အောင်မြင်မှုနောက်ကွယ်က ခါးသီးစရာအမှန်တရားတွေအကြောင်း ပြောပြလာတဲ့ Nexlabs ရဲ့ CEO ကိုရဲမြတ်မင်

အောင်မြင်မှုနောက်ကွယ်က ခါးသီးစရာအမှန်တရားတွေအကြောင်း ပြောပြလာတဲ့ Nexlabs ရဲ့ CEO ကိုရဲမြတ်မင်

ဒီတစ်ခေါက် ကျွန်မတို့ “The Starters” အစီအစဉ်ကနေ မြန်မာနိုင်ငံက Digital Solution Company တစ်ခုဖြစ်တဲ့ Nexlabs ရဲ့ CEO တစ်ဦးဖြစ်တဲ့ ကိုရဲမြတ်မင်းအကြောင်းတွေကို တင်ဆက်ပေးလိုက်ပါတယ်။ လူငယ် Entrepreneur တစ်ယောက်အနေနဲ့ ဘာတွေရင်ဆိုင်ခဲ့ရလဲ။ Nexlabs ဆိုတာ ဘယ်လိုစတင်ခဲ့တာလဲ၊ Entrepreneur တစ်ဦးအတွက် မုန်းစရာကောင်းတဲ့ အမှန်တရားတွေက ဘာတွေဖြစ်မလဲ ကြည့်ရအောင်။

အရင်ဆုံး Nexlabs အကြောင်းလေး ပြောပြပေးပါဦး။
Nexlabs ဆိုတာက ကျွန်တော်တို့ လူငယ်တွေ အများကြီးနဲ့ စုပေါင်းထားတဲ့ Digital Solution Company တစ်ခုဖြစ်တယ်။ ကျွန်တော်တို့ အဓိက ဘာတွေလုပ်နေလဲဆိုရင် Creative Solution တွေ၊ Innovative ဖြစ်တဲ့ Solution တွေကို မြန်မာနိုင်ငံက Business တွေ ပိုပြီးတိုးတက်အောင်လို့ ကူညီပေးနေပါတယ်။

ဒီလုပ်ငန်းကို လုပ်ကိုင်ဖို့ ဘယ်လိုစိတ်ကူးရခဲ့တာလဲ။
ကျွန်တော် ဆယ်တန်းပြီးတော့ Singapore မှာ ကျောင်းသွားတက်တယ်။ အဲဒီက တခြား Company တွေမှာ Freelance အနေနဲ့ Application ရေးတာတွေ၊ Website ရေးတာတွေ စလုပ်ဖြစ်ခဲ့တယ်။ အဲဒီလို ရေးနေရင်းနဲ့မှ ကျွန်တော်အလုပ်တွေများလာတဲ့အခါကျတော့ မြန်မာပြည်မှာလည်း Team လေးတစ်ခု ဆောက်ပြီးတော့ အလုပ်တွေ ခွဲပေးခဲ့တယ်။ အဲဒီလိုနဲ့ ကျွန်တော်တို့ သူငယ်ချင်းလေးယောက်ဖြစ်တဲ့ Co-Founder လေးယောက် စုမိသွားပြီးတော့ ၂၀၁၃ ခုနစ်မှာ ကျွန်တော် ကျောင်းထွက်မယ်လို့ စဉ်းစားဖြစ်လာတယ်။ ဘာဖြစ်လို့လဲဆိုရင် ကျောင်းမှာသင်နေတဲ့စာတွေ၊ ကျွန်တော်လုပ်ချင်နေတဲ့အရာတွေနဲ့ ကျွန်တော်ရဲ့ ဘဝမှာဖြစ်နေတဲ့အရာတွေနဲ့ ကီးကိုက်တယ်လို့ မခံစားမိဘူး။ အဲဒါနဲ့ ဒီမှာ ဘာလုပ်ကြမလဲဆို စဉ်းစားလိုက်တော့ မြန်မာပြည်ကလည်း Open up ဖြစ်လာတဲ့အချိန်နဲ့ Opportunity ကလည်း ရှိလာတယ်။ ပြီးတော့ ကျွန်တော့်မှာ Team ကလည်း ရှိလာတယ်။ နောက် ကျွန်တော့်ကို Start up လုပ်ပေးမယ့် Investor တစ်ယောက်ကလည်း ရှိလာတယ်ဆိုတော့ အဲဒီ့ ၂၀၁၃ခုနစ် ဧပြီလမှာ ကျွန်တော်ပြန်လာပြီး ကျန်တဲ့ Co-Founder သုံးယောက်နဲ့ Nexlabs ကို စဖြစ်ခဲ့တယ်။

Entrepreneur တစ်ယောက်အနေနဲ့ အကြီးမားဆုံးစိန်ခေါ်မှုတွေဆိုရင် ဘာတွေဖြစ်မလဲ။
ကျွန်တော်ကြီးလာတာကလည်း Digital၊ Technical Background နဲ့ပဲ ကြီးလာတယ်။ ယူတဲ့ဘွဲ့တွေ အားလုံးကလည်း Computer Sciences နဲ့ Technical တွေပဲဖြစ်နေတယ်။ အဲဒီတော့ ဘယ်မှာ အားနည်းသွားလဲဆိုရင် လူ Management တို့၊ ငွေ Management တို့ နောက်ပြီး အဓိကတော့ ပိုက်ဆံ Management ပိုင်းမှာ တော်တော်အားနည်းတော့ ပထမ နှစ်နှစ်မှာ အခက်အခဲကြုံခဲ့ရတယ်။ ဘယ်လိုဖြစ်လဲဆိုတော့ ဒါတွေဂရုမစိုက်မိခဲ့တဲ့အခါကျတော့ နှစ်နှစ်နေမှ ပထမနှစ်နှစ်က ကိစ္စတွေကို ပြန်လုပ်ရတော့ မှတ်မိတဲ့ဟာတွေရော၊ မမှတ်မိတဲ့ဟာတွေရော၊ ပိုက်ဆံတွေဝင်တာထွက်တာတွေ ဘယ်နားရောက်နေမှန်းမသိတာတွေရော ဖြစ်တာပေါ့။ ဒုတိယတစ်ချက်ကတော့ လူပြဿနာပေါ့။ မြန်မာနိုင်ငံမှာ Talent ရှာရတာခက်တယ်။ ရလာရင်လည်း Keep လုပ်ထားရတာ ခက်တယ်။ ဒီတော့ ကျွန်တော်တို့မှာ Talent ရှာလိုက်၊ ပျောက်သွားလိုက်နဲ့ ဒီပြဿနာကတော့ လွန်ခဲ့တဲ့ ခြောက်နှစ်ကနေ အခုအထိကို ရှိနေတုန်းပါပဲ။ နောက်တစ်ခုကတော့ Convenience ကိစ္စတွေပေါ့။ တခြားနိုင်ငံမှာ Company လုပ်ရင် စဉ်းစားစရာမလိုတဲ့ကိစ္စတွေပါ။ မီးကိစ္စ၊ ရေကိစ္စ၊ အင်တာနက်ကိစ္စ၊ ရုံးခန်းကိစ္စ။ ဒါတွေက မြန်မာနိုင်ငံမှာကျတော့ မစဉ်းစားလို့မရဘူး။ နောက်ဆုံး ရုံးခန်းသန့်ရှင်းရေး၊ အိမ်သာသန့်ရှင်းရေးကအစပေါ့။ ကိုယ့်ဘာသာကိုယ်လည်း လုပ်ရသလို၊ ဘယ်လိုဖြေရှင်းရမလဲဆိုပြီးလည်း စဉ်းစားရတယ်။

Entrepreneur ဖြစ်ရတာ မကောင်းဘူးလို့ မြင်မိတဲ့အချက်ရော ရှိလား။
လုပ်ချင်တာတွေကိုပဲ လုပ်ရတာမဟုတ်ဘဲ မလုပ်ချင်တာတွေကိုပါ လုပ်ရတာက Entrepreneur တစ်ယောက်ရဲ့ အကြီးမားဆုံး တစ်စိတ်တစ်ဒေသပါပဲ။ Personal Sacrifice ပေါ့။ Excel Sheet တွေနဲ့ ပိုက်ဆံတွက်ရတဲ့ကိစ္စကို ကျွန်တော်ဆို မကြိုက်ဘူး။ ဒါပေမယ့်လည်း Entrepreneur တစ်ယောက်အနေနဲ့ မလုပ်မနေရ ရှိရမယ့် Skill တစ်ခုအနေနဲ့ လုပ်ခဲ့ရတယ်။ Stress Level က များတယ်။ နောက်ပြီးရင် အတက်အကျ အရမ်းမြန်တယ်။ Roller Coaster လိုပဲ တစ်ချိန်လုံးဖြစ်နေတဲ့အတွက်ကြောင့် မိသားစုရှိတဲ့သူတွေ၊ Relationship ရှိတဲ့သူတွေမှာ ထိခိုက်မှုတွေ အရမ်းများတယ်။ ကျွန်တော့်ရဲ့ ဥပမာဆိုရင် ရုံးမှာ တစ်နေကုန်ရုံးတက်လာတယ်။ ည ဆယ်နာရီလောက် ကျွန်တော်အိမ်ပြန်ရောက်တော့ ကျွန်တော့်ရဲ့ အမျိုးသမီးက စကားလာပြောတဲ့အခါ ကျွန်တော် ပြန်မဖြေနိုင်ဘူး။ စဉ်းလည်းမစဉ်းစားနိုင်ဘူး။ အဓိက ကျွန်တော်ရဲ့ ခေါင်းထဲမှာ အကုန်ရပ်လိုက်ပြီးတော့ နားဖို့ပဲရှိတဲ့ဟာမျိုးပေါ့။

ဒါတွေကျတော့ Journal တွေ၊ Magazine တွေမှာ မတွေ့ရတဲ့ Story တွေပေါ့။ ဟိုမှာကတော့ အောင်မြင်တဲ့အကြောင်းတွေပဲများတယ်။  အောင်မြင်မှုနောက်ကွယ်မှာ ပေးလိုက်ရတဲ့ Sacrifice တွေကလည်း များတယ်ဆိုတာ ကျွန်တော် Share ချင်တဲ့ကိစ္စတစ်ခုပဲ ဖြစ်ပါတယ်။

Nexlabs က ဘယ်လိုပုံစံ Talent တွေကို များသောအားဖြင့် စုဆောင်းလေ့ရှိလဲ။
တကယ်တော့ ဖြစ်ချင်တဲ့စိတ်ရှိရင် ရတာပေါ့။ ဖြစ်ချင်စိတ်မရှိတဲ့သူကို ဘာမှ သင်ပေးလို့လဲမရဘူး။ ဖြစ်ချင်ရင်တော့ သင်ပေးလို့ရတယ်။ လမ်းပြပေးလို့ရတယ်။ ပြီးရင် သူတို့ ဖြစ်ချင်တာတွေကို ဖြစ်အောင် ကျွန်တော်တို့က Path way တစ်ခုအနေနဲ့ လမ်းခင်းပေးလို့ရတယ်။

ဒီတော့ Entrepreneur ဖြစ်ချင်နေတဲ့သူတွေကိုရော ဘာတွေအကြံပေးချင်သေးလဲ။
Entrepreneurship က အခုနောက်ပိုင်း Sexy ဖြစ်လာတယ်။ အဲဒီတော့ လုပ်ငန်းတကယ်လုပ်ချင်တဲ့သူတွေလည်း အရမ်းများလာတယ်။ ဒါပေမယ့် လူတိုင်း တကယ်လုပ်သင့်တာလားဆိုရင် အဲဒီလိုလည်း မဟုတ်ပြန်ဘူး။ လုပ်ချင်တယ်ဆိုရင်တော့ စလိုက်။ မစကြည့်ဘဲနဲ့တော့ ဒါကို ကိုယ်တွေ တကယ်လုပ်ချင်လား၊ မလုပ်ချင်လားဆိုတာကို သိလာမှာမဟုတ်ဘူး။ ငယ်ရွယ်တဲ့အချိန်မှာ လုပ်ငန်းစတာ အကောင်းဆုံးပဲ။ ဘာဖြစ်လို့လဲဆိုရင် အသက်ကြီးလာလေလေ Responsibility များလာလေလေ၊ Knowledge များလာလေလေ ရူးရူးမိုက်မိုက်စလို့မရတော့လေပဲ။ ဒီတော့ ငယ်ငယ်ရွယ်ရွယ်မှာ စောစောစီးစီးစထားမယ်ဆိုရင် ကိုယ် လိုချင်လား၊ မလိုချင်လားကိုလည်း စောစောသိနိုင်မယ်။ အဲဒါကြောင့် အဓိက အရေးအကြီးဆုံးကတော့ စဖို့ပဲ။

Photo Credit : Nexlabs

Moethaesay (Akhayar)

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle