KTV မှာ ကြုံနေကျ ကိုယ်တွေ့အနှောက်ဇာတ်လမ်းလေးများ စုစည်းမှု

KTV မှာ ကြုံနေကျ ကိုယ်တွေ့အနှောက်ဇာတ်လမ်းလေးများ စုစည်းမှု

အလုပ်တွေများပြီး မွန်းကျပ်လွန်းတဲ့ညနေတိုင်း သူငယ်ချင်းတွေနဲ့ ချိန်းပြီးတော့ Night Out သွားလေ့ရှိကြတယ်မလား။ ဟုတ်တယ်ဟုတ်။ တော်တော်များများကတော့ KTV သွားပြီး ဘီယာလေးစုပ်ရင်း သီချင်းဆိုကြတာပါပဲ။ ကိုယ်တွေအဖွဲ့ကလည်း ဒါမျိုးတွေဆို သိပ်ကြိုက်ပေါ့။ အဲ ဒါနဲ့ ဒီနေရာမှာ ပြောစရာတစ်ခုရှိတယ်။ ပျော်ချင်လို့ KTV သွားပါတယ်ဆိုမှ မပျော်ရဘဲ ဘူလာရတဲ့အခိုက်အတန့်တွေ ရှိတယ်။ ဒီနေ့တော့ သူများတွေလည်း မဘူရအောင်၊ ကိုယ့်အလှည့်ကျရင်လည်း မဘူရအောင် ဘယ်လိုအချက်မျိုးတွေ လိုက်နာသင့်လဲဆိုတာ ကြည့်ရအောင်။

အစားအသောက်တွေပဲ စွတ်မှာစားမနေပါနဲ့
သိတဲ့အတိုင်းပဲ KTV က အစားအသောက်တွေက အပြင်ကထက် ဈေးက နှစ်ဆလောက်ကွာနေတာ။ ဒီလောက် ဈေးကြီးကကြီးကို တစွတ်စွတ်မှာစားနေရင်တော့ Section ကြေးထက် အစားအသောက်ဖိုးက ပိုကျသွားမှာ သေချာနေပြီ။ ဒီတော့ မသွားခင် စားသွားကြ။ ဟိုရောက်ရင် ဘီယာနဲ့ အာလူးချောင်းကလွဲရင် ဘာမှ မှာမစားကြနဲ့တော့။ ကိုယ်တွေအဖွဲ့ကတော့ အပြင်မှာ ဈေးသင့်တဲ့ဆိုင်ကနေ အဝအပြဲ စားသောက်ပြီးမှ သွားဆိုကြတယ်။ မပိုင်ဘူးလား။

ဟာမိုနီမလိုက်ကြပါနဲ့
ဒီစကားပဲ တောက်လျှောက်အော်နေရတာပဲ။ ဟာမိုနီမလိုက်ကြပါနဲ့။ ဆိုချင်ရင် တစ်ယောက်တစ်ပိုဒ် ပေးဆိုပါ့မယ်လို့ပေါ့။ ကိုယ်က Feel အပြည့်နဲ့ အော်လိုက်တဲ့အချိန် တစ်ဖက်က အသံသေးအသံညောင်နဲ့ အော်သံပြဲကြီး ပေါ်လာရင်တော့ ဂွမ်းတာပဲလေ။ ဒီတော့ လုံး၀ နိုးပါနော်။ လိုက်မဆိုကြပါနဲ့လို့ တောင်းပန်ပါတယ်နော်။ တစ်ယောက်တည်း အားရပါးရ Feel ချင်လို့ပါ။

လျှောက်လျှောက်မကျော်ကြပါနဲ့
အကျင့်မကောင်းတဲ့ သူငယ်ချင်းဆိုးလေးနဲ့ ဆိုမိရင်တော့ အစဉ်လိုက်ကို မဆိုရတော့ပါဘူး။ သူတို့အလှည့်မရောက်သေးဘဲ မစောင့်နိုင်လို့ လျှောက်ကျော်နေတာနဲ့ပဲ ကိုယ့်သီချင်းက အောက်ဆုံးကို ရောက် ရောက်သွားတော့တာပါပဲ။ ဒီလိုလူမျိုး သုံးယောက်လောက်ပါလာပြီဆိုရင်တော့ ဆိုဖို့မစဉ်းစားပါနဲ့တော့။ လက်ခုပ်လေးတီးပြီး အားပေးနေလိုက်တာပဲ ကောင်းပါတယ်လေနော်။

အားကြီးနဲ့အများကြီး မရွေးပါနဲ့
နောက်တစ်ခုရှိသေးတယ်။ ပြောပြရဦးမယ်။ Tablet ကို လက်ကမလွှတ်ဘဲ သူ့ချည်းပဲ ထည့်နေတာလေ။ သီချင်းတွေ တစ်ပုဒ်ပြီးတစ်ပုဒ်။ သူပြီးရင် သူ၊ သူပြီးရင်း သူကို ဖြစ်နေတာပဲ။ ဒါကတော့ တော်တော် ဒေါပွစရာကောင်းသွားပါပြီ။ လူစေ့သီချင်းစေ့ဆိုနိုင်ဖို့ တစ်ယောက်တစ်လှည့်ပေါ့လေနော်။ မိုက်ခဲလုပ်တာ လူအမြင်ကတ်စရာကောင်းပါတယ်။ မကျေနပ်ရင် Section တွေအများကြီးယူပြီး စိတ်ကြိုက်ဆိုရအောင်လေ။ အားကြီးနဲ့တော့ မလုပ်ကြေး။

ကုပ်ချိကုပ်ချိလုပ်မနေပါနဲ့
တချို့ရှိတယ်။ KTV လာပြီး ငြိမ်ငြိမ်ကုပ်ကုပ်လေး ဘာလုပ်လို့ လုပ်နေမှန်းကို မသိပါဘူး။ သီချင်းဆိုရမှာကို ရှက်သလိုလို၊ ကြောက်သလိုလိုနဲ့ ဖုန်းကြီးပဲ မဲပွတ်နေတာ။ KTV လာတာ စိတ်လက်ပေါ့ပါးပြီး သူငယ်ချင်းတွေနဲ့ ပျော်ဖို့ပဲဟာကို။ အသံကောင်းတာ၊ မကောင်းတာမဆိုင်ပါဘူး။ သီချင်းဆိုပြိုင်ပွဲမှမဟုတ်တာကိုနော်။ ကစရာရှိရင် ကလိုက်ကြတာပေါ့။ အဓိကတော့ အော်ဟစ်ပေါက်ကွဲဖို့နဲ့ စိတ်အပန်းဖြေဖို့။ ကျန်တာတွေကို ခေါင်းထဲထည့်မနေပါနဲ့။

ဒီတော့ သူငယ်ချင်းတွေကို ပြထားနော်။ ဒီလိုတွေ မလုပ်နဲ့။ မကြိုက်ဘူးလို့။ အခရာပရိသတ်ကြီးတွေ ကြုံခဲ့ဖူးတဲ့ တခြား ခွီစရာအနှောက်လေးတွေအကြောင်းလည်း ပြောပြပေးသွားဦး။ လိုတာလေးတွေလည်း ထပ်ဖြည့်ပြောပေးပါဦးနော်။

Moethaesay (Akhayar)

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ