ရုပ်ရှင်တွေထဲမှာပါတဲ့ အရာတွေမှာ တော်တော်များများက ယုတ္တိမရှိဘဲ လွဲမှားနေတတ်တယ်

ရုပ်ရှင်တွေထဲမှာပါတဲ့ အရာတွေမှာ တော်တော်များများက ယုတ္တိမရှိဘဲ လွဲမှားနေတတ်တယ်

ရုပ်ရှင်တွေထဲမှာပါတာတွေက မသိလို့ရှိရင် ယုံချင်စရာကောင်းပေမယ့် တကယ်တမ်းမှာတော့ အမှန်တရားနဲ့မကိုက်ညီတာတွေရှိပါတယ်။ ဒါပေမယ့် လူသားတွေရဲ့ သဘောသဘာဝအတိုင်း ကိုယ်တို့တွေက တွေ့သမ ျှမြင်သမ ျှကြားသမ ျှကို ယုံလွယ်တတ်ကြတယ်။ ရုပ်ရှင်တွေထဲမှာပါတဲ့ တချို့အချက်တွေကလည်း ယုံချင်စရာကောင်းလွန်းပါတယ်။ ဒါပေမယ့် တကယ်တမ်းမှာ ရုပ်ရှင်ကမှန်တယ်လို့ထင်အောင်ရိုက်ပြထားပေမယ့် မှားနေတဲ့အချက်တွေရှိပါတယ်။

သဲနွံထဲနှစ်ရင် ချက်ခြင်းမြှုပ်ပြီး သေသွားတာ
ရုပ်ရှင်တွေထဲမှာ ထင်ထင်ရှားရှားမြင်ရတဲ့အချက်တစ်ချက်က သဲနွံတွေဘာတွေထဲနှစ်ရင် လူတစ်ကိုယ်လုံးမြှုပ်သွားတယ်လေ။ Tom & Jerry ကားပြိုင်တဲ့ကာတွန်းကားထဲမှာလည်း တောထဲကနွံထဲနှစ်ပြီး ကားကြီးမြှုပ်သွားတယ်။ The Mummy မှာလည်း သဲနွံထဲလေယာဉ်ဆိုက်ဝင်သွားတာနဲ့ တစ်ခါတည်းမြှုပ်သွားတာတွေပါတယ်လေ။ ဒါပေမယ့် အမှန်တကယ်မှာသဲနွံထဲကို လူတစ်ယောက်နှစ်သွားရင်တောင် ရင်လောက် ၊ ခါးလောက်ထိပဲ မြှုပ်တာပါ။ ဘာလို့လဲဆိုတော့ လူဆိုတာသဲနွံထက်သိပ်သည်းဆနည်းလို့ပါတဲ့။ ကားတွေ ၊ လေယာဉ်တွေတော့ မြှုပ်ရင်မြှုပ်မယ် ၊ လူကတော့ချက်ချင်းမမြှုပ်ပါဘူး။ ဒါကြောင့်ရုပ်ရှင်တွေထဲမှာ နွံနှစ်သွားရင် ချက်ချင်းမြှုပ်ပြီး သေသွားတဲ့အခန်းတွေက လွဲမှားနေတဲ့အချက်တွေကို ဖော်ပြထားတဲ့အခန်းတွေပါနော်။

Piranha ငါးတွေက လူကိုမိနစ်ပိုင်းအတွင်း စားလိုက်နိုင်တယ်ဆိုတာ
အထူးသဖြင့် အသားစား Piranha ဇာတ်ကားတွေရိုက်တဲ့အခါ ဒီငါးတွေရှိတဲ့ ရေကန်ဖြစ်ဖြစ် ပင်လယ်ထဲဖြစ်ဖြစ် ဆင်းလိုက်တာနဲ့ လူကို စက္ကန့်ပိုင်းအတွင်း အရိုးပဲကျန်အောင်စားလိုက်တဲ့ ဇာတ်ဝင်ခန်းတွေပါတယ်လေ။ ဒါပေမယ့် အမှန်တကယ်မှာ Piranha ငါးတွေက အရမ်းကို ကြောက်စိတ်ကြီးတဲ့ငါးတွေဖြစ်ပါတယ်။ လူကိုစားဖို့မပြောနဲ့ လူနားတောင်မကပ်ဘူးဆိုတာကို လေ့လာတွေ့ရှိချက်တွေအရလည်း သိထားပါတယ်။ သူတို့အဓိကစားတဲ့ အစားအစာတွေက သူတို့အရွယ်ထက်သေးတဲ့ ငါးလေးတွေ ၊ တီကောင်တွေလိုမျိုး သူတို့ကို အန္တရယ်သိပ်မပေးနိုင်ဘူးထင်ရတဲ့ အကောင်တွေကိုပဲ စားတာပါ။

လေဆာရောင်ခြည်တန်းတွေက အရောင်အဝါတွေအရမ်းတောက်ပတာ
လေဆာတန်းတွေကို ထင်ထင်ရှားရှားပြတဲ့ ဇာတ်ကားကိုထောက်ပြပါဆိုရင် Star War လိုကားမျိုးကို အရင်ပြောရမှာပေါ့နော်။ Star War ထဲမှာပါတဲ့ Lightsaber တွေက အရောင်မျိုးစုံနဲ့ လှပနေတယ်လေ။ ဒါပေမယ့် လက်တွေ့မှာ လေဆာရောင်ခြည်တွေဆိုတာ မျက်စိနဲ့မမြင်နိုင်ပါဘူးတဲ့။ ဘာလို့မမြင်ရနိုင်လဲဆိုတာကိုတော့ ဒီ Link လေးမှာ ဖတ်ကြည့်လို့ရပါတယ်။

ကားတံခါးနောက်မှာနေရင် သေနတ်ကျည်မမှန်ဘူးဆိုတာ
ရှည်ရှည်ဝေးဝေးမပြောတော့ပါဘူးနော်။ အက်ရှင်ကားတွေကိုကြည့်လိုက်။ ရဲတွေကလူဆိုးတွေနဲ့ သူပစ်ကိုယ်ပစ် ပစ်ကြတဲ့အခါ ကားတံခါးတွေဖွင့်ပြီး နောက်ကနေကုန်းကုန်းလေး Cover ယူကြတယ်။ ရုပ်ရှင်ထဲမှာတော့ ကားတံခါးတွေကကျည်မှန်လည်း နည်းနည်းပါးပါး ပွန်းပဲ့ရုံပဲရှိတယ်။ ဒါပေမယ့် တကယ့်လက်တွေ့မှာ ကားတံခါးတွေကို သေနတ်နဲ့ပစ်ရင် ကားတံခါးတွေကို ကျည်တွေဆိုတာ ထုတ်ချင်းကိုပေါက်လို့ နောက်မှာ Cover ယူနေတဲ့သူလည်း ကျည်မှန်ပြီး တန်းသေမှာပါ။

အာကာသထဲမှာတိုက်ပွဲတွေဖြစ်ရင် မီးဟုန်းဟုန်းတောက်ပြီး အကြီးအကျယ် ပေါက်ကွဲတာ
Superhero ကားတွေမှာဆိုရင် အရမ်းသိသာတာက အာကာသမှာ လေယာဉ်တွေ ကျည်မှန်လို့ရှိရင် ပေါက်ကွဲမှုအကြီးကြီးဖြစ်တာတွေပြတယ်လေ။ နောက်ပြီး Space နဲ့ ပတ်သက်တဲ့ရုပ်ရှင်ကားတွေဆိုရင်လည်း အဲဒီလိုပါပဲ။ အာကာသထဲမှာလေယာဉ်တွေ ပေါက်ကွဲတဲ့ ရုပ်ရှင်တိုင်းမှာ ပေါက်ကွဲမှုအကြီးကြီးတွေပြကြတယ်။ အမှန်တကယ်မှာတော့ အာကာသထဲမှာ အောက်စီဂျင်မရှိတာကြောင့် ပေါက်ကွဲမှုဖြစ်ရင်လည်း Poof ဆို အသံသေးသေးလေးပဲထွက်ပြီး လေယာဉ်က နှစ်ပိုင်းကွဲသွားမယ် ဒီလောက်ပဲ။ ပေါက်ကွဲမှုကြီးဖြစ်ဖို့ React ရမယ့် အောက်စီဂျင်တွေ ၊ ကာဘွန်ဒိုင်အောက်ဆိုဒ်တွေရှိမှမရှိဘဲ။

ကဲ ကိုယ်ပြောတာတွေကို စဉ်းစားကြည့်ကြည့် တကယ်လေးလေးနက်နက်စဉ်းစားကြည့် ၊ ဟုတ်သလိုလိုရှိတယ်နော်….ဆိုပြီး အတွေးပေါက်သွားလိမ့်မယ်။ ဒါကြောင့် ပရိသတ်ကြီးတို့ စဉ်းစားမိတဲ့ ကြောင်တောင်တောင် ရုပ်ရှင်လုပ်ဇာတ်တွေကို သိရင်လည်း ပြောဦးနော်။

Source: Today I Found Out

Photo Credit: Cartoon Stock, Imdb, Pinterest

Piki (Akhayar)