၂၀၁၉ခုနစ်အတွက် “Healthy Skin Award” ရရှိထားတဲ့ အမိုက်စား Skincare Product များ

၂၀၁၉ခုနစ်အတွက် “Healthy Skin Award” ရရှိထားတဲ့ အမိုက်စား Skincare Product များ

ဒီနေ့ Skincare ချစ်သူတွေအတွက် ယုံကြည်စိတ်ချရပြီး ရွေးချယ်မှုမှန်ကန်စေဖို့ ဒီနှစ်အတွင်းမှာ ဘယ်လို Skincare Product တွေကို ညွှန်းပေးရင်ကောင်းမလဲလို့ စဉ်းစားလိုက်တဲ့အခါမှာတော့ ရွေးချယ်ပေးချင်တာက 2019, Healthy Skin Awards ရထားတဲ့ Product လေးတွေပဲ ဖြစ်ပါတယ်။ Brand တွေအများကြီးထဲက ပစ္စည်း (၄၂) မျိုးလောက်က ရထားပေမယ့် အကုန်မဖော်ပြတော့ဘဲ မြန်မာနိုင်ငံမှာ လူကြိုက်များတဲ့ Brand တွေထဲက ပစ္စည်းလေးတွေကို ရွေးချယ်ညွှန်းပေးပါရစေနော်။

(1) Cetaphil Gentle Skin Cleanser
သူကတော့ နေ့စဉ်သုံးဖို့ အကောင်းဆုံးဖြစ်တဲ့ Cleanser လို့ ညွှန်းထားပါတယ်။ ဆပ်ပြာမပါဝင်လို့အမြုပ်မထွက်ပေမယ့် မျက်နှာအသားအရေပေါ်က အညစ်အကြေးတွေကို ထိရောက်စွာ ဖယ်ရှားပေးနိုင်ပါတယ်။

(2) Mamonde Pore Clean Blackhead Stick
ဒီပစ္စည်းလေးကတော့ T-zone မှာရှိတဲ့ ပိတ်ဆို့နေတဲ့ ချွေးပေါက်တွေကို ပွင့်သွားစေမယ့် Clean Stick လေးပါ။ ဆားဝက်ခြံတွေကိုလည်း နှိမ်နင်းနိုင်ပါသေးတယ်။

(3) Origin Clear Improvement Pore Clearing Moisturizer with Bamboo Charcoal
အသားအရေကို ရေဓာတ်ဖြည့်ပေးဖို့အတွက် အသင့်တော်ဆုံး Moisturizer တစ်ခုဖြစ်သလို မျက်နှာပေါ်မှာ Break out ဖြစ်တာတွေကို တားဆီးပေးနိုင်ပြီး Oily Skin သမားတွေနဲ့ အစက်အပြောက်ရှိနေသူတွေအတွက်လည်း သင့်တော်ပါတယ်။

(4) St.Ives Hydrating Hydrogel Eye mask
အလုပ်များပြီး မျက်လုံးကို အသုံးများနေပြီဆိုရင်တော့ သူ့ကို မေ့ထားလို့မရပါဘူး။ အိမ်ပြန်ရောက်တဲ့အချိန် မျက်လုံးလေးတွေအနားပေးရင်း ကပ်ပေးမယ်ဆိုရင်တော့ မျက်လုံးအတွက်လိုအပ်နေတဲ့ ရေဓာတ်ကို ပြန်လည်ဖြည့်တင်းပေးနိုင်ပြီး မျက်ကွင်းညိုတာတွေ၊ အရေးအကြောင်းတွေကိုပါ လျော့ပါးစေမှာပါ။

(5) Garnier SkinActive Micellar Makeup Removing Towelettes
မိတ်ကပ်ဖျက်ဖို့အတွက် အလွယ်ဆုံးနည်းလည်းကတော့ Wipe နဲ့ မျက်နှာတစ်ပြင်လုံး သုတ်ပစ်လိုက်တာပါပဲ။ ကြမ်းကြမ်းတမ်းတမ်းသုတ်စရာမလိုဘဲ မျက်နှာပေါ်က အညစ်အကြေးတွေ၊ မိတ်ကပ်တွေနဲ့ အဆီတွေိကု သန့်စင်ပေးနိုင်ပါတယ်။

(6) Pond’s Clarant B3 Even Skin Tone Daily Moisturizer
သူက with Sunscreen လို့ပြောတဲ့အတိုင်း နေလောင်ဒဏ်ကိုပါ ကာကွယ်ပေးနိုင်ကြောင့် ပစ္စည်းတစ်မျိုးတည်းနဲ့ နှစ်မျိုးစွမ်းဆောင်ရည်ရှိတာပါ။ အသားအရေ မညီညာဖြစ်နေတာတွေကို ကုသနိုင်ပြီး အမဲစက်တွေ ထပ်မဖြစ်လာအောင်လည်း တားဆီးပေးမှာပါ။

(7) Olay Regenerist Whip Face Moisturizer
Oily Skin တွေအတွက် အကောင်းဆုံးပစ္စည်းတစ်ခုပါပဲ။ အိစက်ညက်ညောတဲ့အထိအတွေ့နဲ့ မိနစ်အနည်းငယ်မှာတင် အသားထဲစိမ့်ဝင်သွားနိုင်ပါတယ်။ သူ့အပေါ်က မိတ်ကပ်လိမ်းတဲ့အခါလည်း ပိုပြီးပြည့်စုံလှပတဲ့ မိတ်ကပ်ကို ရရှိစေမှာပါ။

(8) Neutrogena Hydro Boost Water Gel Lotion
ရေဓာတ်လည်း ဖြည့်ပေးဦးမယ်။ နေလောင်ဒဏ်ကလည်း ကာကွယ်ပေးဦးမယ်တဲ့။ Water Gel ဆိုတဲ့အတိုင်းပဲ အေးမြလန်းဆန်းမှုကို ခံစားရမှာဖြစ်ပါတယ်။

(9) Banana Boat Dry Balance Clear Sunscreen Spray
လိမ်းရတာမကြိုက်တဲ့သူတွေက ဖြန်းလိုက်ရုံပါပဲ။ ပေါ့ပါးမှုလည်း ရှိပြီး အပြင်ထွက်ရင်လည်း ပြန်ဖြန်းလို့ရတယ်။ ချွေးထွက်ရင်လည်း လန်းဆန်းသွားအောင် ဖြန်းပေါ့နော်။ ပြီးတော့ အဆီတွေကိုလည်း ခြောက်ခန်းသွားစေပါတယ်။

(10) Bio-Oil Skincare Oil
အသားအရေမှာ အမာရွတ်နဲ့ အမဲစက်တွေရှိနေတဲ့သူတွေအတွက် ကယ်တင်ရှင်လေးပါ။ အသားအရေအလှဆီဖြစ်တာမို့ သူ့ကိုလိမ်းပြီး အိပ်မယ်ဆိုရင်လည်း မနက်လင်းတာနဲ့ အသားအရေကို နူးညံ့ချောမွတ်စေမှာပါ။

ဒီတော့ Skincare ကြိုက်တဲ့ မမများ ဘာတွေရွေးချယ်ရမလဲသိသွားလောက်ပြီ ဟုတ်။ ဒီ 2019, Healthy Skin Award ကို US အခြေစိုက် Women’s Health Magazine က ရွေးချယ်ပေးထားတာပါနော်။

Moethaesay (Akhayar)

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle