Gamer လေးတွေကို ရည်းစားတော်သင့်တဲ့ အကြောင်းပြချက်များ

Gamer လေးတွေကို ရည်းစားတော်သင့်တဲ့ အကြောင်းပြချက်များ

လူတိုင်းလူတိုင်းကတော့ ရည်းစားတော်ပြီး အိမ်ထောင်ဖက်ရှာတဲ့အခါမှာ တော်တဲ့ထက်တဲ့သူကို ရှာချင်ကြတာပါပဲ။ ဒါပေမယ့်ငယ်တုန်းရွယ်တုန်းမှာ အိမ်ထောင်ဖက်အထိမစဉ်းစားသေးဘဲ ရည်းစားပဲထားပြီး ဘဝကိုပျော်ပျော်ပါးပါး အချစ်တွေနဲ့ဖြတ်သန်းတဲ့အခါကြရင်တော့ ကိုယ်အကြိုက်တွေ့တဲ့ ဘယ်လိုလူကိုမဆိုရွေးချယ်ကြတာပဲလေ။ ဒီလိုရည်းစားထားတဲ့အချိန်မှာ Sterotype လုပ်တာက Gamer တွေကိုတွဲဖို့ မသင့်တော်ဘူးဆိုတာပါပဲ။ အမှန်တကယ်မှာတော့ Gamer တွေကိုတွဲသင့်တဲ့ အကြောင်းပြချက်ကောင်းလေးတွေလည်း ရှိပါတယ်။ အဲဒါတွေက

Gamer တွေက အကောင်းမကြိုက်ဘူး
အထူးသဖြင့် Gamer မိန်းကလေးတွေကိုတွဲတဲ့ကောင်လေးတွေအတွက် ဒီအချက်ကအရမ်းကို အားသာပါတယ်။ ကိုယ့်ရည်းစားရဲ့ဘဝမှာ Make-up တွေ ၊ Branded တွေ မလိုဘူး။ ကိုယ်နဲ့သူ့ဂိမ်းရှိနေရင်ရပြီ။ တစ်ခါတစ်လေတော့ သူ့ရဲ့ Game နဲ့ပတ်သက်တဲ့ ပစ္စည်းဖြစ်ဖြစ် အခွေဖြစ်ဖြစ် ပူဆာတာတော့ရှိမယ်။ ဒါပေမယ့် သူနဲ့တွဲရင်တော့ ပိုပြီးအကုန်အကျသက်သာတာပေါ့။ တခြားကောင်မလေးတွေလို ပန်းတွေပေး ၊ အရုပ်တွေပေး လက်ဆောင်တွေတပိုးတနင့်ပေးစရာမလိုတော့လို့လေ။

Gamer တွေက သင့်ကိုပိုက်ဆံကူစုပေးပါလိမ့်မယ်
ပိုက်ဆံကူစုပေးမယ်ဆိုလို့ လတိုင်းပိုက်ဆံတွေပေးနေမယ်လို့ ပြောချင်တာမဟုတ်ပါဘူးနော်။ အပေါ်မှာပြောခဲ့သလိုပဲ Gamer တွေက အကောင်းမကြိုက်တဲ့အတွက် အပြင်သွားပြီး အစားကောင်းအသောက်ကောင်းတွေစား ၊ ဈေးဝယ်ထွက်တာတွေထက် သူတို့ဘာသာသူတို့ အိမ်မှာနေပြီးဂိမ်းဆော့မယ် ၊ မဟုတ်လည်းဆိုင်မှာဆော့နေမှာမို့လို့ ပိုက်ဆံကုန်ပေါက်မရှိတော့ဘူးလေ။ ဒါကြောင့်ကိုယ်လည်းပိုက်ဆံစုမိတာပေါ့။

Gamer တွေမှာ ပစ္စည်းအစုံအလင်ရှိတယ်
ဘာကိုမှထွေထွေထူးထူးမပြောရင်တောင် ကိုယ့်ရဲ့ Gamer ရည်းစားမှာ Headphone ကောင်းကောင်းရှိမယ် ၊ Gaming Chair ကောင်းကောင်းရှိမယ် ၊ Speaker တွေဆိုလည်းလန်ထွက်နေအောင်ဆင်ထားမယ်။ သေချာတာတစ်ခုကတော့ ကိုယ့်ရဲ့ Gamer ချစ်သူလေးက သူ့ရဲ့ Gaming Enviroment ကိုတော့ရှယ်ပြင်ထားမှာပါ။ ဒါ့အပြင် Tech နဲ့ပတ်သတ်လာရင် သူ့ကိုပဲမေးလိုက်ရင်ဖြစ်တယ်။ ဆိုင်မှာသွားခေါင်းစားခံစရာမလိုဘူး။ သူတို့က Tech ပိုင်းကိုပိုသိတယ်။ ကိုယ့်ဖုန်း ၊ ကိုယ့်ကွန်ပျူတာမှာ လိုအပ်တာတွေရှိလာရင် သူတို့အကုန်လုပ်ပေးပါလိမ့်မယ်။

Gamer တွေက အမှန်မှာဉာဏ်ပိုကောင်းပြီး ပြဿနာကိုဖြေရှင်းနိုင်တယ်
Gamer တွေကသာမန်သူတွေထက် ပြဿနာဖြေရှင်းနိုင်စွမ်းပိုမြင့်ပါတယ်။ ဘာလို့လဲဆိုတော့ Game ဆော့တယ်ဆိုတည်းကိုက နိုင်ဖို့ဆော့တာကိုး။ နိုင်ဖို့အတွက် ပြဿနာတွေကို ဖြေရှင်းဖို့ အတားအဆီးတွေကို ကျော်ဖြတ်ဖို့ နည်းမျိုးစုံရှာရတယ်။ ဒီတော့သူတို့တွေက ပိုပြီးတွေးကြတယ်။ ကိုယ်တွေနေ့တိုင်းတွေးတောတာထက် အဆပေါင်းများစွာတွေးတယ်လို့တောင်ပြောယူလို့ရတယ်။ ပြီးတော့သူတို့ကဇွဲပိုရှိတယ်။ ရှုံးသွားရင်အမြဲပြန်ထတယ်။ အနိုင်ယူဖို့ကြံဆတယ်။

ဒီတော့ Gamer တွေကိုလည်းလေ ျှာ့တွက်လို့မရပါဘူးနော်။ Game ဆော့တာနဲ့ပဲ မတော်ဘူး။ အသုံးမကျဘူးလို့ယူဆလို့မရပါဘူး။ Game ဆော့တာလည်း Strategy တွေနဲ့ပဲလေ။ စာရေးသူပြောခဲ့တဲ့အချက်တိုင်းကတော့ မှန်ချင်မှမှန်မယ်။ Gamer တိုင်းလည်း ဒီလိုဖြစ်ချင်မှဖြစ်မယ်။ ဒါပေမယ့်ဒီအချက်တွေကယေဘုယျဖြစ်နိုင်ခြေရှိတဲ့အချက်တွေပဲဖြစ်ပါတယ်။

Piki (Akhayar)