ကျောင်းတွေမှာ နောက်ပိုင်းတွေ့မြင်ရဖို့ မလွယ်ကူတော့တဲ့ အရာတွေက ဘာတွေများဖြစ်မလဲ

ကျောင်းတွေမှာ နောက်ပိုင်းတွေ့မြင်ရဖို့ မလွယ်ကူတော့တဲ့ အရာတွေက ဘာတွေများဖြစ်မလဲ

ခေတ်ကြီးတိုးတက်ပြောင်းလဲလာတာနဲ့အမျှ ကျောင်းတွေကလည်း အရင်ခေတ်တုန်းက ကျောင်းတွေနဲ့ မတူဘဲ ကွဲပြားသွားတာတွေ အများကြီးရှိလာတာကိုတွေ့ရပါတယ်။ အရေင်တုန်းက ကျောင်းတွေမှာ တွေ့ခဲ့ရတဲ့အရာတွေဟာ တိုးတက်မှုတွေရဲ့ တိုက်စားမှုဒဏ်တွေကြောင့် နောက်ပိုင်းနှစ်တွေကျရင် ဒီအရာတွေကို ကျောင်းတွေမှာတောင် တွေ့ရပါတော့မလား မသိတော့ပါဘူးနော်။ ကျောင်းတွေမှာ ပျောက်ကွယ်လုနီးပါးဖြစ်နေတဲ့ အရာတွေကို မပျောက်ခင်မှာ ဒီနေ့ခေတ်လူငယ်လေးတွေ သိစေဖို့အတွက်နဲ့ ထိန်းသိမ်းသင့်တဲ့ အရာလေးတွေရှိရင်လည်း ဒါလေးကိုမြင်သွာပြီး ထိန်းသိမ်းနိုင်စေဖို့ စုစည်းဖော်ပြပေးလိုက်ပါတယ်။

စာကြည့်တိုက်စစ်ဆေးကဒ်များ
စာကြည့်တိုက်ကနေ စာအုပ်လေးတွေငှားရင် ဘယ်စာအုပ်လေးတွေကို ငှားသွားလဲဆိုတော့ကို ရေးထားတဲ့ ကတ်လေးတွေကို ၉၀ ခုနှစ်လောက်တုန်းက လူတွေကတော့ ကောင်းကောင်းမှတ်မိနိုင်ကြပေမယ့် ဒီနေ့ခေတ်ကလေးတွေက သိချင်မှ သိကြတော့မှာပါနော်။ ဖုန်းတွေ အလွယ်တကူကိုင်နိုင်တဲ့ခေတ်ကို ရောက်လာတဲ့အခါမှာ လူတွေဟာ စာဖတ်ရင်တောင် ဖုန်းတွေကနေပဲ ဖတ်ကြလို့ ရပ်ကွက်ထဲက စာအုပ်ဆိုင်တွေလည်း အသွားသလို ကျောင်းစာကြည့်တိုက်တွေမှာ စာအုပ်လာဖတ်တဲ့လူတွေနဲ့ အိမ်ကိုစာအုပ်ငှားဖတ်တဲ့သူတွေဆိုတာ လက်ချိုးရေလို့တောင် ရပါတယ်။ အရင်တုန်းကဆို စာအုပ်ငှားဖတ်တဲ့အခါ နောက်မှာတွဲချုပ်ထားတဲ့ ကဒ်လေးမှာ ကိုယ်သူငယ်ချင်းနာမည်၊ ကိုယ်သိတဲ့သူ နာမည်ပါမပါ ရှာကြည့်ရတာကလည်း စိတ်လှုပ်ရှားစရာ တစ်ခုလို ဖြစ်ခဲ့ပါတယ်။ ယနေ့ခေတ် ကျောင်းစာကြည့်တိုက် လည်ပတ်ပုံတွေကလည်း အရင်တုန်းကနဲ့ မတူဘဲ ပြောင်းသွားတဲ့အတွက် ဒါလေးတွေ တွေ့ဖို့ဆိုတာကလည်း အချိန်တွေကို နောက်ပြန်ဆုတ်ရတော့မလိုပါပဲ။

Library check out card

ကျောက်သင်ပုန်းနဲ့မြေဖြူ
တချို့ကျောင်းတွေမှာ ကျောက်သင်ပုန်းတွေရဲ့နရောကို Whiteboards တွေ အစားထိုးဝင်ရောက်နေရာယူလာတဲ့အတွက် ကျောက်သင်ပုန်းတွေတောင် ပျောက်ကွယ်လုနီးပါး ဖြစ်နေပါပြီနော်။ ကျောက်သင်ပုန်းတွေ ပျောက်ကွယ်လာတာနဲ့အမျှ ကျောက်သင်ပုန်းရဲ့ တွဲဖက်ဖြစ်တဲ့ မြေဖြူတွေကလည်း တဖြည်းဖြည်းနဲ့ မတွေ့ရသလောက်ဖြစ်လာပါတယ်။ မြေဖြူတွေသုံးပြီး ကျောက်သင်ပုန်းတွေပေါ်မှာ ရေးလိုက်ဖျက်လိုက် လုပ်တဲ့အခါ ကျလာတဲ့အမှုန်တွေကလည်း Whiteboard တွေနဲ့ Marker Pen တွေ သုံးလိုက်တဲ့အချိန်ကစပြီး မတွေ့ရတော့ပါဘူး။ ကိုယ်တွေခေတ်တုန်းက အိပ်ငိုက်လို့ မြေဖြူကိုချိုးပြီး ပစ်ပေါက်ခံရတာမျိုးတွေ ရှိခဲ့ဖူးတဲ့ အမှတ်တရေတွေကို ဒီခေတ်လူငယ်လေးတွေကို ပြောပြရင် စိတ်ဝင်စားဖွယ်ကောင်းတဲ့ ပုံပြင်ကောင်းလေး တစ်ပုဒ်လို ဖြစ်နေမှာပါ။ သူခေတ်သူအခါမှာ အသုံးဝင်ခဲ့တဲ့ အရာလေးတွေဖြစ်လို့ လုံးဝကြီးပျောက်ကွယ်သွားတာမျိုးတော့ မဖြစ်စေချင်ဘဲ တစ်ချိန်ချိန်မှာ ပြန်ကြည့်ရင် တွေ့နိုင်တဲ့ နေရာလေးတွေမှာ ရှိနေစေချင်ပါတယ်။

Chalk Board
ပြက္ခဒိန်စာရွက်တွေကိုသုံးပြီး ဖုံးထားတဲ့ စာအုပ်အဖုံးလေးတွေ
ကိုယ်တွေခေတ်တုန်းက လူကြီးတွေက ငွေရေးကြေးရေးမကုန်သင့်တာ မကုန်စေဖို့ ကျောင်းကနေ ဖတ်စာအုပ်လေးတွေရလာရင် အရင်နှစ်တွေက သုံးခဲ့တဲ့ ပြက္ခဒိန်အေဟောင်းတွေနဲ့ အဖုံးဖုံးပေးပါတယ်။ အဲဒီလို ဖုံးလိုက်တဲ့အတွက် စာအုပ်တွေ ဟာ အချိန်မတိုင်ခင် စုတ်ပြဲသွားတာမျိုး မဖြစ်အောင် ကာကွယ်ပြီးသား ဖြစ်သွားပါတယ်။ ဒီခေတ်မှာတော့ စာအုပ်တွေကို အဲလိုမျိုး ချွေတာရေးနည်းလမ်းသုံးပြီး အဖုံးဖုံးမယ့်အစား ဆိုင်တွေမှာအပ်ပြီး ဖလင်ပြားလေးတွေနဲ့ နောက်မှာ ကတ်ထူခံကာ အဖုံးဖုံးလာကြသလို ပလတ်စတစ်အပျော့စား Book Cover လေးတွေဝယ်ပြီး ဖုံးလာတာမျိုးလေးတွေလည်း တွေ့လာရပါတယ်။ ဒါကြောင့်မို့ အခုနောက်ပိုင်းမှာဆိုရင် ပြက္ခဒိန်စာရွက်လေးတွေကလည်း အပယ်ခံဘဝကို ရောက်မှန်းမသိ ရောက်လာကြပါပြီ။ ပြက္ခဒိန်စာရွက်လေးတွေကို အဖုံးဖုံးတဲ့အခါ လှအောင် ဘယ်လိုလေးထားပြီး ဖုံးရမလဲဆိုတာမျိုး စတဲ့ ဖန်တီးမှုလေးတွေဟာလည်း ပြက္ခဒိန်စာရွက်ပျောက်ကွယ်မှုလေးတွေနဲ့အတူ တစ်ပါတည်း လွင့်ပါးပျောက်ကွယ်သွားတာကို တွေ့ရပါတယ်။ ကျောင်းတွေမှာလည်း ငါစာအုပ်အဖုံးလေးကပိုလှတယ်ဆိုတဲ့ ပြိုင်ဆိုင်မှုလေးတွေကလည်း အခုနောက်ပိုင်းမှာ မတွေ့မြင်ရတော့ပါဘူး။

Book Cover

ကျောင်းတွေမှာ ပျောက်ကွယ်လုနီးပါး ၊ ပျောက်ကွယ်နေပြီးဖြစ်တဲ့ အရာလေးတွေဟာ ဒါတွေအပြင် တခြားအရာလေးတွေလည်း ရှိကောင်းရှိနေဦးမှာပါ။ ကိုယ်တွေအတွက်ကတော့ ဒီလိုအရာလေးတွေဟာ ငယ်ဘဝအမှတ်တရကောင်းတွေကို ပိုင်ဆိုင်အောင် တစ်ဖက်တစ်လမ်းက ဖန်တီးပေးနေတဲ့ ဇာတ်ဆောင်လေးတွေလိုမျိုးဖြစ်လို့ ဒီလိုအရာလေးတွေကို ပြန်ကြည့်လိုက်တိုင်း ရှိနေစေချင်တာကို အတ္တကြီးတယ်လို့ ပြောရင်လည်း အပြောခံပြီးတော့ကို ရှိနေစေချင်ပါတယ်။ ယူတို့ရောအတ္တကြီးကြီးနဲ့ ရှိနေစေချင်တဲ့ အရာလေးတွေ ရှိကြလား။ ရှိရင် အမှတ်တရတွေကို ပြန်တူးဆွတဲ့အနေနဲ့ ပြန်ပြောင်းပြောကြည့်ကြရအောင်နော်။

Photo Credit: Pink Printed Dress,Design Mom

H.H(Akhayar)

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle