ခရီးအထာနပ်သူတွေဖြစ်ဖို

ခရီးအထာနပ်သူတွေဖြစ်ဖို

သူငယ်ချင်းတွေ၊ မိတ်ဆွေတွေ၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ခရီးထွက်ဖူးတယ်ဆိုရင် တစ်ယောက်နဲ့တစ်ယောက် ခရီးအတွက်ပြင်ဆင်ပုံ၊ ခရီးစဉ်တစ်လျှောက်အဆင်ပြေပြေစီမံတတ်ပုံ၊ ကိုယ့်ကိုယ်ကိုယ် Safe ဖြစ်အောင်နေထိုင်တတ်ပုံတွေ ကွာခြားတတ်တာကို တွေ့ရမှာပါ။ တချို့တွေက ခရီးသွားရတာအပန်းမပြေဘဲ တလွဲတချော်တွေဖြစ်၊ တချို့ကျတော့လည်း အထုပ်အပိုးတွေအများကြီးထည့် ဘာမှလည်းမသုံးဖြစ်ဘဲ လေးလေးပင်ပင်သယ်ရတာပဲ အဖတ်တင်နဲ့ တော်တော်ကသိကအောက် အနေအထားတွေကြုံတတ်ကြပါတယ်။

တကယ်တော့ ခရီးအထာနပ်တဲ့ စမတ်ကျတဲ့ခရီးသွားတွေဖြစ်စေဖို့ ဒီအချက်တွေကိုအဓိကစဉ်းစားပြင်ဆင်ဖို့ပါပဲနော်။

သံရုံးရှာဖွေပါ
စမတ်ကျတဲ့ခရီးသွားသူဟာ ဘယ်နိုင်ငံပဲသွားသွား ကိုယ့်နိုင်ငံသံရုံးဘယ်နားရှိတယ်ဆိုတာအရင်ရှာထားတတ်ကြသူတွေပါ။ သူများနိုင်ငံမှာ ပတ်စ်ပို့ပျောက်တာမျိုး၊ အရေးကြီးတဲ့စာရွက်စာတမ်းတွေ ပျောက်တာမျိုး၊ ဆေးရုံတက်ရတာမျိုး၊ တစ်ခုခုအခက်အခဲကြုံတွေ့ရတာမျိုးအတွက် အထိရောက်ဆုံးကူညီပေးနိုင်မယ့်နေရာပါ။ အကောင်းဆုံးကတော့ ကိုယ့်ရဲ့အရေးကြီးတဲ့စာရွက်စာတမ်းတွေအားလုံးကို ပရင့်ထုတ်၊ မိတ္တူကူးထားတာ၊ ဖုန်းနဲ့ဓာတ်ပုံရိုက်ထားတာမျိုးကိုတော့ မဖြစ်မနေလုပ်ဆောင်ထားသင့်ပါတယ်နော်။

ပိုက်ဆံတွေသယ်မသွားဘူး
ဟင်..ခရီးသွားတာပိုက်ဆံမသယ်သွားတော့ ဘယ်လိုဖြစ်မှာလဲလို့မထင်ပါနဲ့နော်။ ပြည်တွင်းပဲသွားသွား ပြည်ပခရီးပဲသွားသွား ပိုက်ဆံအုပ်လိုက်သယ်မယ့်အစာအစား အလွယ်တကူသယ်ဆောင်သွားနိုင်တဲ့ Debit/Credit ကတ်လေးတွေကိုပဲ ထည့်သွားပါ။ ဥပမာ- Union Pay သာသုံးတယ်ဆိုရင် လေယာဉ်လက်မှတ်ဖြတ်တာ၊ ဟိုတယ်ဘိုကင်လုပ်တာ၊ စားသောက်ဆိုင်တွေသွားတာ၊ Shopping ထွက်တာ၊ ကားငှားတာ၊ ကားဆီဖြည့်တာ၊ အွန်လိုင်းကနေ ဈေးဝယ်တာကအစလွယ်ကူလျင်မြန်တဲ့အပြင် ကတ်တ်အသုံးပြုခြင်းအတွက် ပရိုမိုးရှင်းတွေကလည်း ထိုက်ထိုက်တန်တန်ရသေးတာဆိုတော့ အတိုင်းထက်အလွန်ပဲပေါ့။ စမတ်ကျသူတွေကတော့ ဒီလိုမျိုး ရသင့်တဲ့အခွင့်အရေးကို ဘယ်တော့မှလက်လွတ်မခံတတ်ကြပါဘူးနော်။ Union Pay လိုမျိုးကတ်တွေဆောင်ထားရင် ပြည်တွင်းမှာသာမက ပြည်ပခရီးသွားတဲ့အချိန်မှာလည်း သူတို့နိုင်ငံမှာရှိတဲ့ ATM မှာ ငွေသားအလွယ်တကူထုတ်နိုင်၊ Shopping အတွက်လည်း အထူးခံစားခွင့်တွေလည်းရသေးတာဆိုတော့ အပေါ့ပါးဆုံးနဲ့စမတ်ကျကျခရီးထွက်နိုင်ပြီပေါ့။

ဘာသာစကားအစွမ်း
ဘယ်ကိုပဲခရီးသွားသွား သူတို့သုံးတဲ့ဘာသာစကား  တစ်ခွန်းနှစ်ခွန်းသင်ထားတာက ကိုယ့်အတွက်အများကြီးတာသွားတာသိရမှာပါ။ “မင်္ဂလာပါ၊ ကျေးဇူးတင်ပါတယ်၊ ဈေးနည်းနည်းလျှော့ပါဦးလား” စတဲ့စကားလေးတွေကို အကောင်းဆုံးပြောတတ်အောင် သင်ယူထားသင့်ပါတယ်။ ဒါဟာ သူတို့နိုင်ငံ၊ သူတို့ဘာသာစကားနဲ့ သူတို့ကို လေးစားရာကျတာမို့ ကိုယ့်ကိုပိုမိုရင်းနှီးနွေးထွေးလာပြီး ကိုယ့်အပေါ်ရိုးသားပွင့်လင်းလာကြပါတယ်။

နည်းပညာကိုအသုံးချမယ်
ဒီဘက်ခေတ်မှာတော့ ခရီးလမ်းကြောင်းဆွဲတာ၊ Booking တင်တာ၊ ဈေးနှုန်းတွေယှဉ်ကြည့်တာ၊ ကုန်ကျစရိတ်တွက်ချက်တာ အားလုံးကို ခရီးမသွားခင်တည်းက Perfect ဖြစ်အောင်ပြင်ဆင်သွားလို့ရပါပြီ။ နိုင်ငံတကာသွားမယ်ဆိုရင်တော့ Kayak.com,Ebates,Agoda တို့လို Website တွေ App တွေထဲဝင်မွှေနှောက် သင့်စိတ်ကြိုက်ခရီးတစ်ခုကိုဖန်တီးနိုင်မှာဖြစ်ပါတယ်နော်။ ပြီးတော့ Translate App လေးတွေ သုံးနိုင်ပါသေးတယ်။ နေရာဒေသသစ်မှာ သူတို့ဘာသာစကားနဲ့ချည်းရေးထားလို့ စိတ်ပူစရာမလိုပါဘူး၊ ဓာတ်ပုံရိုက်လိုက်တာနဲ့ ရေးထားတဲ့စာကို ကိုယ်ရွေးချယ်ထားတဲ့ဘာသာစကားနဲ့ Translate လုပ်ပေးပါလိမ့်မယ်။ နောက်တစ်ချက်ကတော့ ဖုန်းထဲမှာ ကိုယ်ရောက်နေတဲ့နိုင်ငံ၊ ကိုယ်ရောက်နေတဲ့ဒေသရဲ့ Offline Map ယူထားဖို့လည်းလိုပါတယ်။

ထုပ်ပိုးတဲ့ Skill
စမတ်ကျတဲ့ခရီးသွားတစ်ယောက်ရဲ့ အရည်အချင်းတွေမှာ လိုအပ်သမျှပစ္စည်းတွေကို အသပ်ရပ်ဆုံးနဲ့အပေါ့ပါးဆုံး ထုပ်ပိုးတတ်ခြင်းလည်းပါဝင်ပါတယ်။ ကိုယ်သွားမယ့် နေရာဒေသအကြောင်းသိပြီဆိုတာနဲ့ တကယ်လိုအပ်မယ့် တကယ်အသုံးဝင်မယ့်အရာတွေကိုပဲ စုစည်းပြင်ဆင်ထုပ်ပိုးဖို့လိုပါတယ်။ ဒီအတွက်တော့ YouTube မှာ Travel  Packaging Tips တွေအများကြီးရှိပါတယ်။ အရေးကြီးတဲ့အရာတွေသိမ်းဆည်းဖို့ ကိုယ်နဲ့မကွာရှိမယ့် လျှို့ဝှက်အိတ်လေးတွေဖန်တီးဖို့ကိုလည်း မမေ့ပါနဲ့နော်။

Workout မပျက်စေရ
အပန်းဖြေခရီးသွားနေပေမယ့် ကိုယ့်ရဲ့နိစ္စဓူဝကောင်းတဲ့အမူအကျင့်တွေကို မပယ်ဖျက်တတ်ခြင်းဟာလည်း အရည်အချင်းတစ်ရပ်ပါပဲ။ ခရီးသွားနေချိန် ကျန်းမာရေးလည်းကောင်းအောင်၊ ဝိတ်လည်းတက်မလာအောင် ဟိုတယ်မှာ Gym တစ်နာရီလောက်ဆော့တာ ဒါမှမဟုတ် ဟိုတယ်ခန်းထဲမှာပဲ ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းလုပ်တာ စတဲ့အကျင့်လေးတွေကိုတော့ စမတ်ကျတဲ့ခရီးသွားတွေလုပ်လေ့ရှိပါတယ်နော်။

အိပ်တတ်ပါစေ
ဟုတ်ပါတယ်။ စမတ်ကျတဲ့ခရီးသွားတစ်ယောက်ရဲ့အရည်အချင်းတွေထဲမှာ အိပ်တတ်ခြင်းလည်းပါဝင်ပါတယ်။ ခရီးသွားတဲ့အချိန်မှာ ဘယ်နေရာမှာဖြစ်ဖြစ် အိပ်ပျော်အောင်အိပ်တတ်ဖို့လိုပါတယ်။ ကားပေါ်မှာ၊ လေဆိပ်မှာ၊ တောင်တွေတိမ်တွေကြည့်ရင်း ခဏအနားယူချိန်မှာ အိပ်တတ်ရပါမယ်။ ကိုယ့်အတွက် စိတ်ချလုံခြုံတဲ့အနေအထားရရင် အိပ်ပါ။ ခဏတာနှစ်နှစ်ခြိုက်ခြိုက် အိပ်စက်လိုက်နိုင်ရင် နောက်ထပ်ခရီးပေါင်းများစွာကို အားအင်အပြည့်နဲ့ခရီးဆက်နိုင်ပါလိမ့်မယ်။

သီတင်းကျွတ်ရုံးပိတ်ရက်တွေလည်းလာတော့မယ်ဆိုတော့ ပိုက်ဆံလေးတွေစုမယ်၊ လှပတဲ့ခရီးစဉ်လေးတွေကို အတူတူစိတ်ကူးယဉ်ကြမယ်လေ။

Moethaesay

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ