Digital လောကထဲက ကဝေတစ်ဦး သို့မဟုတ် စန္ဒီစိန်သိန်းနဲ့ တွေ့ဆုံခြင်

Digital လောကထဲက ကဝေတစ်ဦး သို့မဟုတ် စန္ဒီစိန်သိန်းနဲ့ တွေ့ဆုံခြင်

ဒီတစ်ပတ်အတွက် “The Starters” အစီအစဉ်မှာ ပါဝင်ပေးထားတာကတော့ Entrepreneur တစ်ယောက်ဖြစ်သလို Forbes က နှစ်စဉ်ပေးအပ်နေတဲ့ 30 under 30 Asia ရဲ့ Marketing & Advertising ကဏ္ဍမှာလည်း ရွေးချယ်ခံခဲ့ရဖူးသလို လက်ရှိ “Digital Kaway” ရဲ့ CEO မစန္ဒီစိန်သိန်းပဲ ဖြစ်ပါတယ်။ သူမဟာ အမျိုးသမီးတစ်ဦးဖြစ်ပေမယ့်လည်း အမျိုးသားတွေနဲ့ ရင်ဘောင်တန်းပြီး Entrepreneur တစ်ဦးအဖြစ် ရပ်တည်နေတာမို့လို့ သူမရဲ့ အတွေ့အကြုံနဲ့ Entrepreneur တစ်ယောက်ရဲ့ ဘဝကောင်းခြင်းဆိုးခြင်းတွေအကြောင်းကို အခုလိုပဲ တင်ဆက်ပေးလိုက်ပါတယ်နော်။

အရင်ဆုံး “Digital Kaway” အကြောင်းလေး ပြောပြပါဦး။
“Digital Kaway” ကို ၂၀၁၅ခုနှစ်လောက်မှာ Run ခဲ့တာ။ အခုဆိုရင်တော့ (၄)နှစ်လောက်ရှိပြီပေါ့နော်။ အဓိကတော့ ကုမ္ပဏီတွေအတွက် Digital Marketing Service ပေးတာပေါ့။ Social Media Page တွေကို ကိုင်ပေးပြီးတော့ Content တွေ ဖန်တီးပေးတယ်။ နောက်ပြီး SEO တို့အစရှိတာတွေကို လုပ်ပေးနေပါတယ်။

ဒီလုပ်ငန်းကို စလုပ်ဖို့ ဘယ်လိုစိတ်ကူးမိတာလဲ။
စန္ဒီနဲ့ နောက်ထပ်ရှိတဲ့ Co-Founder (၂)ယောက်က Digital Marketing က နောက်ထပ် (၂)နှစ်၊ (၃)နှစ်လောက်ကျရင် ခေတ်စားလာမယ်ဆိုတာကို မြင်မိတယ်။ စန္ဒီကိုယ်တိုင်ကလည်း Marketing Background ဖြစ်တော့ Platform တစ်ခုပြောင်းချင်လာတယ်။ ပုံမှန်သမားရိုးကျ Marketing ကနေ နောက်ပိုင်း လိုအပ်လာမယ့် Needs တွေက ဘာတွေလဲဆိုတာကို သိချင်လာတယ်။ အဲဒီကနေ “Digital Kaway” ဖြစ်လာတော့ အစပိုင်းမှာ ဒီလို Service မျိုးက ရှားတော့ Client တွေ တော်တော်ရှားပါတယ်။ ဒီလို Service ဟာ ကုမ္ပဏီတွေအတွက် တကယ်လိုအပ်တယ်ဆိုတာ သိလာအောင်လို့ အများကြီးလှုပ်ရှားခဲ့ရပါတယ်။

ဒီတော့ “Digital Kaway” နဲ့ပတ်သက်ပြီး ကြိုးစားရုန်းကန်ရတဲ့အခက်အခဲတွေကရော ဘာတွေဖြစ်မလဲ။
Human Resource ကလည်း အရမ်းကို အရေးကြီးပါတယ်။ အထူးသဖြင့် Skillful ဖြစ်ပြီး Passionate ဖြစ်တဲ့ Talent တွေကို ရှာရတာမျိုးတွေကတော့ အမြဲတမ်း Challenge တွေပါပဲ။ နောက်လည်း ရှိနေဦးမှာပါ။ ကုမ္ပဏီအနေနဲ့က အကြီးကြီးကြုံခဲ့ဖူးတာတစ်ခုကတော့ Cash Flow ပေါ့နော်။ ကုမ္ပဏီအသေးလေးကနေ အချိန်ကြာအောင် ဘယ်လိုမျိုး Survive လုပ်မလဲဆိုတဲ့ Cash Flow Challenge လည်း ရှိခဲ့တယ်။ ကိုယ်တွေက Project နဲ့သွားနေရတာမို့လို့ Project မရှိတော့ရင် ဘယ်လိုမျိုးဆက် Run မလဲဆိုတဲ့ Challenge တွေပေါ့။ နောက်တစ်ခုက Market အခြေအနေပေါ့။ (၂၀၁၅) မှာ ကိုယ်တွေစ Run တုန်းက ရွေးချယ်စရာဆိုတာ လက်ချိုးရေလို့ရတယ်။ အခုဆို Competitor တွေကလည်း တအားများလာတော့ လက်ရှိရင်ဆိုင်နေရတဲ့ Challenge ဆိုရင် Market က တအားကျပ်နေတာပေါ့။

အလုပ်အတူတူတွဲလုပ်ဖို့ လူတွေရွေးချယ်တဲ့အချိန်မှာ ဘယ်အရာကိုအဓိကထားလေ့လာဖြစ်လဲ။
အားနည်းချက်တွေထဲက အားသာတဲ့အပိုင်းတွေကိုရှာပြီး သွားရတာပေါ့နော်။ ဒါကလည်း Entrepreneur တွေရဲ့ Life လို့ ထင်ပါတယ်။ တစ်ယောက်နဲ့တစ်ယောက်ကြားမှာလည်း ရေရှည် Goal ကို ကြည့်ရတယ်။ သူက ဒီကိုသွားချင်တာလား။ ကိုယ်က ဒီကိုသွားချင်တာလားပေါ့။ Partner မရှိခဲ့ဘူးဆိုရင်လည်း ကိုယ့်ရဲ့လုပ်ငန်းမှာ ကျွမ်းကျင်တဲ့သူတွေကို ခေါ်ရတယ်။ ကိုယ်လည်း Ground ကိုတော့ သိကိုသိရမယ်။ ဒါပေမယ့်လည်း ရေရှည်အတွက် ကျွမ်းကျင်တဲ့သူတွေနဲ့ သွားဖို့လိုတာပေါ့။

Entrepreneur တစ်ယောက်ဖြစ်ရတာ မကြိုက်ဘူးလို့ ခံစားမိတဲ့အချက်ရောရှိလား။
မကြိုက်ဆုံးအချက်ဆိုရင်တော့ စလုပ်ခဲ့တဲ့အချိန် ပထမ (၁)နှစ်၊ (၂)နှစ်က ကိုယ်ကလွဲရင် တစ်ရုံးလုံး လစာရတယ်။ မကြိုက်တဲ့အချက်ဆိုတာထက် ကိုယ် ပေးခဲ့ရတဲ့ Sacrifice လို့ ထင်ပါတယ်။ အဲဒါတွေကတော့ တော်ရုံတန်ရုံ လူတစ်ယောက် စိတ်ဓာတ်နဲ့တော့ လုပ်လို့မရဘူးထင်ပါတယ်။ လူတွေမှာက သူတို့ရဲ့အချိန်တွေရှိတယ်လေ။ စားဝတ်နေရေးအချိန်တွေရှိတယ်။ ကိုယ်ပိုင်အချိန်တွေရှိတယ်။ အဲဒီ့အချိန်တွေတော်တော်များများကို Compromise လုပ်နိုင်မှ Entrepreneur တစ်ယောက်ရဲ့ ပုံမှန်ရနေတဲ့ဝင်ငွေလျော့သွားမှာကို လက်ခံနိုင်မယ်လို့ ထင်ပါတယ်။ တချို့တွေဆိုရင် လုပ်ကြည့်ပြီး (၆)လ၊ (၁)နှစ်လောက်နေမှ တောင့်မခံနိုင်လို့ ထွက်သွားတဲ့လူတွေလည်းရှိတာပေါ့။

ဒါဆို နောက်ထပ်လည်း ဒီလို Entrepreneur ဖြစ်ချင်တဲ့သူတွေကို ဘယ်လိုအကြံပေးချင်လဲ။
လုံး၀ Give up မလုပ်ပါနဲ့။ ဒီစကားက အရမ်း Simple ဖြစ်တယ်။ လူတိုင်းပြောကြတယ်လို့ ထင်မှာပဲ။ ဒါပေမယ့် Give up မလုပ်ခြင်းဟာ အများကြီးပေးဆပ်ရတယ်။ မရပ်လိုက်တဲ့အတွက် အနောက်က လိုက်ရတဲ့ကိစ္စတွေ အများကြီးရှိတယ်။ စိတ်အင်အားတွေလည်းပါတယ်။ ဘာပဲဖြစ်ဖြစ်ပါ။ လုပ်ဖို့ဆုံးဖြတ်ထားတယ်ဆိုရင် လုံးဝမရပ်တန့်လိုက်ပါနဲ့။ ကိုယ် ဒါကို လုပ်ချင်နေပြီဆိုရင် ကျန်တဲ့အရာတွေကို ဖယ်ထုတ်နိုင်တဲ့သတ္တိလေးရှိဖို့လည်း အကြံပေးချင်ပါတယ်။

Photo Credit : Sandi Sein Thein

Moethaesay (Akhayar)

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle