Theresa May ဟာ ဗြိတိန်ဝန်ကြီးချုပ်ရာထူးက နှုတ်ထွက်ကြောင်း ကြေညာခဲ့ပြီ

Theresa May ဟာ ဗြိတိန်ဝန်ကြီးချုပ်ရာထူးက နှုတ်ထွက်ကြောင်း ကြေညာခဲ့ပြီ

Theresa May ဟာ ဗြိတိန်ဝန်ကြီးချုပ်ရာထူးက နှုတ်ထွက်တော့မယ်ဖြစ်ကြောင်း ၂ဝ၁၉ခုနှစ် မေလ (၂၄) ရက်နေ့မှာ တရားဝင်ကြေညာခဲ့ပါတယ်။ ကမ္ဘာတလွှားမှာ အံ့အားသင့်ခဲ့ရတဲ့ သတင်းဖြစ်ခဲ့သလို ဗြိတိန်နိုင်ငံရေးအသိုင်းအဝိုင်းမှာလည်း လှုပ်ခတ်ခဲ့ပါတယ်။ သူမဟာ ဇွန်လ (၇) ရက်နေ့မှာ နှုတ်ထွက်မှာဖြစ်ကြောင်း အတည်ပြုပြောကြားခဲ့တာပါ။

သူမဟာ ဗြိတိန်ဝန်ကြီးချုပ်ရာထူးကို တာဝန်ထမ်းဆောင်ခဲ့ရတဲ့အတွက် ဂုဏ်ယူမိပါကြောင်း၊ Brexit (ဥရောပသမဂ္ဂမှ ဗြိတိန်နိုင်ငံ နှုတ်ထွက်ရေးအစီအစဉ်) ကို အကောင်းဆုံးကြိုးစားခဲ့ကြောင်းနဲ့ ရာထူးကို ဆက်လက်တာဝန်မယူနိုင်တော့တဲ့အတွက်ဝမ်းနည်းမိပါကြောင်းပြောဆိုသွားပါတယ်။ ဗြိတိန်အစိုးရအနေနဲ့ ဝန်ကြီးချုပ်အသစ်ကို မရွေးချယ်ရသေးကြောင်းသိရပါတယ်။

၂ဝ၁၆ခုနှစ် ဇူလိုင်လ (၁၆) ရက်နေ့မှာ ဝန်ကြီးချုပ်ရာထူးကို ထမ်းဆောင်ခဲ့တဲ့ (၂) နှစ် (၁ဝ) လအကြာမှာ နှုတ်ထွက်ခဲ့တာဖြစ်ပါတယ်။ Brexit ကိစ္စနဲ့ ပတ်သက်ပြီး သူမဟာ နိုင်ငံရေးအသိုင်းအဝိုင်းကြားမှာ ဖိအားတွေနဲ့ ရင်ဆိုင်ခဲ့ရပြီး နှုတ်ထွက်ခဲ့တာဖြစ်တယ်လို့ ဝေဖန်ကြပါတယ်။ သူမဟာ Margaret Thatcher ပြီးရင် ဒုတိယမြောက်ဗြိတိန်ဝန်ကြီးချုပ်အဖြစ်မှတ်တမ်းဝင်ခဲ့ပြီဖြစ်ပါတယ်။

Reference and Photo Credit – BBC ၊ CNBC

Kyaw Soe Aung (Akhayar)

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle