ဟိုတယ်သန့်ရှင်းရေးဝန်ထမ်းတွေက သင့်ကိုပြောချင်ရဲ့သားနဲ့ မပြောဖြစ်တဲ့စကားများ

ဟိုတယ်သန့်ရှင်းရေးဝန်ထမ်းတွေက သင့်ကိုပြောချင်ရဲ့သားနဲ့ မပြောဖြစ်တဲ့စကားများ

ဟိုတယ်သန့်ရှင်းရေးဝန်ထမ်းတွေဆိုတာ အမှန်တကယ်မှာတော့ အရာရာကိုတော်တော်သည်းခံရပြီး စိတ်ဖိစီးမှုလည်းတော်တော်မာျးတဲ့သူတွေပါ။ သူတို့ဆီမှာလုပ်ငန်းခွင်အတွင်း ရင်ဆိုင်ရတဲ့အခက်အခဲတွေရှိပေမယ့်လည်း အလုပ်ထုတ်ခံရမှာတို့ ၊ ဧည့်သည်ကစိတ်ဆိုးလို့ အတိုင်ခံရမှာတို့ကိုကြောက်ရတာကြောင့် ဖွင့်မပြောရဲတဲ့အရာတွေရှိပါတယ်။ ဒါကြောင့် Business Insider ကနေပြီးတော့ ဟိုတယ်သန့်ရှင်းဝန်ထမ်းတွေကို စုံစမ်းမေးမြန်းထားပြီး သူတို့အနေနဲ့ပြောချင်ပေမယ့်  ပြောလို့မရတဲ့အချက်တွေကို စပ်ဆက်သလောက် ဖော်ပြပေးထားပါတယ်။

အခန်းပြန်အပ်တော့မယ်ဆိုရင် အခန်းထဲကအရာအားလုံးကို ပိတ်သွားစေချင်တယ်တဲ့
အခန်းအပ်တဲ့တချို့ဧည့်သည်တွေက မေ့လို့ဖြစ်စေ ၊ သတိမပြုမိလို့ဖြစ်စေ တီဗီတွေဖွင့်ခဲ့တာတို့ ၊ သီချင်းတွေဖွင့်ခဲ့တာတို့ လုပ်တတ်ကြတယ်တဲ့။ ဒီတော့ဟိုတယ်ကသန့်ရှင်းရေးဝန်ထမ်းအနေနဲ့ အခန်းထဲမှာလူရှိလား မရှိဘူးလား ၊ အထဲကိုဝင်လို့ရရဲ့လားဆိုတာတွေကို ခန့်မှန်းရတော့တာပေါ့။ ဒါကြောင့်ဧည့်သည်ကိုအနှောင့်အယှက်မဖြစ်စေရအောင် ကောင်တာကိုလှမ်းပြီးမေးရတယ်။ ဒါပေမယ့်ဟိုတယ်ရဲ့ဧည့်ကောင်တာဆိုတာကလည်း ဧည့်သည်တွေပြန်တဲ့အချိန်ဆိုအရမ်းအလုပ်များတော့ သူတို့လှမ်းလှမ်းမေးနေတာက အလုပ်ကိုအနှောင့်အယှက်ဖြစ်စေတယ်လေ။ နောက်ပြီးဟိုတယ်သန့်ရှင်းရေးဝန်ထမ်းတွေ ဖြစ်စေချင်သေးတာက အခန်းကိုပြန်အပ်ပြီဆိုရင် ‘Do Not Distrub’ Sign ကို ဖြုတ်ဖို့မမေ့စေချင်တာလေးပေါ့။ ဖြစ်သင့်ပါတယ်လေ။ မဟုတ်ရင်လူရှိတယ်ထင်ပြီး အထဲမဝင်တော့မှ အလုပ်မှာအဆူခံနေမှာပေါ့။

ဟိုတယ်ရဲ့လက်ဆေးကန်တွေမှာ ဆံပင်မဆိုးစေချင်ဘူးတဲ့
တစ်ခုရှိတာက မြန်မာနိုင်ငံမှာတော့ ဟိုတယ်ရောက်မှဆံပင်ဆိုးတဲ့သူတွေ ရှိလားမရှိလားမသိဘူးပေါ့။ ဒါပေမယ့်ရှိခဲ့မယ်ဆိုရင်လည်း ဟိုတယ်ဝန်ထမ်းတွေအနေနဲ့ ဟိုတယ်လက်ဆေးကန်မှာ အရောင်တွေမဆိုးစေချင်လောက်ဘူး။ ဘာလို့လဲဆိုတော့ လက်ဆေးကန်လှလှလေးမှာ စွန်းသွားမယ့်အရောင်တွေကိုချွတ်ရတာ တစ်နာရီလောက်ကြာပါတယ်တဲ့။ တစ်ခါတလေဆိုရင် ကျွတ်ဖို့တောင်မနည်းလုပ်ယူရတယ်တဲ့။ ဒါကဟိုတယ်ရဲ့အလှအပ အပြင်အဆင်ကိုလည်း ဖျက်ဆီးရာရောက်တယ်ထင်တာပဲ။ သူတို့အတွက်လည်းအစွန်းတွေမကျွတ်လို့ အပြစ်တင်ခံရတာတွေဘာတွေရှိမှာပေါ့။ ဒါကြောင့်ဟိုတယ်သန့်ရှင်းရေးသမားတွေက ဖြစ်နိုင်ရင် လက်ဆေးကန်တွေမှာ ဆံပင်မဆိုးစေချင်ပါဘူးတဲ့။

ဟိုတယ်အိပ်ရာတွေကို မသိမ်းခဲ့စေချင်ဘူးတဲ့
သဘောကောင်းလွန်းလို့ စေတနာထားလွန်းလို့ ဒါမှမဟုတ်ရင် အကျင့်ပါနေလို့ အိပ်ရာကထပြီး ပစ္စည်းတွေသိမ်းရင်း အိပ်ရာပါသိမ်းသွားမိတဲ့သူတွေ ရှိကောင်းရှိမှာပါ။ ဟိုတယ်ဝန်ထမ်းတွေက ဒီလိုအိပ်ရာသိမ်းပေးလို့ သူတို့အတွက်သက်သာသွားမယ်လို့တော့ မတွေးပါဘူးတဲ့နော်။ ဘာလို့လဲဆိုတော့ သူတို့အခန်းသန့်ရှင်းရေးလုပ်ဖို့သွားတဲ့အချိန်မှာ အိပ်ရာကသိမ်းပြီးသားဆိုရင် ဧည့်သည်ကအိပ်ရာပေါ်မအိပ်သွားဘူးလားလို့ ယူဆစရာရှိပါတယ်တဲ့။ ဒါကြောင့်မို့လို့ အိပ်ရာကိုမသန့်ရှင်းမဘဲနေမိနိုင်တာကြောင့် တခြားလာတည်းမယ့်ဧည့်သည်အတွက်လည်း မကောင်းနိုင်ပါဘူးတဲ့။ သူတို့ပြောတာလည်းဟုတ်တော့ဟုတ်တာပါပဲ။

တစ်ခါသုံးဆေးဝါးဖြစ်ပစ္စည်းတွေကို စနစ်တကျစွန့်ပစ်ပေးပါတဲ့
ဥပမာပြောရရင် ဆေးထိုးအပ်လိုဟာမျိုးပေါ့။ Business Insider ကို ဟိုတယ်သန့်ရှင်းရေးဝန်ထမ်းတစ်ယောက်က အမှိုက်ပုံးထဲကဆေးထိုးအပ်စိုက်မိလို့ ခြောက်လလောက်ဆေးစစ်မှုခံယူပြီး ရောဂါကူးစက်မှုတွေမရှိအောင်လုပ်ခဲ့ရတယ်လို့ ပြောပြခဲ့ပါတယ်။ စဉ်းစားကြည့်ရအောင် ဆီးချိုရောဂါသည်တို့ဆိုရင် ဆီးချိုတိုင်းတဲ့စက်လေးကအပ်နဲ့ဖောက်တာတို့ဘာတို့လုပ်ရတယ်လေ။ အဲဒီသွေးဖောက်ပြီးသားအပ်တွေကို ဒီတိုင်းအမှိုက်ပုံးထဲပစ်ထည့်လိုက်တာထက်စာရင် အဖုံးစွပ်လေးပြန်တပ်ပြီးမှ ပစ်တာက ဟိုတယ်သန့်ရှင်းရေးဝန်ထမ်းတွေအတွက် အထောက်အကူပြုပြီး အန္တရာယ်လည်းကင်းပါတယ်။ ကိုယ့်မှာဘာရောဂါရှိရှိ ကိုယ့်ကြောင့်သူများကိုပါ ရောဂါကူးစက်စေရမယ့်အဖြစ်မျိုး မလုပ်သင့်ဘူးလေ။ ဟုတ်တယ်မလား။

အခန်းထဲမှာရှိနေရင် ‘Do Not Distrub’ Sign ကို တပ်ထားပေးစေချင်တယ်
ဟိုတယ်သန့်ရှင်းရေးဝန်ထမ်းရဲ့တာဝန်က အခန်းထဲဝင်ပြီး သန့်ရှင်းရေးလုပ်ရမှာပါ။ ဒါ့အပြင် ‘Room Service’ ပေးဖို့ကလည်း သူတို့တာဝန်ပဲဖြစ်ပါတယ်။ ဒါပေမယ့် ‘Room Servie’ လို့အသံပေးပြီးဝင်လာခဲ့ရင် ပြန်အော်ငေါက်ထုတ်တဲ့ဧည့်သည်တွေရှိပါတယ်တဲ့။ တကယ်လို့အခန်းထဲမဝင်လာစေချင်ရင် ‘Do Not Distrub’ Sign ကို ချိတ်ထားပေးစေချင်တယ်တဲ့။ သူတို့လည်းသူတို့တာဝန်ကိုသူတို့ယူနေရတာမို့လို့ ဧည့်သည်ကအော်ထုတ်တာက သူတို့အတွက်လည်း စိတ်မကောင်းဖြစ်စေလို့ပေါ့။

နောက်ဆုံးအနေနဲ့ကတော့ ဟိုတယ်သန့်ရှင်းရေးဝန်ထမ်းတွေကသူတို့ကို လူသားတွေလိုပဲ ဆက်ဆံစေချင်ပါတယ်တဲ့။ သူတို့ကဝန်ထမ်းတွေဖြစ်ပေမယ့် သူတို့မှာလည်းကိုယ်ပိုင်ခံစားချက်တွေရှိပါတယ်တဲ့။ ပြီးတော့သူတို့လုပ်ပေးနေတာတွေအားလုံးကလည်း ဧည့်သည်တွေကောင်းဖို့ရည်ရွယ်ပြီးတော့လုပ်တာပဲဖြစ်လို့ သူတို့ကိုနားလည်စေချင်တာပေါ့။ ဒီတော့ပရိသတ်ကြီးသာ ဟိုတယ်တစ်ခုခုမှာ သွားပြီးတည်းခိုတော့မယ်ဆိုရင် ဒီအချက်လေးတွေကို လိုက်လုပ်မိမှာလား။

Ref: Business Insider

Piki(Akhayar)

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle