၂ဝ၁၉ခုနှစ်မှာ Forbes မဂ္ဂဇင်းက ထုတ်ပြန်ခဲ့တဲ့ ဘီလျံနာစာရင်း

၂ဝ၁၉ခုနှစ်မှာ Forbes မဂ္ဂဇင်းက ထုတ်ပြန်ခဲ့တဲ့ ဘီလျံနာစာရင်း

၂ဝ၁၉ခုနှစ် မေလ (၅) ရက်နေ့မှာ Forbes မဂ္ဂဇင်းဟာ ဘီလျံနာစာရင်းကို ထုတ်ပြန်ခဲ့ပါတယ်။ Forbes မဂ္ဂဇင်းဟာ ၁၉၈၇ခုနှစ်တည်းက နှစ်စဉ်ထုတ်ပြန်ခဲ့တာဖြစ်ပြီး လက်ရှိအချိန်မှာ ၂၂ နှစ်တိုင်ခဲ့ပြီလို့ ဆိုရမှာပါ။ ၂ဝ၁၉ခုနှစ်မှာတော့ ကမ္ဘာပေါ်မှာ ဘီလျံနာပေါင်း ၂,၁၅၃ ဦးရှိပြီး သူတို့ရဲ့ အသားတင်ပိုင်ဆိုင်မှုဟာ ဒေါ်လာ ၈.၇ ထရီလီယံ (ဒေါ်လာ ၈,၇ဝဝ ဘီလီယံ) ရှိတယ်လို့ ဖော်ပြထားပါတယ်။ ၂ဝ၁၈ခုနှစ်မှာ ဘီလျံနာပေါင်း ၂,၂ဝ၈ ဦးပဲရှိသေးတဲ့အတွက် ဘီလျံနာအရေအတွက်ဟာ ၂.၅၅ ရာခိုင်နှုန်းအထိ တိုးတက်လာတယ်လို့ ဆိုရမှာပါ။

ဘီလျံနာအရေအတွက် တိုးတက်လာပေမယ့် အသားတင်ပိုင်ဆိုင်မှုက လျော့ကျသွားတယ်လို့ သတ်မှတ်နိုင်ပါတယ်။ ဘီလျံနာပေါင်း ၂,၂ဝ၈ ဦးပဲ ရှိသေးတဲ့ ၂ဝ၁၈ခုနှစ်မှာတုန်းက သူတို့ရဲ့ အသားတင်ပိုင်ဆိုင်မှုဟာ ဒေါ်လာ ၉.၁ ထရီလီယံ (ဒေါ်လာ ၉,၁ဝဝ ဘီလီယံ) အထိကို ရှိခဲ့တာပါ။ ဒါ့ကြောင့် ၂ဝ၁၉ခုနှစ်မှာ အသားတင်ပိုင်ဆိုင်မှုအရေအတွက်ဟာ ဒေါ်လာ ၄ဝဝ ဘီလီယံလောက် ကျဆင်းသွားတယ်လို့ ဆိုနိုင်ပါတယ်။ ဒါတွေဟာ ၂ဝ၁၈ခုနှစ်မှာ ဖြစ်သွားခဲ့တဲ့ နည်းပညာဂယက်တွေရယ် ပြီးတော့ တရုတ် – အမေရိကန်ကုန်သွယ်မှုစစ်ပွဲတွေကြောင့်လို့ ဆိုရမှာပါ။

ဘီလျံနာ ၂၄၇ ဦးဟာ ၂ဝ၁၉ခုနှစ်မှာ ဘီလျံနာဂုဏ်ပုဒ်က ပြုတ်သွားခဲ့ပြီး ဒီပမာဏဟာ ၂ဝ၁၈ခုနှစ် ဘီလျံနာအရေအတွက်ရဲ့  ၁၁ ရာခိုင်နှုန်းအထိကို ရှိခဲ့တာပါ။ ဒါပေမယ့် ၂ဝ၁၉ခုနှစ်မှာ လုပ်ငန်းရှင် ၁၉၅ ဦးအထိ ဘီလျံနာစာရင်းဝင်လာခဲ့ပါတယ်။ အသစ်စက်စက် ဘီလျံနာ ၁၉၅ ဦးထဲမှာ အချမ်းသာဆုံးပုဂ္ဂိုလ်က Colin Huang ပါပဲ။ သူတည်ထောင်ခဲ့တဲ့ Pinduoduo ဝက်ဘ်ဆိုက်ဟာ အများပိုင်ရှယ်ယာထုတ်ရောင်းခဲ့ပြီး သူ့ရဲ့ အသားတင်ကြွယ်ဝမှုက ဒေါ်လာ ၁၅.၈ ဘီလီယံဖြစ်လာခဲ့ပါတယ်။ Jeff Bezos ရဲ့ အသားတင်ကြွယ်ဝမှုဟာ ဒေါ်လာ ၁၃၈.၁ ဘီလီယံအထိရှိပြီး ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်ဆိုတဲ့ ဂုဏ်ပုဒ်ကို ဆက်ထိန်းနိုင်ခဲ့ပါတယ်။  ၂၁နှစ်ရှိပြီဖြစ်တဲ့ Kylie Jenner ဟာ ၂ဝ၁၉ခုနှစ်မှာ ဘီလျံနာဖြစ်လာခဲ့ပြီး အသက်အငယ်ဆုံးဘီလျံနာအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

Reference  – Business Insider ၊ Forbes

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle