူကသဘောကျပါတယ်။ နောက်ပိုင်းသူ့လုပ်ဖော်ကိုင်ဖက်တွေ အလုပ်လိုရင် ကိုယ့်ကိုညွှန်းပေးတတ်ကြတယ်။ ဒီလိုဆိုကိုယ့်ရဲ့ဂုဏ်သတင်းက ပိုပြီးသင်းပျံ့ပါလိမ့်မယ်။ အဲဒီလိုမဟုတ်ဘဲ အမြဲတိုင်းအချိန်နောက်ကျမှပြီးတဲ့သူဆိုရင်တော့ ဘယ်သူမှတွဲပြီးအလုပ်လုပ်ချင်မှာမဟုတ်ပါဘူး။

အချိန်ဆွဲတာက ကျန်းမာရေးကိုထိခိုက်စေပါတယ်
ဒီအချက်ကအချိန်ဆွဲတာနဲ့မဆိုင်လောက်ဘူးလို့ ထင်ရင်ထင်ပါလိမ့်မယ်။ ဒါပေမယ့်ဒီနှစ်ခုက တိုက်ရိုက်အချိုးကျပါတယ်။ အချိန်ဆွဲရင် အလုပ်မပြီးဘူး။ အလုပ်မပြီးတော့ အချိန်ပိုယူပြီး လုပ်ရမယ်။ နေ့ရောညရော မအိပ်မနေလုပ်ရမယ်။ အဲဒီလိုလုပ်တော့ အိပ်ရေးပျက်တယ်။ အိပ်ရေးပျက်တော့ ကျန်းမာရေးထိခိုက်တာပေါ့။ ဒီအချက်ကလူတိုင်းလိုလိုကြုံနေရတဲ့အချက်မို့ မပေါ့စေချင်ပါဘူး။ ကိုယ့်ကိုယ်ကိုယ်ချစ်ကြပါနော်။

ဒီတော့စာရေးသူတို့ရဲ့ဘဝကြီးကို ဒီလို ဒုက္ခကလွဲပြီး တခြားဘာသုခမှ မပေးနိုင်တဲ့ အချိန်ဆွဲခြင်းဆိုတဲ့ အနုပညာရပ်ကြီးကို ဆက်ပြီးမလေ့လာတော့တာကောင်းမယ်ထင်ပါတယ်နော်။ Quote တော့လုပ်လိုက်ပြီဆိုတော့ စာရေးသူကိုယ်တိုင်လည်း အချိန်ဆွဲခြင်းအနုပညာကနေ ကိုယ်လွတ်ရုန်းတော့မှာမို့ စာဖတ်ပရိသတ်ကြီးတို့လိုပဲ စာရေးသူရဲ့လမ်းစဉ်ကိုပဲလိုက်ဖို့ ပြောချင်ပါတယ်။

Piki (Akhayar)

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle