မွေးနေ့ကိတ်ပေါ်က ဖယောင်းတိုင်မီးမှုတ်တဲ့အလေ့အထက တကယ်ကော ကောင်းရဲ့လား

မွေးနေ့ကိတ်ပေါ်က ဖယောင်းတိုင်မီးမှုတ်တဲ့အလေ့အထက တကယ်ကော ကောင်းရဲ့လား

မွေးနေ့ရောက်ပြီဆိုရင် လူတွေလုပ်လေ့လုပ်ထရှိတဲ့ အရာလေးတွေရှိကြပါတယ်။ မြန်မာလူမျိူးတွေအနေနဲ့ဆို ဘာမှမလုပ်ရင်တောင် အနည်းဆုံး ဘုရားသွားပြီး ရေသပ္ပါယ်၊ ဆီးမီးကပ်လှူပူဇော်ပြီး ဘုရားရှိခိုးတာလောက်တော့ ပြုလုပ်တတ်ကြပါတယ်။ အခုပြောပြမှာကတော့ အနောက်နိုင်ငံမှာ လုပ်ခဲ့တဲ့ အလေ့အထလေးတစ်ခုအကြောင်းပါ။ အနောက်နိုင်ငံတွေမှာဆိုရင် မွေးနေ့ရောက်ရင် မွေးနေ့ကိတ်ပေါ်မှာ ဖယောင်းတိုင်မီးလေးတွေ ထွန်းကာ ဆုတောင်းပြီး မီးမှုတ် ကိတ်ခွဲတတ်ကြပါတယ်။ ကလေးဘဝကတည်းကနေ အသက်အရွယ်ရလာတဲ့အထိ အဲ့ဒီအလေ့အထကိုလုပ်ပြီး ဖြတ်သန်းကြပါတယ်။ အခုဆိုရင်လည်း ဒီအလေ့အထဟာ မြန်မာနိုင်ငံမှာ တော်တေ်ာလေး ပျံ့နှံ့လို့ နေပါပြီ။

အခုခေတ်မှာ မွေးနေ့ရောက်ပြီဆိုရင် ကိတ်လေးပေါ်မှာ မီးထွန်းကာ မီးမှုတ်ဆုတောင်းပြီး ခွဲလိုက်ရမှ မွေးနေ့လို့ ပီပီသသ ခံစားရတဲ့ထိကို ယဉ်ကေးျမှုက အတော်ကိုလွှမ်းမိုးလာပါတယ်။ ပိုကျန်းမာပြီး ပိုးမွှားကင်းစင်အောင် နေထိုင်ချင်တယ်ဆိုရင်တော့ ကိတ်မုန့်ပေါ်မှာ မီးထွန်းပြီး ဆုတောင်းကာ မီးမှုတ်တဲ့အလေ့အကျင့်ကို ရပ်ဖို့ တိုက်တွန်းချင်ပါတယ်။ ဘာကြောင့် ရပ်သင့်လဲဆိုတဲ့ အကြောင်းအရင်းတွေကို အောက်မှာ ပြောပြပါမယ်နော်။

ပြောရမယ်ဆိုရင် မီးမမှုတ်တော့ဘဲ ကိတ်ကြီးပဲ ခွဲမယ်ဆိုရင် ဘာမှဆုမတောင်းရတဲ့အတွက် ဘာအဓိပ္ပါယ်ရှိတော့မှာလဲဆိုပြီး အတွန့်တက်ချင် တက်လို့ရပါတယ်။ အဲဒါကြောင့်မို့ ဆက်ပြီးမီးမှုတ်နေမယ်ဆိုရင်လည်း ကိတ်ပေါ်မှာရှိတဲ့ ဘက်တီးရီးယားတွေ ခန္ဓာကိုယ်ထဲက ပျံ့နှံ့ဝင်ရောက်ဖို့ ၁၅၀၀၀ ရာခိုင်နှုန်းထက်မက ပိုများပါတယ်။ အဲဒီလိုပြောလိုက်တော့ ဖြစ်ရောဖြစ်နိုင်ပါမလားဆိုပြီး မယုံသလိုလို ယုံသလိုလိုဖြစ်တယ်မှတ်လား။ အဲဒီလို မယုံတဲ့သူတွေအနေနဲ့ USA က လေ့လာမှုတွေနဲ့ ကောက်ယူရရှိတဲ့ စစ်တမ်းတွေကို အခြေခံပြီး သက်သေပြကာ ပြောပြချင်ပါတယ်။

USA က လေ့လာမှုတွေအရ မွေးနေ့မှာ မွေးနေ့ဖယောင်းတိုင်က မရှိမဖြစ်လိုအပ်တာမှန်ပေမယ့် မွေးနေ့ကိတ်ပေါ်ကို ဖယောင်းတိုင်တင်ပြီး မှုတ်လိုက်ရင်တော့ အဲဒီမွေးနေ့ကိတ်ကို စားဖို့ သိပ်ပြီးတော့ စိတ်မချရတော့ပါဘူး။ South Carolina မှာရှိတဲ့ Clemson University က လေ့လာမှုတွေအရ ကိတ်မုန့်ပေါ်မှာ ထိုးစိုက်တဲ့ ဖယောင်းတိုင်တွေဟာ မသုံးဘဲ အချိန်အကြာကြီး သိမ်းထားတဲ့အတွက် ဘတ်တီးရီးယားတွေ အများအပြားတွယ်ကပ်နေတတ်ပါတယ်။ အဲဒီဖယောင်းတိုင်မီးတွေကို မီးထွန်းပြီး မှုတ်လိုက်တဲ့အခါ လေထဲကနေတစ်ဆင့် ကိုယ်ရဲ့ခန္ဓာကိုယ်ထဲကို ရောက်ရှိလာတတ်ပါတယ်။

ဒါ့အပြင် သုတေသနပညာရှင်တွေက ကိတ်မုန့်ပေါ်မှာ ဖယောင်းတိုင်ထွန်းပြီး မီးငြိမ်းလိုက်ကာ ၁၅ မိနစ်လောက်ထားကြည့်ပါတယ်။ အဲဒီနောက် ဖယောင်းတိုင်မီးစိုက်ပြီးနဲ့ မီးမှုတ်ပြီးတဲ့အချိန်မှာ ဘတ်တီးရီးယားတွေ ပေါက်ဖွားမှုနှုန်း ဘယ်လောက် ပြောင်းလဲသွားလဲဆိုတာကို မှတ်တမ်းတွေတင် လေ့လာကြပါတယ်။ မှတ်တမ်းတွေအရဆို အဲဒီနှစ်ခုကြားက ခြားနားချက်ဟာ ထိတ်လန့်စရာကောင်းအောင် ကွဲပြားပါတယ်။ ရလဒ်တွေအရ ထောက်ပြထားတာက ဖယောင်းတိုင်မီးစိုက်လိုက်တဲ့အချိန်မှာ ဘက်တီးရီးယားတွေ ကြီးကြီးမားမား ပေါက်ဖွားလာတာကို တွေ့ရပါတယ်။ စိုစွတ်တဲ့နေရာမျိုးမှာ ဖယောင်းတိုင်မီးမှုတ်လိုက်ရင် အနည်းဆုံး ဘက်တီးရီးယား အမျိုးအစားကွဲ ၁၀၀ ကျော်လောက်က ကိတ်မုန့်ပေါ်ကို ရောက်ရှိသွားပါတယ်။

ဒါကြောင့်မို့ မီးမှုတ်ခါနီးကျရင် လေကြောင်းကနေ ဘက်တီးရီးယားကူးစက်နိုင်တာကို သတိပြုမိစေချင်ပါတယ်။ဘက်တီးရီးယားတွေဟာ ကိုယ်ခံအားနည်းနေတဲ့အချိန်မှသာ ခန္ဓာကိုယ်ကို တိုက်ခိုက်တဲ့အတွက်ကြောင့်မို့ ဖျားနာချင်သလိုမျိုး ဖြစ်နေပြီး ကိုယ်ခံအားနည်းနေရင်တော့ မီးမှုတ်တာမျိုး မလုပ်ပါနဲ့။ ကိုယ်ခံအားနည်းနေတဲ့အချိန်မျိုးမှာ မီးမှုတ်မိလိုက်တာနဲ့ ကိတ်မုန့်လှီးမိလိုက်လို့ရှိရင် ဘက်တီးရီးယားတွေ ခန္ဓာကိုယ်ထဲကို ဝင်ရောက်လာတဲ့အတွက်ကြောင့် အအေးမိခြင်း ၊ ချောင်းဆိုးခြင်းနဲ့ ဖျားနာခြင်း အစရှိတဲ့ လက္ခဏာတွေကို ခံစားရပါလိမ့်မယ်။

ကိတ်မုန့်လေးပေါ်က ဖယောင်းတိုင်မီးမှုတ်တာနဲ့ ကျန်းမာရေး ဘယ်ဟာအရေးကြီးလဲဆိုရင် ကျန်းမာရေးက ပိုအရေးကြီးတဲ့အတွက် ဖယောင်းတိုင်မီးမှုတ်ဖို့ကိုပဲ စိတ်ထဲမှာ အာရုံကြီး သိပ်မထားဘဲ တခြားအရာတွေကိုပြုလုပ်ပြီး မွေးနေ့တွေ၊ Anniversary တွေကို ပျော်ပျော်ကြီး ဖြတ်သန်းလိုက်ကြပါလို့ တိုက်တွန်းချင်ပါတယ်နော်။

H.H(Akhayar)