သင်္ကြန်ပြီးရင် စိတ်သစ်လူသစ်နဲ့ ဘဝကိုဖြတ်သန်းရအောင် ဘာတွေလုပ်ကြမလဲ

သင်္ကြန်ပြီးရင် စိတ်သစ်လူသစ်နဲ့ ဘဝကိုဖြတ်သန်းရအောင် ဘာတွေလုပ်ကြမလဲ

ဒီနေ့ပြီးရင် သင်္ကြန်ဆိုတာက ပြီးဆုံးသွားပါပြီ။ နှစ်သစ်လည်းကြိုပြီးပြီဆိုတော့ ကိုယ်ကြိုဆိုတဲ့တဲ့နှစ်သစ်ကိုအကျိုးရှိရှိဖြတ်သန်းဖို့လိုပြီလေ။ လူ့ဘဝဆိုတာ ရဖို့အရမ်းခက်တယ်လို့လည်း ပြောကြတယ်မလား။ ဒီတော့ ကိုယ့်လက်ဝယ်ပိုင်ဆိုင်ထားတဲ့ ဘဝလေးကို တန်ဖိုးရှိရှိဖြတ်သန်းဖို့ New Year Resolution လေးတွေချလိုက်ရအောင်လား။ ပရိသတ်ကြီးတို့ရဲ့လက်ရှိဘဝအခြေအနေပေါ်မူတည်ပြီး Resolution တွေချကြရမှာပါ။ ဒါပေမယ့် မဖြစ်မနေချသင့်တဲ့ Resolution တွေကတော့

ပိုက်ဆံစုပါ
အရင်ကတည်းက ပိုက်ဆံတွေစုနေတဲ့သူတွေလည်း ရှိရင်ရှိမှာပါ။ ဒါပေမယ့် လူတိုင်းတော့ ၂ဝ ၊ ၃ဝ အရွယ်မှာ ပိုက်ဆံမစုနိုင်သေးပါဘူး။ စာရေးသူအပါအဝင်ပေါ့။ တကယ်ဆိုဘဝမှာဖြစ်ချင်တာတွေ အများကြီးရှိတယ်။ လိုချင်တာတွေလည်း အများကြီးရှိတယ်။ စိတ်ကူးတွေယဉ်ပြီး လေထဲပဲတိုက်ဆောက်နေခဲ့ရတယ်။ ကြားထဲမှာစိတ်ကိုအလိုလိုက်မိနေတာနဲ့။ ဒီတော့ဒီနှစ်သစ်ကစပြီး ပိုက်ဆံစုကြရအောင်။ အများကြီးမစုနိုင်ရင်နေပါ။ တစ်နေ့ ၅ဝဝ ၊ ၁ဝဝဝ မဟုတ်ရင်လည်း တစ်နေ့လုံးသုံးပြီးသမ ျှ ပိုက်ဆံတွေထဲက ပိုနေတဲ့ အကြွေတွေ အကုန် စုထားလိုက်ပါ။ သူများတွေလို ကိန်းကြီးကန်းကြီး မစုနိုင်သေးရင်တောင် အနည်းဆုံးတော့ စုဖြစ်တာပေါ့။ စုနိုင်တယ်ဆိုတဲ့စိတ်လေးလည်း ဖြစ်လာစေတယ်လေ။

ကျန်းမာရေးလိုက်စားပါ
ဒီမှာကျန်းမာရေးလိုက်စားပါဆိုတာက ကျန်းမာရေးအတွက် သင့်တော်တဲ့ဘဝအသက်တာကို နေထိုင်ဖို့ပြောချင်တာပါ။ အစာစားမယ်ဆိုရင်လည်း အာဟာရအုပ်စုတွေအားလုံးကို မ ျှမ ျှတတစားဖို့ကြိုးစားကြည့်ပါ။ စာရေးသူကိုယ်တိုင်တောင် အရွက်စားနည်းလို့ ဒီနှစ်သစ်ကစပြီး အသီးအရွက်တွေအများကြီး စားတော့မယ်ဆိုပြီး ဆုံးဖြတ်ချက်ချထားတယ်။ ပြီးတော့လေ့ကျင့်ခန်းလုပ်ပါ။ လေ့ကျင့်ခန်းက Gym တွေဘာတွေသွားဆော့ရလောက်အောင်မလိုပါဘူး။ ကိုယ့်ဘာသာကိုယ် မနက်စောစောထပြီးပြေးတာ ၊ အိမ်မှာ ကိုယ်လက်လှုပ်ရှားအားကစားလေးလုပ်တာလောက်ဆိုရင်ရပါတယ်။

ဗဟုသုတသိုမှီးပါ
လူဆိုတာတစ်သက်လုံးလေ့လာနေရမယ်လို့ နာမည်ကြီးတဲ့သူတစ်ယောက်က ပြောရင်ပြောခဲ့မယ်။ ဘယ်သူမှမပြောရင်တောင် စာရေးသူကတော့ ကိုယ့်ကိုယ်ကိုယ်ပြန်ပြောပါမယ်။ ဒီနှစ်သစ်ကစပြီး အမြဲလေ့လာနေပါတော့မယ်။ ဘာကိုလေ့လာမယ်ဆိုပြီး သဲသဲကွဲကွဲမရှိသေးရင်တောင်မှ အွန်လိုင်းကနေကောင်းနိုးရာရာလေးတွေဖတ်ပါ။ ပြီးတော့ တစ်ပတ်မှာစာအုပ်တစ်အုပ်လောက်ပြီးအောင်ဖတ်မယ်ဆိုပြီး စံနှုန်းလေးတွေဘာတွေ သတ်မှတ်ထားလို့လည်းရပါသေးတယ်။ နောက်ပြီး Ted Talk တို့ဘာတို့နားထောင်မယ်။ ရနိုင်သမ ျှကို ရတဲ့နေရာကနေယူနိုင်ရင် ကိုယ့်အတွက်အကျိုးရှိမှာ။

ပရိသတ်ကြီးတို့လည်း ကိုယ့်ရဲ့စံသတ်မှတ်ချက်ကို ကိုယ့်ဟာကိုချမှတ်နိုင်တာပဲလေ။ ဘာသာစကားအသစ်တစ်ခုသင်မလား ။ Slim လေးဖြစ်အောင်လုပ်မှာလား။ Six Packs ရအောင် Gym စဆော့တော့မလား။ ကိုယ့်ရဲ့ New Year Resolution ကို ကိုယ့်စိတ်ကြိုက်ချမှတ်နိုင်ပါတယ်။ ဒါပေမယ့် စာရေးသူပြောခဲ့တဲ့သုံးချက်ကတော့ လူတိုင်းရဲ့ New Year Resolution တွေမှာ ပါသင့်တယ်လို့ ထင်ပါတယ်။

Piki (Akhayar)

www.akhayar.com