အလုပ်အင်တာဗျူးမအောင်မြင်တဲ့အခါ ဘာတွေ ဆက်လုပ်သင့်သလဲ

အလုပ်အင်တာဗျူးမအောင်မြင်တဲ့အခါ ဘာတွေ ဆက်လုပ်သင့်သလဲ

ဧပြီလဟာ အလုပ်အပြောင်းအရွှေ့တွေ များတဲ့အတွက် ဒီ Article လေးက အလုပ်ဖြစ်မယ်ထင်ပါတယ်။ အလုပ်ကနေ အင်တာဗျူးမအောင်ဘူး၊ အလုပ်ခေါ်တဲ့အထဲ မပါဘူးဆိုတာ စိတ်ညစ်စရာတစ်ခုဆိုတာတော့ မငြင်းနိုင်ပါဘူး။ ဒါပေမယ့် အဲဒီစိတ်ညစ်စရာကို အကြာကြီး သယ်မသွားဘဲ ရှေ့ကို ဆက်နိုင်မှသာ အောင်မြင်တယ်ခေါ်ရမှာပါ။

ဒါကြောင့် အလုပ်အင်တာဗျူးမှာ အရွေးမခံရရင် ဘယ်လို ပြင်ဆင်သင့်လဲဆိုတာလေး မျှဝေပေးလိုက်ပါရစေ။

အလုပ်က မခန့်ဖြစ်ပါဘူးဆိုတဲ့ Email ရရင် ဒီလောက်ထိ လုပ်နိုင်ခဲ့တာကိုပဲ အရင်ဂုဏ်ယူလိုက်ပါဦး
စစချင်း ဒီလို Email မျိုး မြင်ရရင်တော့ ရင်အောင့်မှာ အမှန်ပါပဲ။ ဒါပေမယ့် ဒီလောက်ထိ ရောက်လာခဲ့တဲ့ ခြေလှမ်းတွေကိုပဲ ဂုဏ်ယူလိုက်ပါဦး။ ကွန်ပျူတာရှေ့ကခွာ၊ အသက်ကို ဝဝရှူ၊ စိတ်တည်ငြိမ်အောင် စုစည်းဖို့ လိုပါတယ်။ ပြီးတော့ စိတ်ထဲ ထားရမှာက တခြားအင်တာဗျူးတွေ အများကြီး ရှိပါသေးတယ်။ ဒီဟာက အဆုံးသတ်မဟုတ်သေးဘူးဆိုတာပါပဲ။

သူငယ်ချင်းတွေ၊ မိသားစုတွေနဲ့ ခဏအချိန်ဖြုန်းလိုက်ပါ
နောက်ထပ်အလုပ်တွေ မလျှောက်ခင်မှာ ကိုယ့်ကိုယ်ကိုယ် တည်ဆောက်ဖို့ အချိန်ယူပါ။ ကိုယ့်ကို အားပေးမယ့်သူတွေ၊ အကြံဉာဏ်ပေးနိုင်တဲ့သူတွေနဲ့ စကားပြောပါ။

အငြင်းခံရတဲ့ Email ရပေမယ့် Email ပြန်ဖို့တော့ မမေ့ပါနဲ့
အဲဒီ Company မှာ အဲဒီရာထူးအတွက် အငြင်းခံရပေမယ့် တခြားစိတ်ဝင်စားစရာ အလုပ်အကိုင်အခွင့်အလမ်းတွေ ရှိပါသေးတယ်။ ဒါကြောင့် အငြင်းခံရရင်တောင်မှ အခုလို တုံ့ပြန်ပေးတာ ကျေးဇူးတင်ကြောင်းနဲ့ နောက်ထပ် Position တွေရှိရင်လည်း အကြောင်းကြားပေးဖို့ ပြောလို့ ရပါတယ်။ တစ်ခါတလေမှာ ကိုယ်လျှောက်ခဲ့တဲ့ အလုပ်က မန်နေဂျာအသစ်ရောက်လာလို့ အလုပ်ပြန်ခေါ်ဖို့ ရှိတဲ့အခါ အရင်ခေါ်ခဲ့ဖူးသူတွေကို ပြန်စဉ်းစားပေးတာ ရှိတတ်တာမို့ အားမလျှော့ပါနဲ့။

Feedback ပြန်တောင်းလို့ ရပါတယ်
Email ထဲမှာ အဆင်မပြေဘူးဆိုပြီး ငြင်းပယ်ထားရင် ဘာကြောင့် အဆင်မပြေဖြစ်ရသလဲ ပြောပြလို့ ရမလားဆိုပြီး ယဉ်ယဉ်ကျေးကေးျမေးမြန်းလို့ ရပါတယ်။ ဖြေတဲ့သူနဲ့တွေ့ရင် ကိုယ့်ရဲ့ လိုအပ်ချက်တွေ သိနိုင်တာပေါ့။

ခဏခဏအငြင်းခံနေရပြီဆိုရင်တော့ ကိုယ့်မှာ ဘာလိုအပ်ချက်တွေ ရှိနေလဲ ပြန်ဆန်းစစ်သင့်ပါပြီ
တစ်ခါတလေမှာ ကိုယ့်ရဲ့ CV က အင်တာဗျူးအဆင့်တောင် မရောက်ဘဲ ခဏခဏအငြင်းခံနေရပြီဆိုရင်တော့ ကိုယ့် CV မှာ ဘာတွေ လိုနေလဲ၊ Impression ဘာလို့ မရဘူးလဲ ဆန်းစစ်ဖို့ လိုပါပြီ။ အင်တာဗျူးမှာ အငြင်းခံရရင်တော့ ကိုယ့် Skill တွေ ထပ်ဖြည့်ဖို့ လိုနေတာလား၊ Job Fit/ Culture Fit မဖြစ်တာလား ကြည့်ရပါတော့မယ်။ Skill တွေ ထပ်ဖြည့်ဖို့လည်း Online မှာ Class တွေ ရှိသလို Resume ရေးနည်းလည်း သင်တန်းတွေ ရှိနေတဲ့အတွက် ဒါတွေက ဖြေရှင်းလို့ ရနေပါတယ်။

ကိုယ်က လက်ရှိ အလုပ်လုပ်နေပြီး အလုပ်သစ်အတွက် လျှောက်တာမှာ အငြင်းခံနေရတယ်ဆိုရင်တော့
ဒါဆိုရင်တော့ လက်ရှိအလုပ်ထဲမှာ Project အသစ်တွေ၊ အတွေ့အကြုံအသစ်တွေ စလုပ်ဖို့ လိုနေပါပြီ။ Comfort Zone ထဲမှာ မနေဘဲ ကိုယ်မကျွမ်းကျင်တဲ့ အပိုင်းတွေ စမ်းလုပ်ကြည့်ဖို့ အချိန်ရောက်ပါပြီ။ နောက်အလုပ်အသစ်အတွက် မဟုတ်ရင်တောင် လက်ရှိအလုပ်မှာ စိန်ခေါ်မှုအသစ်တွေ ယူတာဟာ အရည်အချင်းတက်လာစေပါတယ်။

လိုအပ်တဲ့ အရည်အသွေးကို တည်ဆောက်ပြီးရင်တော့ ကိုယ့်အိပ်မက်ထဲက ကုမ္ပဏီကို လျှောက်ဖို့ ကြောက်မနေပါနဲ့တော့
CV လည်း သေချာပြန်ပြင်ပြီးပြီ၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုလည်း ရှိနေပြီ၊ လိုအပ်တောတွေလည်း ဖြည့်ပြီးပြီဆိုရင်တော့ ကိုယ်သွားချင်တဲ့ အလုပ်၊ ကိုယ်ရချင်တဲ့ နေရာကို ထပ်လျှောက်ဖို့ အချိန်ရောက်ပါပြီ။

ဒါကြောင့် ဘဝမှာ အလုပ်အင်တာဗျူးက အငြင်းခံရတိုင်း အားငယ်စိတ်ပျက်မနေဘဲ ရှေ့ဆက်ကြိုးစားကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။

Yoe Lu (Akhayar)

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ