သင်မသိသေးတဲ့ St. Paul ကျောင်းရဲ့ စိတ်ဝင်စားဖွယ်ရာများ

သင်မသိသေးတဲ့ St. Paul ကျောင်းရဲ့ စိတ်ဝင်စားဖွယ်ရာများ

လက်ရှိမှာ အ.ထ.က (၆) ဗိုလ်တထောင်လို့ နာမည်ကြီးတဲ့ St. Paul ကျောင်းဟာ လွန်ခဲ့တဲ့ (၁၉) ရာစုခန့်ကတည်းက ကျော်ကြားခဲ့တဲ့ သာသနာပြုကျောင်းတစ်ကျောင်း ဖြစ်ခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ အကြီးဆုံးရိုမန်ကတ်သလစ်ဘုရားကျောင်းတစ်ကျောင်းဖြစ်တဲ့ St. Mary ဘုရားကျောင်းရဲ့ ဧရိယာအစိတ်အပိုင်းတစ်ခုလည်း ဖြစ်ပါတယ်။ ကဲ ဒီတော့ အရင်ခေတ်ကတည်းက နာမည်ကြီးခဲ့တဲ့ St. Paul ကျောင်းရဲ့ စိတ်ဝင်စားဖွယ် အကြောင်းအရာလေးတွေကိုလည်း ပြောပြပေးဦးမယ်နော်။

St. Paul ကျောင်းကို ဘုန်းတော်ကြီး Bishop Paul Bigandet က စတင်တည်ထောင်ခဲ့ပါတယ်။ သူဟာ ၁၈၅၆ခုနစ်ကနေ သူ ကွယ်လွန်ခဲ့တဲ့ ၁၈၉၄ခုနစ်အထိ ရန်ကုန်မြို့မှာ နေထိုင်သွားခဲ့ပါတယ်။ သူဟာ မြန်မာနိုင်ငံမှာ ပညာရေးနဲ့ ခရစ်ယာန်သာသနာတိုးတက်ရေးဆောင်ရွက်ခဲ့တဲ့ ဘုန်းတော်ကြီးတစ်ပါးပါ။

အရင်ကတော့ St. Paul ကျောင်းကို ၁၈၆၀ခုနစ်မှာ ဘုန်းတော်ကြီးရဲ့ နေအိမ်အနီး မဟာဗန္ဓုလပန်းခြံလမ်းအနီးမှာ သစ်သားကျောင်းလေးအဖြစ် စတင်တည်ထောင်ခဲ့ပြီးမှ ကျောင်းသားတွေများပြားလာတာကြောင့် ၁၈၈၅ခုနစ်မှာတော့ အနော်ရထာလမ်းနဲ့ သိမ်ဖြူလမ်းထောင့်က လက်ရှိကျောင်းနေရာကို ပြောင်းရွှေ့ဖွင့်လှစ်ခဲ့တာပဲဖြစ်ပါတယ်။

အဲဒီ့ ဘုန်းတော်ကြီး Bishop Paul Bigandet ကို အစွဲပြုပြီး အရင်တုန်းက အနော်ရထာလမ်းကို Bigandet လမ်းလို့လည်း ခေါ်ခဲ့ကြပါသေးတယ်။

St. Paul ကျောင်းကို စီမံခန့်ခွဲဖို့အတွက် ကာလကတ္တားက လာတဲ့ De La Salle Brothers က တာဝန်ယူခဲ့ပြီး မော်လမြိုင်မြို့နဲ့ မြစ်ကြီးနားမြို့အပါအဝင် မြန်မာနိုင်ငံမှာ သူတို့အုပ်ချုပ်ပေးခဲ့တဲ့ကျောင်း (၁၀) ကျောင်းအထိ ရှိခဲ့ပါတယ်။ St. Paul ကျောင်းအတွက် လိုအပ်လာတဲ့ တိုးချဲ့ဆောင်တွေကိုတော့ နာမည်ကျော် ဗိသုကာပညာရှင် Thomas Swales က တာဝန်ယူတည်ဆောက်ပေးခဲ့ပါသေးတယ်။

၁၉၆၅ခုနစ်မှာ ဆိုရှယ်လစ်အစိုးရက St. Paul ကျောင်းကို အမျိုးသားကျောင်းတစ်ကျောင်းအဖြစ် ပြောင်းလဲခဲ့ပြီး အ.ထ.က (၆) ဗိုလ်တထောင် ဖြစ်လာခဲ့ပါတယ်။

ဒါ့အပြင် ဒီးဒုတ်ဦးဘချို၊ အကယ်ဒမီ ဒါရိုက်တာ မောင်ဝဏ္ဏ၊ မင်းသိင်္ခ၊ မင်းလူ၊ ခိုင်ထူးတို့ဟာလည်း St. Paul ကျောင်းထွက် နာမည်ကြီးကျောင်းသားတွေထဲက အပါအဝင်ကျောင်းသားတွေပဲ ဖြစ်ပါတယ်။

နှစ်ပေါင်း ၁၅၉နှစ်ကျော် ရှိနေပြီဖြစ်တဲ့ မြန်မာနိုင်ငံရဲ့ ဂုဏ်ဆောင် နာမည်ကြီး အ.ထ.က (၆) ဗိုလ်တထောင် (St. Paul) ကျောင်းကြီးဟာဆိုရင် လက်ရှိမှာ ရန်ကုန်မြို့ပြအမွေအနှစ်တစ်ခုအဖြစ် ၂၀၁၇ခုနစ်က သတ်မှတ်ခြင်း ခံခဲ့ရပြီး ဒီကျောင်းကြီးရဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာလေးတွေကို အခုလို လက်လှမ်းမီသလောက် တင်ဆက်ပေးလိုက်ပါတယ်နော်။

Ref: YHT, Wiki, Lodggy

Moethaesay (Akhayar)

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ