ကမ္ဘာ့အကျန်းမာဆုံး ထိပ်တန်းနိုင်ငံတွေက ဘယ်နိုင်ငံတွေ ဖြစ်မလဲ

ကမ္ဘာ့အကျန်းမာဆုံး ထိပ်တန်းနိုင်ငံတွေက ဘယ်နိုင်ငံတွေ ဖြစ်မလဲ

Bloomberg Healthiest Country Index အရတော့ ဒီနှစ်ရဲ့ ကမ္ဘာ့အကျန်းမာဆုံးနိုင်ငံထိပ်တန်းစာရင်းမှာ စပိန်က အီတလီကို ကျော်ဖြတ်ပြီး ထိပ်ဆုံးရောက်ရှိသွားပြီ ဖြစ်ပါတယ်။ ဒီစာရင်းဟာ နိုင်ငံပေါင်း ၁၆၉ နိုင်ငံကို အခြေခံထားပြီး ထိပ်တန်း ၁၀ နိုင်ငံထဲက ၆ နိုင်ငံဟာ ဥရောပက ဖြစ်ပါတယ်။

အမေရိကန်ပြည်ထောင်စုကတော့ ထိပ်ဆုံး နိုင်ငံ ၃၀ ထဲတောင် မပါလာဘဲ နံပါတ် ၃၅ နေရာမှာပဲ ရပ်တည်နိုင်ခဲ့ပါတယ်။ ကမ္ဘာ့အကျန်းမာဆုံး ထိပ်တန်း နိုင်ငံ ၁၀ နိုင်ငံစာရင်းကတော့ ဒီလိုပါဗျာ။

Spain
Italy
Iceland
Japan
Switzerland
Sweden
Australia
Singapore
Norway
Israel
ဒီလို စစ်တမ်းထုတ်နိုင်ဖို့အတွက် Bloomberg ဟာ နိုင်ငံအလိုက် လူ့သက်တမ်း၊ အဝလွန်ခြင်းနဲ့ ဆေးလိပ်သောက်သုံးမှုစတဲ့ အကြောင်းအချက်တွေကို ထည့်စဉ်းစားခဲ့သလို သောက်သုံးရေသန့်ရရှိတာနဲ့ မိလ္လာစနစ်စတာတွေကိုလည်း ထည့်သွင်းတွက်ချက်ခဲ့ပါတယ်။

ကျွမ်းကျင်သူတွေရဲ့ ပြောကြားချက်အရတော့ မြေထဲပင်လယ်ဒေသမှာ စားသုံးတဲ့ Diet ပုံစံအလေ့အထဟာ စပိန်နိုင်ငံနဲ့ အီတလီနိုင်ငံတို့ကို ကျန်းမာရေးကောင်းမွန်တဲ့ ပုံစံရရှိစေတာ ဖြစ်ပါတယ်။ အသီးအနှံ၊ ငါး၊ အစေ့အဆံ၊ သံလွင်ဆီနဲ့ ထောပတ်သီးလို အစားအစာတွေကို စားသုံးတာက ကျန်းမာတဲ့ စားသောက်မှုပုံစံကို ရရှိစေတာ ဖြစ်ပါတယ်။

မြေထဲပင်လယ် Diet စားသောက်မှုပုံစံဟာ နှလုံးရောဂါဖြစ်နိုင်ခြေကို လျော့ကျစေသလို မကောင်းတဲ့ ကိုလက်စထရောတွေကိုလည်း လျှော့ချပေးနိုင်ပါတယ်။ Alzheimer ရောဂါ ၊ Parkinson ရောဂါနဲ့ ကင်ဆာ ဖြစ်နိုင်ခြေကိုလည်း လျှော့ချပေးပါတယ်။ စပိန်နိုင်ငံသားတွေဟာ သူတို့ရဲ့ နိုင်ငံကျန်းမာရေးဌာနက အဓိကလုပ်ဆောင်နေတဲ့ ကြိုတင်ကာကွယ်ဂရုစိုက်မှုကိုလည်း ရနေတဲ့အတွက် ဒီလို ကျန်းမာရခြင်း ဖြစ်ပါတယ်။

အမေရိကန်နိုင်ငံအနေနဲ့ ဒီစာရင်းထဲမှာ မပါဝင်နိုင်တာက အမေရိကန်တွေရဲ့ အဝလွန်မှုပြဿနာကြောင့် ဖြစ်ပါတယ်။ အမေရိကန်ရောဂါထိန်းချုပ်ကာကွယ်ရေးစင်တာတွေရဲ့ ကိန်းဂဏန်းတွေအရဆိုရင် အရွယ်ရောက်ပြီးသား အမေရိကန်တွေရဲ့ ၄၀% (လူပေါင်း ၉၃.၃ သန်းလောက်) ဟာ အဝလွန်နေကြတယ်လို့ ပြဆိုပါတယ်။ အမေရိကန်ရဲ့ လူ့သက်တမ်းကို ကျဆင်းစေတဲ့ တခြားအချက်တွေကတော့ ဘဝကို စိတ်ကုန်နေလို့ လုပ်မိလုပ်ရာလုပ်တာတွေကြောင့်လည်း ဖြစ်ပါတယ်။ ဥပမာ ကိုယ့်ကိုယ့်ကိုယ် သေကြောင်းကြံစည်တာ၊ မူးယစ်ဆေးဝါးအလွဲသုံးတာနဲ့ အရက်အလွန်အကျွံသောက်သုံးတာတွေကြောင့်ပဲ ဖြစ်ပါတယ်။

သူတို့ထက်ဆိုးတာကတော့ Sub-Saharan Africa နိုင်ငံတွေ ဖြစ်တဲ့ ဆာဟာရသဲကန္တာရတောင်ဘက်က အာဖရိကနိုင်ငံတွေဟာ ကမ္ဘာ့ကျန်းမာမှုမရှိဆုံးနိုင်ငံ ၃၀ ထဲမှာ ၂၇ နိုင်ငံတောင် ပါဝင်နေတာပဲ ဖြစ်ပါတယ်။ ဟေတီ၊ အာဖဂန်နစ္စတန်နဲ့ ယီမင်နိုင်ငံတွေဟာ ကမ္ဘာ့ကျန်းမာမှုမရှိဆုံးနိုင်ငံတွေထဲမှာမှ အောက်ဆုံးအဆင့်မှာ တည်ရှိနေခဲ့တာ ဖြစ်ပါတယ်။

Yoe Lu (Akhayar)

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle