ဆယ်လီမမတွေပေးတဲ့ လျှို့ဝှက် Diet သင်ခန်းစာလေးများ

ဆယ်လီမမတွေပေးတဲ့ လျှို့ဝှက် Diet သင်ခန်းစာလေးများ

ဝိတ်ကျချင်တယ်ဆိုရင် “အမလေး … ဝိတ်ကျချင်လိုက်တာ။” လို့ ထိုင်အော်နေလို့ မရပါဘူး။ လက်တွေ့ချမှ ရမှာနော်။ Diet အကြီးကြီးတွေလုပ်ပြီး ရေရှည်မခံနိုင်တဲ့ နည်းလမ်းတွေကို မျက်စိမှိတ်လိုက်လုပ်နေမယ့်အစား တကယ် ဝိတ်ကျခဲ့တဲ့ နာမည်ကြီး Stars တွေရဲ့ လျှို့ဝှက်နည်းလမ်းလေးတွေကို ကိုယ့်ရဲ့ နေ့စဉ်ဘဝထဲမှာ ထည့်ပြီး ဆင်ခြင်နေထိုင်သွားရင်တောင် တစ်နေ့တခြား ကိုယ်ရည်စစ်လာမှာပါ။ ကဲ ဒီတော့ Stars တွေရဲ့ လျှို့ဝှက်ချက်လေးတွေကို ဖော်ထုတ်ရအောင်။

(၁) “အစာစားတိုင်း အသီးအရွက်ပါအောင် စားပါ။” _ Nicole Polizza

သူမကတော့ Carbohydrate ကို လုံးဝဖြတ်ချလိုက်ပြီး အသီးအရွက်ကို အစားထိုးစားကာ ဝိတ်ချခဲ့သူပါ။ သူမ ဝိတ်ကျပြီးနောက်ပိုင်းမှာတော့ အစာစားတိုင်းမှာ အသီးအရွက်ပါအောင် ထည့်စားတာက သူမကို အဓိက ဝိတ်ကျစေတဲ့ လျှို့ဝှက်ချက်အဖြစ် ထုတ်ဖော်ပြောပြခဲ့ပါတယ်။

(၂) “စားမယ့်အရာတွေကို အမြဲချရေးထားပါ။” _ Carrie Underwood

သူမဟာ ကိုယ် စားမယ့်အရာတွေကို ချရေးထားတဲ့နေရာမှာ နာမည်ကြီးပါတယ်။ စားပြီးခဲ့သမျှ၊ စားတော့မယ့်အစားအစာမှန်သမျှကို ချရေးထားခဲ့ပါတယ်။ ဒီလိုချရေးခြင်းအားဖြင့် သူ ဘာစားနေမိလဲဆိုတာကို သတိပြုမိပြီး Diet လုပ်ရာမှာ ပိုမိုလွယ်ကူစေတယ်လို့ ဆိုပါတယ်။

(၃) “ကျန်းမာအောင်ပဲ ပြုလုပ်ပါ။ ဝိတ်ကျတာကို ရည်မှန်းချက်မထားပါနဲ့။” _ Lena Dunham

သူမဟာ ဝိတ်ကျဖို့ထက် ကိုယ်ခန္ဒာကျန်းမာသန်စွမ်းအောင် ကြိုးစားသူပါ။ ကျန်းမာရေးနဲ့ ညီညွတ်အောင် နေထိုင်စားသောက်တယ်။ သွားလာလှုပ်ရှားတယ်။ အားကစားလုပ်တယ်။ ဒီလိုနဲ့ပဲ ကျန်းမာသန်စွမ်းလာတဲ့အပြင် တစ်ဖက်ကလည်း ကိုယ်ရည်စစ်လှပသွားပါတယ်။

(၄) “စားသမျှ အစားအသောက်အတိုင်း ပရိုတင်းပါပါစေ။” _ Kim Kardashian

သူမဟာ အစားစာတိုင်းမှာ ပရိုတင်း (၆) အောင်စပါအောင် ထည့်စားလေ့ရှိပါတယ်။ ပရိုတင်းမပြည့်ဝသရွေ့ ဗိုက်ဆာနေတော့မှာဖြစ်ပြီး ပရိုတင်းပြည့်မီအောင် စားတယ်ဆိုရင်တော့ ခဏခဏဗိုက်ဆာတာမျိုးတွေ ဖြစ်လာမှာ မဟုတ်ပါဘူး။

(၅) “မနက်စောစော၊ ညနက်နက်မှာ အစာစားတာမျိုး ရှောင်ကြဉ်ပါ။” _ Jennifer Hudson

သူမကတော့ အစာစားချိန်ကို တိကျသေချာစွာ လိုက်နာတတ်သူပါ။ အချိန်အခါမတော်တဲ့အခါတွေမှာ အစာစားတာကို တင်းတင်းကျပ်ကျပ် ရှောင်ကြဉ်ပါတယ်။ အိပ်ချင်စိတ်ရှိနေသေးတဲ့ မနက်ခင်းအချိန်နဲ့ အိပ်ချင်နေပြီဖြစ်တဲ့ ညဘက်တွေမှာ အစာစားကို သူ့ကိုယ်သူ တားမြစ်ထားတယ်လို့ ဆိုပါတယ်။

(၆) “အကူအညီယူပါ။” _ Chrissy Teigen

သူမကတော့ အကူအညီရယူဖို့ အကြံပေးပါတယ်။ Diet ကို ကိုယ့်ဘာသာကိုယ် ချက်ပြုတ်မစားသောက်နိုင်ဘူးဆိုရင် ဝယ်စားပါ။ တစ်ယောက်တည်း Work out လုပ်ဖို့ မကျွမ်းကျင်ဘူးဆိုရင် Trainer ခေါ်ပါ။ တစ်ကိုယ်ရည်ဝိတ်ချရတာ ပျင်းရိစရာကောင်းရင် သူငယ်ချင်းတစ်ယောက်ယောက်ကို အဖော်စပ်ပါလို့ ဆိုပါတယ်။

တကယ်လုပ်ပြီး တကယ်ပိန်သွားခဲ့တဲ့ လူတွေရဲ့ ပြောစကားကိုတော့ နားထောင်သင့်တယ်နော်။ တချို့အကြံပြုချက်တွေက ကိုယ့်ကိုယ်ကိုယ် ဖိအားပေးပြီး အတင်းကြီးလုပ်ယူစရာမလိုအပ်ပါဘူး။ အဲဒီ့အတွက် လိုက်လုပ်ကြည့်ဖို့ တွန်းအားပေးချင်ပါတယ်။ အခရာပရိသတ်တွေဆီမှာလည်း လျှို့ဝှက်နည်းလမ်းလေးတွေရှိရင် မျှဝေခဲ့ပါဦး။

(Photo Credit)

Moethaesay (Akhayar)

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle