အချိန်နဲ့အမျှပြောင်းလဲလာတဲ့ ငွေကြေးစနစ်တွေအကြောင်း သင်ဘယ်လောက်သိလဲ

အချိန်နဲ့အမျှပြောင်းလဲလာတဲ့ ငွေကြေးစနစ်တွေအကြောင်း သင်ဘယ်လောက်သိလဲ

ငွေကြေးတွေမှာလည်း သူ့သမိုင်းကြောင်း၊ သူပုံပြင်နဲ့သူ ရှိတယ်လို့ ပြောရင်ယုံကြမလား မသိဘူး။ အခုသုံးစွဲနေတဲ့ ငွေကြေးတွေ မပေါ်ခင် ရှေးယခင်တုန်းက ဘာလိုနည်းစနစ်တွေကို အသုံးပြုပြီး လူတွေဟာ ရောင်းဝယ်၊ ဖောက်ကား၊ စားသောက်နေထိုင်ကြလဲဆိုတာ မသိချင်ကြဘူးလား။ ဒါကြောင့်မို့ သမိုင်းကြောင်းတစ်လျှောက်ကနေ ယနေ့ခေတ်အထိ ငွေကြေး ဘယ်လိုအဆင့်ဆင့်ပြောင်းလဲလာ ပေါ်ပေါက်လာလဲဆိုတဲ့ ပြောင်းလဲပုံအဆင့်ဆင့်ကို စာဖတ်သူတွေ ဗဟုသုတတိုးစေဖို့ ရည်ရွယ်ပြီး စုစည်းဖော်ပြပေးလိုက်ပါတယ်။

ကုန်ပစ္စည်းဖလှယ်ရောင်းဝယ်ဖောက်ကားတာမျိုး( Barter System)
Barter Exchange System ဆိုတာက ရောင်းဝယ်ဖောက်ကားမှုစနစ်တွေထဲမှာ လူသိများတဲ့ ပုံစံတစ်ခုဖြစ်ပါတယ်။ ဘယ်လိုပုံစံမျိုးလဲဆိုတော့ လူတွေဟာ သူတို့လိုချင်တဲ့ ပစ္စည်းတွေကို အပြန်အလှန်လဲလှယ်ပြီး ရယူကြတာဖြစ်ပါတယ်။ ဘယ်လိုမျိုးလဲဆိုတာ မြင်အောင်ပြောရရင် ကြက်သွန်ရှိတဲ့သူက ဆန်လိုချင်ရင် ကြက်သွန်နဲ့ ဆန်ကို လဲလှယ်တာမျိုး ဖြစ်ပါတယ်။ အဲ့ခေတ်တုန်းက ဝယ်ယူတာမျိုး မရှိသေးပါဘူး။ လိုချင်တာရှိရင် လဲလှယ်လိုက်တာနဲ့ ရပါတယ်။ အဲ့ဒီအချိန်တုန်းက လူတွေရဲ့ လိုအပ်ချက်တွေကလည်း အရမ်းမမြင့်မားသေးတဲ့အတွက် ဒီစနစ်ဟာ အရမ်းကို အဆင်ပြေခဲ့ပါတယ်။ နောက်ပိုင်းမှာ တဖြည်းဖြည်းနဲ့ ချေးငှားတာတွေ၊ ကုန်သွယ်တာတွေ၊ သိုလှောင်သိမ်းဆည်းတာတွေ၊ တန်ဖိုးဖြတ်တာတွေနဲ့ ပတ်သက်ပြီး ပြဿနာတွေ ထွက်ပေါ်လာပါတယ်။ အဲဒီလိုပြဿနာတွေ ထွက်ပေါ်လာပြီး အဆင်မပြေဖြစ်ခဲ့ရာကနေ နောက်ထပ်နည်းလမ်းသစ်တွေကို ပြောင်းသုံးဖို့ နည်းလမ်းရှာရာကနေ ပိုက်ဆံတွေ ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။

ဒင်္ဂါးပြားများ
သမိုင်းကြောင်းတွေအရ ဘီစီ ၅,၀၀၀ လောက်တုန်းက ဒင်္ဂါးပြားတွေဟာ ဈေးကွက်တွေထဲမှာ ရွှေ၊ ငွေနဲ့ ကြေးဆိုပြီး အမျိုးအစားသုံးမျိုးနဲ့ စတင် စီးဆင်းလည်ပတ်လာခဲ့ပါတယ်။ တိုင်းပြည်တစ်ခုနဲ့ တစ်ခုချစ်ကြည်ရေးအတွက် ငွေဒင်္ဂါးများဆက်သပြီး ချစ်ကြည်ရေးတွေ ထူထောင်ခဲ့ကြတာမျိုးလည်း ရှိပါတယ်။ အဖိုးတန်တဲ့ ဒီဒင်္ဂါးတွေ ဈေးကွက်တွေထဲမှာ လည်ပတ်စီးဆင်းနေခဲ့ပေမယ့်လည်း ကုန်ပစ္စည်းဖလှယ်ရောင်းဝယ်ဖောက်ကားတုန်းက ဖြစ်ခဲ့တဲပြဿနာဟာ ပြေလည်လာတာမျိုး သိပ်မရှိခဲ့ပါဘူူး။ ဒင်္ဂါးတွေနဲ့ ပတ်သက်ပြီး စံချိန်စံညွှန်းပြည့်မီတဲ့ ဒင်္ဂါးပြားတွေကို ပထမဆုံးစတင် မိတ်ဆက်ခဲ့သူကတော့ Lydians လူမျိုး ဖြစ်ပါတယ်။ Lydians လူမျိုးဟာ ဒင်္ဂါးပြားကို အနောက်တိုင်းယဉ်ကျေးမှုမှာ ပထမဦးဆုံးအသုံးပြုနိုင်အောင် မိတ်ဆက်ပေးခဲ့သူလည်း ဖြစ်ပါတယ်။ ဒင်္ဂါးတွေဟာ  ငွေကြေးဖလှယ်မှုအတွက် လွယ်ကူအဆင်ပြေချောမွေ့ပေမယ့် သယ်ဆောင်ရတာ အလေးချိန်စီးတဲ့အတွက် လူသားတွေဟာ တမျိုးတဖုံ ပြောင်းလဲတီထွင်လာကြပါတယ်။

ငွေစက္ကူများ
ငွေစက္ကူကို အေဒီ (၇) ရာစုမှာ စတင်အသုံးပြုခဲ့တယ်လို့ မှတ်တမ်းမှတ်ရာအရ သိရပါတယ်။၁၉ ရာစုမှာ ဘဏ်တွေက သူတို့ရဲ့ ကိုယ်ပိုင်ငွေကြေးတွေကို အမျိုးအစားတွေခွဲခြားသတ်မှတ်ပြီး ထုတ်ပေးခဲ့ပါတယ်။ ဒါပေမယ့် ဗဟိုဘဏ်ကတော့ မမျှော်လင့်ထားဘဲ လက်ခံဖို့ခက်ခဲတဲ့ ပြဿနာတွေ ဖြစ်လာတဲ့အခါမှာတော့ အဲဒီငွေစက္ကူတွေကို ဖယ်ရှားလိုက်ပါတယ်။ နောက်ပိုင်းမှာတော့ ဗဟိုဘဏ်ကပြန်ပြီးတော့ စည်းမျဉ်းစည်းကမ်းတွေ ချမှတ်ပေးပြီး ငွေစက္ကူတွေ ပြန်ထုတ်ပေးခဲ့ပါတယ်။ ယနေ့ခေတ်မှာတော့ နိုင်ငံအသီးသီးအတွက် ငွေကြေးလိုအပ်ချက်တွေကို လုံခြုံစိတ်ချမှုရရှိဖို့အတွက် အစိုးရအာဏာပိုင်တွေကနေ တာဝန်ယူထုတ်ပေးနေပါတယ်။

နည်းပညာသုံးငွေကြေးများ
နည်းပညာတိုးတက်မှုတွေ ကြောက်ခမန်းလိ ဖြစ်လာတဲ့အခါမှာ စက်ပစ္စည်းတွေ အများကြီးထွက်ပေါ်လာသလို နေ့စဉ် လူနေမှုဘဝတွေမှာလည်း သိပ္ပံနည်းပညာရဲ့ အကူအညီတွေကြောင့် ပိုမိုလွယ်ကူ အဆင်ပြေချောမွေ့ လျင်မြန်လာပါတယ်။ နည်းပညာတိုးတက်မှုကြောင့် ငွေသားပိုက်ဆံတွေ ကိုင်တွယ်အသုံးပြုတဲ့ခေတ်ကနေ ငွေသားတွေ မကိုင်တော့ဘဲ ချက်လက်မှတ်သုံးတာတွေ၊ Mobile Banking လို့ခေါ်တဲ့ အွန်းလိုင်းကို အသုံးပြုပြီး ငွေလွဲတာတွေ၊ ATM ကဒ်တွေကို အသုံးချပြီး ငွေရှင်းတာတွေ လုပ်တဲ့အထိ ခေတ်မီလာပါတယ်။

ဒီလောက်ဆိုရင် ရှေးယခင်ခေတ်ကေနေ အခုချိန်ထိ ငွေကြေးတွေ ဘယ်လိုအဆင့်ဆင့် တိုးတက်ပြောင်းလဲလာလဲဆိုတာကို သေသေချာချာလေး သိသွားလောက်ပြီလို့ထင်ပါတယ်။ ၂၁ ရာစုဆိုတဲ့ တိုးတက်ခေတ်မီမှုမြန်တဲ့ ခေတ်ကြီးထဲမှာ နေထိုင်မယ်ဆိုရင်တော့ ငွေသားတွေကိုပဲကိုင်နေတာမျိုးကလည်း လူကိုလည်း အန္တရာယ်များစေနိုင်သလို မတော်တဆကျပျောက်သွားမယ်ဆိုရင်လည်း ကိုယ်ရှာဖွေ စုဆောင်းထားတဲ့ ချွေးနှဲစာတွေဖြစ်လို့ နှမြောဖို့ကောင်းပါတယ်။ အဲဒီလိုမဖြစ်ရအောင် ဘယ်နိုင်ငံကိုပဲ ရောက်ရောက်၊ ဘယ်နေရာကိုပဲရောက်ရောက် သုံးလို့ရတဲ့ Union Pay Card လေးတွေလုပ်ထားဖို့ အကြံပေးချင်ပါတယ်နော်။

ကဒ်လေးတွေ သယ်ရတာက ငွေသားသယ်ရသလို လေးလံနေတာမျိုးလည်း မဖြစ်သလို ငွေထုပ်ကြီး ကျပျောက်သွားရင်လည်း ဘယ်လိုလုပ်မလဲဆိုတဲ့ စိတ်ပူစရာတွေလည်း လျော့သွားပါလိမ့်မယ်။ ခေတ်မီတိုးတက်တဲ့ ခေတ်ကြီးထဲမှာ ခေတ်နဲ့အညီ လိုက်ပါစီးမျောတာက လူကိုလည်း သက်သောင့်သက်သာနဲ့ လွယ်ကူအဆင်ပြေနေစေမှာမို့ ခေတ်နောက်ကို လိုက်ပါစီးမျောလိုက်ပါလို့ တိုက်တွန်းချင်ပါတယ်။

Photo Credit and Reference: PixCove, thriveglobal.com

H.H(Akhayar)

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle