လှချင်ရဲ့ စက်စက်ယိုလေးများရဲ့ မှားယွင်းနေတဲ့ Skincare အကျင့်ဆိုးလေးများ

လှချင်ရဲ့ စက်စက်ယိုလေးများရဲ့ မှားယွင်းနေတဲ့ Skincare အကျင့်ဆိုးလေးများ

အသားအရေဆိုတာ နူးညံ့သိမ်မွေ့လွန်းပါတယ်။ ခြေချော်လက်ချော်တောင် ဘယ်လိုမှ အဖြစ်ခံလို့မရပါဘူး။ မျက်နှာအသားအရေဆို ပိုလို့တောင် ဆိုးပါသေးတယ်။ မိန်းကလေးတွေအတွက်ကတော့ လှတစ်မျက်နှာဆိုတဲ့အတိုင်း ကျွန်မတို့ရဲ့ ဘဝလို့တောင် ပြောလို့ရပါတယ်နော်။ တချို့ကျပြန်တော့လည်း လှချင်လွန်းလို့ Skincare တွေလုပ်ရင်းနဲ့ကို ပျက်စီးလာတာမျိုးတွေ မြင်ဖူးပါသေးတယ်။ အဲဒါကတော့ လွဲမှားနေတဲ့ Skincare နည်းလမ်းတွေကြောင့်ပါ။ ကောင်မလေးတော်တော်များများ အမှတ်မှားနေကြတဲ့ Skincare နည်းလမ်းအမှားတွေက ဘာတွေများလဲ။

MISTAKE #1: ခဏခဏ မျက်နှာသစ်တတ်တဲ့အကျင့်
တချို့တွေက မျက်နှာကို ခဏခဏသစ်တာကောင်းတယ်လို့ ထင်နေတတ်ကြပါတယ်။ သူတို့ကတော့ သန့်ရှင်းတယ် မြင်မှာပေါ့။ ဒါပေမယ့် မျက်နှာက လက်မှ မဟုတ်တာဘဲလေ။ မျက်နှာသစ်ဆပ်ပြာတွေ သုံးပြီး တစ်နေ့ကို လေးငါးခြောက်ခေါက်လောက် မျက်နှာသစ်နေမယ်ဆိုရင် မျက်နှာသစ်ဆပ်ပြာမှာ ပါဝင်တဲ့ ဓာတုပစ္စည်းတွေက မျက်နှာအပေါ်ပိုင်းအရေပြားကို ပါးလွှလာစေပြီး အဆီလည်း ပိုပြန်လာစေပါတယ်။ မျက်နှာဆိုတာ တစ်နေ့ကို နှစ်ခေါက်လောက်သစ်ရုံနဲ့ လုံလောက်နေပါပြီ။

MISTAKE #2: မျက်လုံးတစ်ဝိုက်ပွတ်ဆွဲတတ်တဲ့အကျင့်
တော်တော်များများက မျက်လုံးယားလာရင်ပဲဖြစ်ဖြစ်၊ မျက်လုံးညောင်းလာရင်ပဲဖြစ်ဖြစ် မျက်လုံးတစ်ဝိုက်ကို ပွတ်ဆွဲတတ်တဲ့အကျင့်ရှိကြပါတယ်။ မျက်လုံးဟာ မျက်နှာမှာဆို အနုနယ်ဆုံးအရာပါ။ ဒီလိုပဲ မျက်လုံးတစ်ဝိုက်ဧရိယာကလည်း အရမ်းကို နုနယ်ပါတယ်။ ဒါကြောင့် မိတ်ကပ်ဖျက်ရင်ပဲဖြစ်ဖြစ်၊ အကြောင်းတစ်ခုခုကြောင့် မျက်လုံးနားတစ်ဝိုက်ဧရိယာကို လက်နဲ့ ပွတ်ဆွဲတော့မယ်ဆိုရင် သတိထားပါဦးနော်။ မဟုတ်ရင်တော့ ငယ်ငယ်ရွယ်ရွယ်နဲ့ အရေးအကြောင်းတွေ ပေါ်လာတတ်လို့ပါ။ မျက်လုံးယားယံလာရင် မျက်စဉ်းခတ်လို့ရသလို၊ မျက်စိညောင်းတဲ့အခါမှာလည်း Eye Pad လေးတွေ ကပ်လို့ရပါတယ်။ Eye Makeup တွေ ဖျက်ရင်လည်း ဖြေးဖြေးသက်သာလုပ်ပါလို့။

MISTAKE #3: တွေ့ကရာပစ္စည်းသုံးတတ်တဲ့အကျင့်
တစ်ခါတလေ ကောင်မလေးတွေက အွန်လိုင်းပေါ်မှာ သူများညွှန်းသမျှပစ္စည်းတွေကို ဝယ်သုံးလေ့ရှိကြပါတယ်။ သူများကောင်းရင် လိုက်ကောင်းလိုက်ကြတာပါပဲ။ ကိုယ့်အသားအရေက ဘယ်လိုအသားအရေလဲဆိုတာတောင် ဂရုမစိုက်ကြပါဘူး။ ဒါဟာ အကျင့်ဆိုးတစ်ခုပါ။ Steroid ထိတာလိုမျိုး ပြဿနာတွေက ဒီကစတာပေါ့။ မျက်နှာပေါ်တင်မယ့် Beauty Product တွေကို ယုံကြည်စိတ်ချရတဲ့ပစ္စည်းကို ရွေးချယ်ဝယ်ယူဖို့လိုအပ်သလို ကိုယ့်အသားအရေနဲ့  လိုက်ဖက်ညီတဲ့ပစ္စည်းကို ရွေးချယ်ဝယ်ယူဖို့လည်း အရေးကြီးပါတယ်။ အထူးသဖြင့် အသားအရေက Sensitive ဖြစ်ရင် ပိုသတိထားပါ။

MISTAKE #4: Skincare တွေ အများကြီးသုံးတတ်တဲ့အကျင့်
နောက်တစ်ခုထပ်ပြောချင်တာက ပစ္စည်းတွေ ကောင်းတယ်ဆိုတိုင်းလည်း အများကြီးဝယ်ပြီး အကုန် မျက်နှာပေါ်လျှောက်မတင်ဖို့ပါ။ Makeup, Toner, Moisturizer စသည်ဖြင့် တစ်နေ့တာအတွက် လိုအပ်တဲ့ Skincare & Makeup Routine ပစ္စည်းတွေကို ကိုယ်နဲ့ လိုက်ဖက်တာကို ရွေးချယ်ပြီးသွားရင် တစ်မျိုးတည်းကိုပဲ ရေရှည်စွဲသုံးပါ။ ဒီတစ်ခုကုန်သွားလို့ နောက်ထပ်တံဆိပ်တစ်မျိုးထပ်သုံးကြည့်တာမျိုး၊ Night Cream လိမ်းပြီး အိပ်ခါနီး Sleeping Mask ထပ်လိမ်းတာမျိုးတွေကို လုံးဝမလုပ်ပါနဲ့။ အများကြီးလိမ်းရင် အရမ်းကြီးကောင်းလာမယ်ဆိုတဲ့ Formula မရှိပါဘူး။

MISTAKE #5: Skincare လိမ်းပြီးချက်ချင်းအိပ်ရာဝင်တဲ့အကျင့်
Skincare ပစ္စည်းတွေနဲ့ ဝက်ခြံကုသတဲ့ဆေးတွေဟာ အိပ်ရာမဝင်ခင် အနည်းဆုံး တစ်နာရီစောပြီး လိမ်းရပါတယ်။ ဒါမှလည်း အသားထဲစိမ့်ဝင်ပြီး အပြည့်အဝအလုပ်လုပ်နိုင်မှာပါ။ ဒီလိုမှ မဟုတ်ဘဲ ချက်ချင်းလိမ်းပြီး ချက်ချင်းအိပ်ရာဝင်လိုက်ပြီဆို ခေါင်းအုံးနဲ့ ဆံပင်တွေ အသားအရေကောင်းအောင် ပိုက်ဆံအကုန်ခံလိမ်းပေးနေသလိုပဲ ဖြစ်ပါလိမ့်မယ်။ ထင်သလောက်လည်း အကျိုးထူးမယ် မထင်ပါဘူး။ ဘယ်တော့မှ အဲဒီလိုမလိမ်းပါနဲ့နော်။

ဒီလောက်ဆိုရင် နေ့တိုင်း ကိုယ် ဘာတွေတလွဲလုပ်မိနေမှန်း သိလောက်ပြီထင်ပါတယ်။ ပိုက်ဆံတွေအများကြီး အကုန်အကျခံဝယ်ယူလိမ်းချယ်ပြီးမှ ဘာမှအကျိုးမထူးရင် နှမြောစရာကြီးပါနော်။ ဒီလိုအကျင့်ဆိုးလေးတွေကိုတော့ ရှောင်ကြပါဦး ကောင်မလေးတို့။

Moethaesay (Akhayar)

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle