“Entrepreneur ဆိုတာ တစ်ပတ် (၇)ရက်၊ တစ်ရက်ကို (၁၆)နာရီအလုပ်လုပ်ရပါတယ်။” ဆိုတဲ့ ကိုငြိမ်းချမ်းစိုးဝင်း

“Entrepreneur ဆိုတာ တစ်ပတ် (၇)ရက်၊ တစ်ရက်ကို (၁၆)နာရီအလုပ်လုပ်ရပါတယ်။” ဆိုတဲ့ ကိုငြိမ်းချမ်းစိုးဝင်း

ဒီတစ်ပတ်မှာ “The Starters” အစီအစဉ်ကနေ တင်ဆက်ပေးချင်တဲ့ Entrepreneur တစ်ယောက်ကတော့ Get Ride ကို တည်ထောင်ထားတဲ့ Get Myanmar ရဲ့ CEO ကိုငြိမ်းချမ်းစိုးဝင်းပဲ ဖြစ်ပါတယ်။ ပြည်တွင်းအခြေစိုက် Taxi Service ကို ဝန်ဆောင်မှုပေးနေတာဖြစ်ပြီး သူ့ရဲ့ လုပ်ငန်းနဲ့ အတွေ့အကြုံတွေကို အခုလို ဝေမျှပေးထားပါသေးတယ်။

အရင်ဆုံး GetRide အကြောင်းလေး ပြောပြပေးပါဦး။
GetRide ကတော့ ဖုန်း Application ကနေ Taxi ခေါ်လို့ရတဲ့ Service တစ်ခု ဖြစ်ပါတယ်။ အဓိကတော့ ယာဉ်မောင်းနှင်သူနဲ့ ယာဉ်စီးနင်းသူတွေကို ချိတ်ဆက်ပေးတဲ့ Platform တစ်ခုပါ။ အဓိကတော့ ကျွန်တော်တို့ လူထုအခြေပြု Community Base ဆိုပြီး တည်ထောင်ထားတာပါ။

Get Ride ကို ဘယ်လိုစိတ်ကူးရပြီး တည်ထောင်ဖြစ်ခဲ့တာလဲ။
ကျွန်တော်တို့ Get Myanmar ရဲ့ အစိတ်အပိုင်းတစ်ခုအနေနဲ့ စတင်ခဲ့ပါတယ်။ ဈေးကွက်ထဲမှာကတော့ နိုင်ငံတကာနဲ့ ယှဉ်ပြိုင်နေတဲ့ ယှဉ်ပြိုင်ဘက်တွေ ရှိပါတယ်။ ကျွန်တော်တို့ကတော့ ပြည်တွင်းကနေ ပိုပြီးကောင်းတဲ့ Service တစ်ခုကို ပေးမယ်ဆိုပြီး စတင်တည်ထောင်ခဲ့ပါတယ်။ ကျွန်တော်တို့ ရန်ကုန်မှာပဲ စတာမဟုတ်ပါဘူး။ မန္တလေးမှာလည်း ကျွန်တော်တို့ စတင်ခဲ့ပါတယ်။ ရန်ကုန်မြို့အပါအဝင် မြို့(၆) မြို့မှာ ကျွန်တော်တို့ အခု Run နေပါပြီ။ ဒီနှစ်ထဲမှာပဲ နောက်ထပ်မြို့ပေါင်း (၁၄) မြို့ကို ရောက်အောင်သွားမယ်လို့ ရည်ရွယ်ထားပါတယ်။

ခက်ခက်ခဲခဲ ကျော်လွှားခဲ့ရတဲ့ Challenge တွေကို ပြောပါဆိုရင် ဘာတွေများဖြစ်မလဲ။
နံပါတ် (၁) ကတော့ User Education ပါ။ မောင်းနှင်သူရော၊ စီးနင်းသူရော နှစ်ဖက်စလုံး ဒီ Application ကို သုံးခြင်းအားဖြင့် ရရှိလာမယ့် အကျိုးကျေးဇူးတွေကို နားလည်အောင် လုပ်ပေးရတဲ့အလုပ်က အရေးကြီးပါတယ်။ အခုလည်း ကျွန်တော်လည်း လုပ်နေပြီး နောက်လည်း ဆက်လုပ်သွားဖို့ရှိပါတယ်။ နောက်တစ်ခုက ယာဉ်တွေနဲ့ ပတ်သက်လို့ တည်ငြိမ်မှုမရှိတဲ့ မူဝါဒတွေပါပဲ။ အဓိကတော့ သုံးမယ့်ယာဉ်တွေက သူတို့ကို ကောက်ခံတဲ့အခွန်နှုန်းထားတွေ တဖြည်းဖြည်းတက်လာတဲ့အခါကျတော့ မောင်းနှင်တဲ့သူတွေအနေနဲ့ ပိုင်ဆိုင်တဲ့ယာဉ်မောင်းတွေလည်း တော်တော်လေး အကျပ်အတည်းဖြစ်စေပါတယ်။

ပူးပေါင်းလုပ်ဆောင်မှုတွေကိုရော ဘယ်လိုရွေးချယ်လေ့ရှိလဲ။
ရွေးချယ်တဲ့အခါ ကျွန်တော် (၂) ပိုင်းရှိပါတယ်။ Driver တွေကို ရွေးချယ်တဲ့အခါ သက်ဆိုင်ရာလိုင်စင်နဲ့ စာရွက်စာတမ်းပြည့်စုံမှုက နံပါတ် (၁)၊ နံပါတ် (၂) ကတော့ ကိုယ်နဲ့ လက်တွဲနိုင်မယ့် စိတ်နေသဘောထား တိုက်ဆိုင်မှုပေါ့နော်။ သူတို့ လာပြီဆိုကတည်းက ဆန္ဒကရှိနေပြီဆိုတော့ ကျွန်တော်တို့ လိုချင်တဲ့ပုံစံ၊ ခရီးသည်ကို ဆက်ဆံစေချင်တဲ့ပုံစံတွေကအစ ညှိနှိုင်းကြတာပေါ့။ အရေးကြီးဆုံးကို ပြောရမယ်ဆိုရင်တော့ ဝန်ဆောင်မှုပေးချင်တဲ့စိတ်ဓာတ်ရှိတဲ့သူတွေကို အလေးထားပြီး ကျွန်တော်တို့ ရွေးချယ်ပါတယ်။

ဝန်ထမ်းပိုင်းဆိုရင်တော့ တက္ကသိုလ်က ဘွဲ့ရပြီးခါစ လူငယ်တွေကို ဦးစားပေးရွေးချယ်လေ့ရှိပါတယ်။ ကျွန်တော်တို့ ယုံကြည်တာကတော့ လူငယ်တွေရဲ့ လက်ထဲမှာပဲ အနာဂတ်ရှိတယ်။ အဲဒီတော့ ကျွန်တော်တို့ ကျောင်းတွေသွားပြီး တက္ကသိုလ်တွေမှာ Internship တွေ ခေါ်ပါတယ်။

Entrepreneur ဖြစ်ရတာ စိတ်ပျက်စရာကောင်းတဲ့အချက်ရှိလား။
အထူးသဖြင့် အရှိန်ရလာပြီး အတန်အသင့် အောင်မြင်လာတဲ့ Entrepreneur တစ်ယောက်ဘဝကို ကြည့်လိုက်ရင် အင်တာဗျူးတွေလုပ်လိုက်၊ စကားတွေပြောလိုက်နဲ့ပေါ့။ တကယ့် Down Side ကတော့ အလုပ်ချိန်ပါ။ ကျွန်တော်တို့ တစ်နေ့ကို (၁၆) နာရီလောက် အလုပ်လုပ်ရတယ်။ စနေ၊ တနင်္ဂနွေဆိုတာလည်း မရှိပါဘူး။

ဒါဆို Entrepreneur တစ်ယောက်ဖြစ်ချင်လို့ ကြိုးစားနေကြတဲ့လူတွေကိုရော ဘာများ အကြံပေးချင်သေးလဲ။
တစ်နေ့ကို (၁၆) နာရီ၊ တစ်ပတ်ကို (၇) ရက်လုပ်နိုင်အောင် ကြိုးစားပါလို့။

Photo Credit: GetRide Myanmar

Moethaesay (Akhayar)

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle