စွဲမက်ဖွယ်ကောက်ကြောင်းပိုင်ရှင် Kylie Jenner ရဲ့ စားသောက်နေထိုင်ပုံ လျှို့ဝှက်ချက်က ဘာလဲ

စွဲမက်ဖွယ်ကောက်ကြောင်းပိုင်ရှင် Kylie Jenner ရဲ့ စားသောက်နေထိုင်ပုံ လျှို့ဝှက်ချက်က ဘာလဲ

Kylie Cosmetics ကို ဦးဆောင်နေတဲ့ အသက် (၂၁) အရွယ် Kylie Jenner ဟာ Stormi Webster ဆိုတဲ့ ရင်သွေးလေးကို မွေးဖွားထားပေမယ့်လည်း ခုချိန်ထိ အလှမပျက်တဲ့ ခန္ဓာကိုယ်အချိုးအစားကို ပိုင်ဆိုင်ထားပြီး အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ အောင်မြင်ကျော်ကြားနေသူ ဖြစ်ပါတယ်။ ဒါ့အပြင် Fitness Tips တွေနဲ့ Latest Trend တွေကို မျှဝေလေ့ရှိတဲ့အတွက်လည်း Fan အမြောက်အမြားကိုလည်း ပိုင်ဆိုင်ထားသူ ဖြစ်ပါတယ်။ သူမဟာ တခြား သူမရဲ့မောင်နှမတွေလိုမျိုး Gym မှာ အချိန်ပေးပြီး နေ့စဉ်နေ့တိုင်း မဆော့နိုင်ပေမယ့်လည်း လှပကျန်းမာတဲ့ ခန္ဓာကိုယ်ကို ကလေးမွေးပြီးသည်တိုင် မပျက်မယွင်းအောင် ထိန်းသိမ်းထားနိုင်တဲ့သူပါ။

မကြာသေးမီက သူမကျင့်သုံးတဲ့ နေ့စဉ်လုပ်ရိုးလုပ်စဉ်နဲ့ Diet Plan တွေကို သူမပရိသတ်တွေသိရှိဖို့အတွက် လျှို့ဝှက်နည်းလမ်းတွေပါမချန် မျှဝေပေးခဲ့ပါတယ်။ သူမဟာ Social Media Platform တစ်ခုဖြစ်တဲ့ Instagram ပေါ်မှာ သူမရဲ့ Fan တွေအတွက် မနက်ပိုင်းမှာ ဘာတွေစားရတာ ကြိုက်နှစ်သက်လဲဆိုတာကို မျှဝေပေးခဲ့ပါတယ်။ ခန္ဓာကိုယ်အချိုးအစားကျနဖို့အတွက်ဆို မနက်ပိုင်းစားသုံးမှု ပုံစံဟာ တော်တော်လေး အရေးပါပါတယ်။ သူမဟာ အသီးဖျော်ရည်ကို ချစ်မြတ်နိုးသူတစ်ဦးဖြစ်ပြီး အသီးဖျော်ရည်ဟာ ခန္ဓာကိုယ်က အဆိပ်အတောက်တွေကို သန့်စင်ပေးတဲ့အတွက် မနက်စာစားတဲ့အခါ ကျန်းမာရေးနဲ့ညီညွတ်တဲ့ မနက်စာအဖြစ် နေ့ရက်တချို့မှာ ထည့်သွင်းစားသုံးလေ့ရှိပါတယ်။

သူမသောက်သုံးတဲ့ အသီးဖျော်ရည်တွေကိုလည်း ဓာတ်ပုံရိုက်ပြီး Instagram ပေါ်မှာ နေ့စဉ်လိုလိုမျှဝေပေးပါတယ်။ သေချာတာကတော့ သူမဟာ မနက်ခင်းမှာ ကော်ဖီကို လုံးဝထည့်သွင်းသောက်သုံးခြင်း မရှိပါဘူး။ Kylie ဟာ နေ့တစ်နေ့ရဲ့အစကို တရုတ်နံနံ ဖျော်ရည်ကို မပျက်မကွက် သောက်သုံးပြီး စတင်လေ့ရှိပါတယ်။ တရုတ်နံနံမှာ Vitamin K နဲ့ Folic Acid တွေ ပေါပေါများများပါဝင်တဲ့အတွက် သူမဟာ နေ့စဉ်မပျက်မကွက် သောက်သုံးရခြင်း ဖြစ်ပါတယ်။ ဒါ့အပြင် တရုတ်နံနံဟာ အစိမ်းရောင်အရွက် ဖြစ်တဲ့အတွက် ခန္ဓာကိုယ်ရောင်ရမ်းခြင်းနဲ့ ဝိတ်တက်ခြင်းတွေကို ကာကွယ်ပေးပါတယ်။ သူမဟာ အသီးဖျော်ရည်သောက်တဲ့အခါမှာလည်း ဘာမှမစားခင် မိနစ် (၃၀) လောက်အလိုမှာ သောက်သုံးလေ့ရှိပါတယ်။

အဲ့ဒီလို အသီးဖျော်ရည်သောက်သုံးပြီးတဲ့နောက် သူမဟာ ပုံမှန်အတိုင်း မနက်စာစားတာတို့ ၊ ကော်ဖီသောက်တာတို့ ပြုလုပ်ပါတယ်။ အဲဒီနောက်မှာတော့ အသားအရေနဲ့ လက်သည်းတွေ ကျန်းမာသန်စွမ်းစေဖို့အတွက် အုန်းရည်ကို အားဖြည့်ရည်အဖြစ် သောက်သုံးပါတယ်။ အဲဒီနောက်မှာတော့ သူမဟာ ကြက်ဥ၊ ထောပတ်သီးနဲ့ Bacon တို့ ပါဝင်တဲ့ ကျန်းမာတဲ့ မနက်စာကို စားသုံးပါတယ်။

သူမဟာ ကိုယ်ဝန်ဆောင်လို့ တက်လာတဲ့ ဝိတ်ကို အလျင်အမြန်ကျချင်ခဲ့ပေမယ့် အန္တရာယ်ရှိတဲ့ ဝိတ်ကျနည်းကို ဘာတစ်ခုမှ မလုပ်ခဲ့ပါဘူး။

ဒါ့အပြင် သူမဟာ Work Out ကို စွဲစွဲမြဲမြဲလုပ်တဲ့ လူစားမျိုးမဟုတ်တဲ့အတွက် ကျန်းမာတဲ့ စားသောက်နေထိုင်မှုပုံစံကိုပဲ ကျင့်သုံးပြီး ဝိတ်ချဖို့ စဉ်းစားခဲ့ပါတယ်။ သူမဟာ သူမစားသုံးတဲ့ အစားအစာတွေကို အိမ်မှာပဲ ကိုယ်တိုင်ချက်ပြုတ်ပြီး စားသောက်ကာ အချိန်ရရင် သူမညီမနဲ့ အတူ တစ်ခါတစ်ရံ Work Out ပြုလုပ်ပါတယ်။ ကြံ့ခိုင်ကျစ်လျစ်ပြီး ကြွက်သားတွေနဲ့ ခန္ဓာကိုယ်ရရှိအောင် Cardio ကစားခြင်း၊ ပြေးခြင်းနဲ့ ရေကူးခြင်းတွေကို ပေါင်းစပ်ပြုလုပ်ပါတယ်။ သူမဟာ သူမရဲ့ ရင်သွေးလေး Stormi ကို ဂရုစိုက်နိုင်ပြီး အချစ်တွေပေးနိုင်ဖို့အတွက် ကျန်းမာကျစ်လျစ်တဲ့ ခန္ဓာကိုယ်ရရှိအောင် အမြဲကြိုးစားပြီး လုပ်ဆောင်ပါတယ်လို့ အင်တာဗျူးတစ်ခုမှာ ဖြေကြားခဲ့ပါတယ်။

ဒီ်လောက်ဆိုရင် သူမရဲ့စွဲမက်ဖွယ်ကောင်းတဲ့ ခန္ဓာကိုယ်အချိုးအစားရရှိအောင် ဘယ်လို စားသောက်နေထိုင်ပြီး ဘယ်လိုထိန်းသိမ်းလဲဆိုတာကို သေချာသိသွားလောက်ပြီလို့ ထင်ပါတယ်။ ပရိသတ်ကြီးလည်း လှပအချိုးကျတဲ့ ခန္ဓာကိုယ်ရရှိဖို့အတွက်ဆို အပျင်းမတစ်ဘဲ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာတွေကို ဖန်တီးပြုလုပ် စားသောက်ကာ လှပတဲ့ခန္ဓာကိုယ်တွေ ရရှိပိုင်ဆိုင်နိုင်ကြပါစေ။

H.H(Akhayar)

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle