Introvert တွေ မိတ်ဆွေအသစ်ဖွဲ့ဖို့ လိုအပ်တဲ့အခါ ဘယ်လိုနည်းလမ်းတွေ သုံးစွဲရမလဲ

Introvert တွေ မိတ်ဆွေအသစ်ဖွဲ့ဖို့ လိုအပ်တဲ့အခါ ဘယ်လိုနည်းလမ်းတွေ သုံးစွဲရမလဲ

သူငယ်ချင်းအသစ်ဖွဲ့တယ်ဆိုတာက သွက်သွက်လက်လက် လူခင်တတ်တဲ့လူတွေအတွက် လွယ်ပေမယ့် Introvert လို တသီးတသန့်နေတတ်တဲ့သူတွေအတွက်တော့ ခက်ခဲပါတယ်။ ဒါပေမယ့် အလုပ်အတွက် ဖြစ်ဖြစ်၊ ကျောင်းမှာ ဖြစ်ဖြစ် အုပ်စုလိုက်လုပ်ရတဲ့ Project တွေရှိတဲ့အခါမှာ မိတ်ဆွေဖွဲ့တတ်ဖို့ဟာ မဖြစ်မနေ လိုအပ်လာပါတယ်။ ဒါကို Introvert တွေ ဘယ်လို ဖြတ်ကျော်ကြပါမလဲ။

ဒီကိစ္စအတွက် Quiet Revolution ရဲ့ co-founder Susan Cain ကတော့ ကိုယ့်ရဲ့ စိတ်ပိုင်းဆိုင်ရာထင်မြင်ချက်၊ ခံယူချက်ကို ပြောင်းလဲကြည့်ရှုဖို့ အကြံပေးခဲ့ပါတယ်။ ဥပမာဆိုပါစို့ ကိုယ်က လူတွေနဲ့ ရောရောနှောနှောမနေတတ်ဘူး၊ ဒါပေမယ့် တကယ့်ကို မိတ်ဆွေဖွဲ့ဖို့ လိုအပ်တဲ့ School Party တို့၊ Networking Event တို့ ရောက်နေပြီဆိုရင် ငါက Introvert ဆိုပြီး စိတ်တွေရှုပ်လာမှာ အမှန်ပါပဲ။ ဒါကြောင့် ငါက Introvert ၊ ငါက လူတွေနဲ့ မရောတတ်၊နေတတ်မှာ မဟုတ်ဘူးဆိုပြီး တွေးနေမယ့်အစား ဒီပါတီကို ပျော်ပျော်ရွှင်ရွှင်ဆင်နွှဲရမယ့် Happy Hour လို့ သတ်မှတ်ခံစားပြီး ဆင်နွှဲတာမျိုး ဖြစ်ပါတယ်။

Introvert တွေ ကို အထင်မှားနေတဲ့ အကြီးဆုံးအချက်က Introvert တွေဟာ ပေါင်းသင်းဆက်ဆံရေးမလုပ်ချင်သူ၊ ပေါင်းသင်းဆက်ဆံရေးမကောင်းသူတွေလို့ ထင်ကြတဲ့အချက်ပဲ ဖြစ်ပါတယ်။ သူတို့ဟာ ပေါင်းသင်းဆက်ဆံရေးမလုပ်ချင်တဲ့သူတွေ မဟုတ်သလို လူ့အသိုင်းအဝိုင်းကို ရှောင်ကြဉ်နေတဲ့သူတွေလည်း မဟုတ်ပါဘူး။ သူတို့ဟာ လူတိုင်းနဲ့ မခင်တတ်ပေမယ့် သူတို့နဲ့ အကြိုက်တူတဲ့၊ သူတို့နဲ့ စိတ်ခံစားချက်ချင်းတူတဲ့ သူတွေနဲ့ဆိုရင် အရမ်းကို ခင်တတ်မင်တတ်ပြီး ပေါင်းသင်းဆက်ဆံရေးကောင်းကြပါတယ်။

ဒါကြောင့် ခင်ဗျားက Introvert တစ်ယောက်ဖြစ်နေတယ်ဆိုရင် အတင်းကြီး လူတွေ အများကြီးနဲ့ မိတ်ဖွဲ့တာမျိုးမလုပ်ဘဲ ကိုယ်နဲ့ ပင်ကိုစရိုက်ချင်းတူတဲ့သူ၊ အကြိုက်တူတဲ့သူတွေကို ခန့်မှန်းရွေးချယ်ပြီး မိတ်ဆွေဖွဲ့လို့ ရပါတယ်။ Introvert တွေအတွက် ခက်ခဲတဲ့ နောက်တစ်ချက်ကတော့ လူရှေ့သူရှေ့၊ လူကြားသူကြား စကားထွက်ပြောရတဲ့ ကိစ္စပဲ ဖြစ်ပါတယ်။

ဒီလို ပြောဆိုရမှာကို ကြောက်ရင်တော့ ပွဲကြီးလမ်းကြီးတွေမှာ စကားစပြောတာကို ရှောင်ပြီး ကိုယ့်သူငယ်ချင်းအုပ်စုတွေ၊ ဒါမှမဟုတ် အတန်းတွင်းဆွေးနွေးမှုတွေမှာ စကားထပြောကြည့်ပြီး ခုနက အကြောက်တရားကို ဖြတ်ကျော်လို့ ရပါတယ်။ အဲဒီလို ပြောတဲ့အချိန်မှာ ဘယ်လိုပဲ ကို့ရို့ကားရားတွေ ဖြစ်ဖြစ်၊ ပွဲအကြီးကြီးတွေလို ဖိအားမများတဲ့အတွက် ဖြတ်ကျော်သွားဖို့ လွယ်သွားမှာ ဖြစ်ပါတယ်။

ဒါကြောင့် ဘယ်လိုနေရာမှာပဲ ဖြစ်ဖြစ် Introvert ပဲ ဖြစ်နေနေ ငါက Introvert ပဲ၊ လူတွေနဲ့ ရောလို့ မရပါဘူးဆိုတဲ့ Mindset အစား ဒါမှမဟုတ်လည်း အစွန်းတစ်ဖက်အနေနဲ့ ငါက Introvert ပဲ၊ အတင်းကြီး လူတွေကို လိုက်ရောမယ်ဆိုပြီးလုပ်မယ့်အစား Mindset လေးပြောင်းပြီး ဒါဟာ စိတ်လှုပ်ရှားဖွယ်အခွင့်အရေးတစ်ခု၊ ပျော်စရာတစ်ခုလို့ တွေးပြီး ကိုယ်နဲ့ အကြိုက်တူတဲ့သူ၊ ပင်ကိုစရိုက်ချင်းတူတဲ့သူတွေကို ခန့်မှန်းရွေးချယ်ပေါင်းဖို့ပဲ လိုအပ်ပါတယ်။

Yoe Lu (Akhayar)

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ