အသက်ရှည်နည်းကို မျှဝေပေးခဲ့တဲ့ ကမ္ဘာ့အသက်အရှည်ဆုံးလူသား Kane Tanaka

အသက်ရှည်နည်းကို မျှဝေပေးခဲ့တဲ့ ကမ္ဘာ့အသက်အရှည်ဆုံးလူသား Kane Tanaka

ဂျပန်နိုင်ငံဟာ ကမ္ဘာ့အသက်ရှည်ဆုံးနိုင်ငံစာရင်းဝင်တယ်ဆိုတာ အားလုံးသိကြမယ်ထင်ပါတယ်။ ကမ္ဘာ့အသက်ရှည်ဆုံးလူသားဟာ ဘယ်သူလဲ၊ ဘယ်နိုင်ငံကလဲလို့ Google မှာ ရှာကြည့်လိုက်ရင်လည်း ဂျပန်နိုင်ငံကို ထိပ်ဆုံးက တွေ့ရမှာပါ။ လက်ရှိအချိန်မှာ ကမ္ဘာ့အသက်ရှည်ဆုံးလူသားကတော့ ဂျပန်နိုင်ငံသူ Kane Tanaka ပဲဖြစ်ပါတယ်။ သူမဟာ ၁၁၆ နှစ် ၄လ ၂၇ ရက်တောင် ရှိပါပြီ။

Kane Tanaka ဟာ ၁၉၀၃ ခုနှစ် ဇန်နဝါရီလ ၂ ရက်နေ့မှာ မွေးဖွားခဲ့တာ ဖြစ်ပါတယ်။ အဲဒီအချိန်တုန်းက Wright Brothers ညီနောင်လည်း ပထမဆုံးလေယာဉ်ပျံကို မတီထွင်နိုင်သေးသလို ပထမကမ္ဘာစစ်ကြီးလည်း မဖြစ်သေးပါဘူး။ သူမဟာ မိသားစုထဲမှာ သတ္တမမြောက် ဖြစ်ပါတယ်။

သူမဟာ ၁၉၂၂ခုနှစ်မှာ Hideo Tanaka နဲ့ လက်ထပ်ခဲ့တုန်းက ၁၉နှစ်ပဲ ရှိပါသေးတယ်။ သားသမီးလေးဦး ထွန်းကားခဲ့ပြီး လက်ရှိအချိန်မှာတော့ မြေးမြစ်တွေနဲ့ ပြုံးပျော်နေသူပါ။ သူမဟာ အသက်ရာကျော်ရှည်တဲ့အထိ ဘာကြောင့်နေနိုင်ရလဲဆိုတဲ့ မေးခွန်းက လူတိုင်းအတွက် စိတ်ဝင်စားစရာပါ။


Kane Tanaka ကျင့်သုံးတဲ့ အသက်ရှည်ရှည်နေနိုင်ရတဲ့ လျှို့ဝှက်နည်းလမ်းတွေကတော့ ဘာမှ ထူးထူးခြားခြားကြီး မဟုတ်ဘဲ ရိုးရှင်းပါတယ်လို ဆိုဖူးပါတယ်။ ဘယ်လိုတွေ ရိုးရှင်းလဲဆိုရင် အချက်လေးချက်ပဲရှိပါတယ်တဲ့။ ကျန်းမာရေးစရိတ်စကတွေ အရမ်းကြီးမြင့်လာတဲ့ ဒီနေ့ခေတ်ကြီးမှာ ဒီလိုလျှို့ဝှက်ချက်လေးတွေ သိထားပြီး ပြန်လည်အသုံးချနိုင်ရင် ငွေကို တစ်ဖက်တစ်လမ်းကနေ ချွေတာလို့ရစေမှာပါနော်။

အိပ်ရာ စောစောထတယ်
အဘွား Kane Tanaka ဟာ နေ့စဉ်နေ့တိုင်း မနက်ခြောက်နာရီ အိပ်ရာထပြီး သူမရဲ့တစ်နေ့တာကို စတင်ပါတယ်တဲ့။ အိပ်ရာစောစောထတာဟာ သူူမကို ကျန်းမာအသက်ရှည်အောင် တစ်ဖက်တစ်လမ်းကနေ ကူညီပေးပါတယ်တဲ့ ။ “စောစောအိပ်ထ ပြုကျင့်က တွင်းပကိုယ်ခန္ဓာ။ ရောဂါခပ်သိမ်း ရှောင်ခွာတိမ်း ကင်းငြိမ်းလွန်ချမ်းသာ” ဆိုတဲ့ ကဗျာလေးလိုပေါ့။

ဦးနှောက်ကို အမြဲအလုပ်ပေးတယ်
အသက်ကြီးလာတာနဲ့ ဖြစ်လေ့ဖြစ်ထရှိတာက မှတ်ဉာဏ်မကောင်းတော့တာမျိုးပါ။ မှတ်ဉာဏ်မကောင်းတာမျိုး ဖြစ်လာတဲ့အခါ ကိုယ်နဲ့အတူနေတဲ့ မိသားစုဝင်တွေကိုလည်း ဒုက္ခပေးရာရောက်လို့ အဘွားဟာ အဲ့ဒီလို မဖြစ်ရလေအောင် ဦးနှောက်ကို အမြဲအလုပ်ပေးနေပါတယ်တဲ့။ သူမဟာ မေ့တတ်တာမျိုးမဖြစ်စေဖို့ ဦးနှောက်ကို အလုပ်ပေးတဲ့အနေနဲ့ စာဖတ်ပေးတာနဲ့ သချာၤပုစ္ဆာလိုမျိုး တွတ်ချက်ရတာတွေကို အမြဲလိုလို လေ့လာလိုက်စားပါတယ်တဲ့။

တက်တက်ကြွကြွ နေထိုင်တယ်
Kane Tanaka ဟာ Board Game ကစားတဲ့နေရာမှာ တစ်ဖက်ကမ်းခတ်ကျွမ်းကျင်တဲ့သူ ဖြစ်တဲ့အတွက် မိသားစုဝင်တစ်ဦးဦးနဲ့ အမြဲဆော့လေ့ရှိပါတယ်။ သားသမီး၊ မြေးမြစ်တွေနဲ့ ဆော့လိုက် ငြင်းခုံလိုက်ပေါ့။ အဲဒီလို ဆော့ကစားပေးတာက သူမကို တက်ကြွလန်းဆန်းစေပါတယ်တဲ့။ အဘွားအကြိုက်ဆုံး ဂိမ်းကတော့ Othello (Reversi) ပါ။ သက်ကြီးရွယ်အိုတွေအတွက် ဒီနည်းလမ်းက တကယ်ကို အသုံးဝင်ပါတယ်။

ချောကလတ်စားတယ်၊ ကော်ဖီသောက်တယ်
ဒီအချက် တကယ်မှန်တယ်ဆိုရင် ပျော်စရာကြီးပါနော်။ ဘာကြောင့်လဲဆိုတော့ လူတော်တော်များများဟာ ချောကလတ်နဲ့ ကော်ဖီကိုလည်း ကြိုက်နှစ်သက်တတ်ကြလို့ ဒီအချက်သာ အပြည့်အဝမှန်ကန်ရင် လူတိုင်း လိုက်နာကျင့်သုံးဖို့ အဆင်ပြေစေမှာပါ။ အဘွားကတော့ Guinness World Record Ceremony မှာ ချောကလတ်လက်ဆောင်ပေးတဲ့အခါ ချက်ချင်းကို ဖောက်ပြီး စားတော့တာပဲ။ ချောကလတ်မှာ ပါဝင်တဲ့ ဓာတ်တချို့ဟာ ကျန်းမာရေးကို ကောင်းကျိုးပြုစေတဲ့အတွက် ကျန်းမာနေတာများလားတော့ မပြောတတ်ပါဘူး။ ပရိသတ်ကြီးရော ဘယ်လိုထင်လဲ။

မိသားစုသိုက်သိုက်ဝန်းဝန်းနဲ့ နေထိုင်နိုင်တာကလည်း အဘွားကို ကျန်းမာအသက်ရှည်စေပြီး ပျော်ရွှင်နေအောင် ကူညီပေးတဲ့ အဓိကအကြောင်းအရင်းလို့ ဆိုရမှာပါ။ သူမဟာ ဘယ်လောက်ပဲ စိတ်ဓာတ်ကျစရာအကြောင်းအရာတွေပဲ ကြုံကြုံ မျှော်လင့်ချက်၊ စိတ်ကူးအိပ်မက်တွေကို လွှတ်ချလိုက်တာမျိုး မလုပ်ပါဘူး။

ချစ်ရတဲ့ မိသားစုဝင်တွေနဲ့အတူ အသက် ၁၂၀ အထိ ကျန်းကျန်းမာမာနဲ့ နေထိုင်ချင်ပါသေးတယ်ဆိုပြီး ဖြေဖူးပါတယ်။ ဒီလို ကျန်းမာပျော်ရွှင်ပြီး အသက်ရှည်အောင်နေထိုင်နိုင်တဲ့ နည်းလမ်းကောင်းတွေကို ဝေမျှပေးတဲ့အဘွားကို အသက် ၁၁၆ ကနေ အဘွားနေချင်တဲ့ အသက် ၁၂၀ ကျော်တဲ့အထိ ပျော်ပျော်ရွှင်ရွှင် ကျန်းကျန်းမာမာ နေထိုင်နိုင်ဖို့ ဝိုင်းပြီး ဆုတောင်းပေးလိုက်ကြရအောင်နော်။

H.H(Akhayar)

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle