Spider-Man မင်းသား Tom Holland တော့ ရည်းစားရသွားပြီထင်ပါတယ် ဒါပေမယ့် သူ့ရည်းစားက………

Spider-Man မင်းသား Tom Holland တော့ ရည်းစားရသွားပြီထင်ပါတယ် ဒါပေမယ့် သူ့ရည်းစားက………

ဒီဆောင်းပါးကို မဖတ်ခင်ကြိုသတိပေးမယ်နော်။ Tom Holland နဲ့ Homecoming က တွဲဖက်သရုပ်ဆောင် Zendaya ကို Ship နေတယ်ဆိုရင် ခုပဲထိုင်ငိုလိုက်လို့ ရပါပြီလို့။ Spider-Man ဝတ်စုံကို ထပ်ပြီးဝတ်ဆင်ခွင့်ရတဲ့ မင်းသား Tom Holland ကို အရင် Spider-Man မင်းသားတွေထက် ပရိသတ်တွေပိုပြီး သဲသဲလှုပ်ကြိုက်နေကြတာ အမြင်ပါပဲ။ ကြိုက်ချင်စရာလေးကို သူကချစ်စရာလေးလေ။ ဘယ်လိုနေနေပါ… Tom နဲ့ Zendaya ကိုလည်း ပရိသတ်တွေက အရမ်းဖြစ်စေချင်နေခဲ့ကြတာပါ။

Homecoming ထွက်ပြီးတည်းက ပရိသတ်တွေက Tom နဲ့ Zendaya ကို အသေပေးစားနေကြပေမယ့် သူတို့နှစ်ယောက်က အတွဲမဟုတ်ဘူးဆိုပြီး ဘူးခံငြင်းခဲ့ကြတယ်လေ။ ပရိသတ်တွေကတော့ မယုံကြည်ခဲ့ကြပါဘူး။ သူတို့နှစ်ယောက်ကြားက ဆက်ဆံရေးက ရည်းစားမဟုတ်ဘူးလို့ ထင်ချင်စရာမှ မရှိခဲ့တာ။ ဒါပေမယ့် ပရိသတ်တွေအားလုံးကို ဟာကနဲ ဟင်ကနဲ ဖြစ်သွားစေတာက Tom Holland ဟာ London’s Hyde Park မှာလုပ်တဲ့ British Summer Time မှာ Zendaya မဟုတ်တဲ့ တခြားကောင်မလေးတစ်ယောက်နဲ့ ဟိုလိုလိုဒီလိုလိုတွေလုပ်နေတဲ့ပုံတွေ တက်လာလို့ပါ။ ဟုတ်ပါတယ်…ကြည့်ရတာတော့ Tom တစ်ယောက် တကယ်ရည်းစားရသွားပြီထင်ပါတယ်။ သူနဲ့အတူတွေ့ခဲ့ရတဲ့ ရွှေအိုရောင်ဆံကေသာနဲ့ မိန်းကလေးနာမည်က Olivia Bolton လို့ သိရပါတယ်။ သူတို့နှစ်ယောက်က သမီးရည်းစားတွေလို နီးနီးကပ်ကပ်ပြောဆိုပြုမူနေခဲ့တာကြောင့်လည်း အတွဲတွေဖြစ်မယ်လို့ ကောက်ချက်ချလိုက်ကြတာပါ။ ဒီလိုကောလာဟလတွေထွက်နေပါတယ်ဆိုနေမှ Tom နဲ့ Olivia တို့က အမဲရောင်ဆင်တူဝတ်ပြီး ဆွဲကြိုးဆင်တူတွေနဲ့ အပြင်ထွက်လာခဲ့လို့ ပိုပြီးတော့သံသတွေဝင်ကုန်တာလည်းဖြစ်ပါလိမ့်မယ်။ Page Six က Tom Holland ကောင်မလေးရနေတာ ဟုတ်လားမဟုတ်ဘူးလားဆိုတာကို မေးခွန်းထုတ်ဖို့ခွင့်တောင်းတာကို Tom ရဲ့ ကိုယ်စားလှယ်က အကြောင်းမပြန်ခဲ့ပါဘူး။

Cele တွေက အစပိုင်းဆိုရင် အဲဒီလိုပဲလေ။ သိပ်ပြီးထုတ်မပြောတတ်ကြဘူး။ ဒါပေမယ့် Elle Show မှာတုန်းက Tom က အချစ်ရေးထဲမှာနေရတာကို သဘောကျတယ်။ ချစ်သူရှိရတာကို သဘောကျတဲ့သူတစ်ယောက်ဖြစ်ပါတယ်လို့ သေချာပြောခဲ့တာဆိုတော့ Tom ရည်းစားရနေပြီဆိုတာ ဖြစ်နိုင်ခြေ ၁ဝဝ % ထက်ကို ပိုကျော်နေလောက်ပါတယ်။ ဒီတော့ ပရိသတ်ကြီးတို့ရော ဘယ်လိုထင်လဲ။ Tom ကို ရည်းစားရစေချင်လား။ ဒီတိုင်း ကိုယ်ကြိတ် Crush လို့ရတဲ့ ချစ်စရာ Single ကောင်လေးပဲ ဖြစ်စေချင်လား။ မဟုတ်ရင်…. Tom နဲ့ Zendaya ကိုပဲ ဖြစ်စေချင်လား။ ပြောကြည့်ကြည့်လိုက်….

Photo Credit

Source: Page Six

Piki (Akhayar)

www.akhayarmedia.com

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ