လူလုပ်တဲ့ အမှိုက်တွေကြောင့် ဧဝရက်တောင်ပါ ရှုပ်ပွလာရ

လူလုပ်တဲ့ အမှိုက်တွေကြောင့် ဧဝရက်တောင်ပါ ရှုပ်ပွလာရ

ဧဝရက်တောင်ဟာ လူသူအရောက်အပေါက်နည်းလို့ အမှိုက်နည်းလိမ့်မယ်လို့ ထင်နေတယ်ဆိုရင် ကျွန်တော်တို့ ထင်မြင်ချက် မှားသွားခဲ့ပါပြီ။ ဧဝရက်တောင်ဟာလည်း သူ့အတိုင်းအတာနဲ့ သူ အမှိုက်တွေ ပွရှုပ်နေခဲ့ပြီ ဖြစ်ပါတယ်။

ဧဝရက်တောင်ပေါ်ကို ဆယ်စုနှစ်ပေါင်းအများကြီး ချီပြီး တက်ရောက်ခဲ့တဲ့ တောင်တက်သမားတွေရဲ့ အမှိုက်တွေဟာ တစ်စထက် တစ်စပိုများလာခဲ့ပြီ ဖြစ်ပါတယ်။

Toilet on Mt. Everest

ဒါပေမယ့် ဒီလို အမှိုက်တွေကို ကိုယ့်စရိတ်ကိုယ်စားပြီး Volunteer လုပ် အမှိုက်ကောက်ပေးတဲ့ အဖွဲ့တွေဟာလည်း ရှိနေပါတယ်။ သူတို့ဟာ အမှိုက်ကောက်ဖို့ လုပ်ထားတဲ့ အစီအစဉ်ရဲ့ ရှေ့နှစ်ပတ်အတွင်းမှာပဲ အမှိုက်ပမာဏ မက်ထရစ်တန် ၃ တန် (၆,၆၁၃ ပေါင်) လောက် ကောက်နိုင်ခဲ့ပါတယ်။ ဒီလို အမှိုက်ကောက်တဲ့ လုပ်ငန်းကို လူပေါင်း ၁၄ ဦးပါတဲ့ အဖွဲ့နဲ့ လုပ်ခဲ့တာ ဖြစ်ပြီး ရက်ပေါင်း ၄၅ ရက်အတွင်း အမှိုက်မက်ထရစ်တန် ၁၀ တန် ကောက်မယ်လို့ ရည်ရွယ်ထားကြတာ ဖြစ်ပါတယ်။

ဧဝရက်တောင် ရှင်းလင်းရေးအစီအစဉ်မှာ စည်သွပ်ဘူးခွံတွေ၊ ပလပ်စတစ်ပစ္စည်းတွေနဲ့ တောင်တက်ရာမှာ သုံးတဲ့ ပစ္စည်းတွေ ပါဝင်ပါတယ်။ စစ်တပ်သုံးရဟတ်ယာဉ်တစ်စီးဟာလည်း ဒီလို အမှိုက်ကောက်တဲ့နေရာမှာ ကူညီပေးခဲ့ပြီး အဖွဲ့ဟာ အမှိုက်များများပိုကောက်နိုင်ဖို့အတွက် နောက်ထပ်မြင့်တဲ့ စခန်းတွေကို တက်ဖို့ ရည်ရွယ်ထားကြပါတယ်။

အမှိုက်ကောက်ရင်းနဲ့ တွေ့တာကတော့ တောင်တက်ရင်းနဲ့ တိမ်းပါးသွားခဲ့တဲ့ သူတွေရဲ့ ရုပ်အလောင်းတွေ ဖြစ်ပါတယ်။ နီပေါ အစိုးရနဲ့ ဒေသခံအဖွဲ့အစည်းတွေဟာ တောင်ပေါ်က အမှိုက်ပြဿနာကို ဖြေရှင်းထိန်းချုပ်ဖို့ ရင်ဆိုင်နေကြရပြီး တကမ္ဘာလုံးက တောင်တက်သမားတွေကလည်း ရာသီချိန်တိုင်း ဧဝရက်တောင်ကို တက်ဖို့ လာကြိုးစားနေကြလို့ပဲ ဖြစ်ပါတယ်။

ဒီလို အမှိုက်တွေကို ထိန်းချုပ်ဖို့ လုပ်တဲ့အထဲမှာ ၂၀၁၄ ခုနှစ်မှာ တောင်တက်သမားတွေကို Deposit ကောက်တဲ့ စနစ်လည်း ပါဝင်ပါတယ်။ တောင်ပေါ်ကပြန်ဆင်းလို့ အမှိုက် ၈ ကီလိုဂရမ်ပြန်သယ်လာခဲ့ရင် Deposit ပြန်ပေးမယ့် အစီအစဉ်ဖြစ်ပါတယ်။

အမှိုက်ကောက်တဲ့ အဖွဲ့အတွက် အမှိုက်ပြီးတော့ နောက်ထပ်ပြဿနာရှိတာက ရာသီဥတု ပြောင်းလဲမှုပါပဲ၊ တောင်ပေါ်မှာ ရှိတဲ့ ရေခဲတွေဟာ အရည်ပျော်တာ မြန်တဲ့အတွက် နှင်းဖုံးနေတဲ့ ရုပ်အလောင်းတွေ တစ်ဦးပြီး တစ်ဦးပေါ်လာတာကိုလည်း ကြုံတွေ့နေရပါတယ်။

၁၉၂၂ ခုနှစ်တည်းကဆိုရင် တောင်တက်သမား ၂၀၀ ကျော်လောက် ဧဝရက်တောင် တက်ရင်း အသက်ဆုံးရှုံးခဲ့ပြီး ဖြစ်ပါတယ်။ အဲဒီမှာ ရုပ်အလောင်းပြန်သယ်နိုင်တဲ့သူတွေက သယ်သွားပြီး ရုပ်အလောင်းအများစုကတော့ နှင်းဖုံးပြီး ကျန်ခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် အမှိုက်ကောက်တဲ့ အဖွဲ့တွေဟာ အမှိုက်ပြဿနာအပြင် ရုပ်အလောင်းတွေကိုပါ ပြန်သယ်ဖို့ ပြဿနာ ကြုံနေရတာ ဖြစ်ပါတယ်။

အမှိုက်ပြဿနာတွေဟာ ကျွန်တော်တို့ နေ့စဉ်သွားလာလှုပ်ရှားနေတဲ့ ပတ်ဝန်းကျင်မှာတင်မဟုတ်ဘဲ ဧဝရက်တောင်လို နေရာမျိုးထိ ရိုက်ခတ်လာပြီဖြစ်တဲ့အတွက် ကိုယ့်ကြောင့် ပတ်ဝန်းကျင်မထိခိုက်အောင် သတိထားရတော့မှာ ဖြစ်ပါတယ်။ အခရာမိတ်ဆွေများလည်း ခရီးသွားလာဖို့ ကြုံတဲ့အခါ ကိုယ်သွားတဲ့ နေရာမှာ အမှိုက်များမဖွခဲ့ဖို့ မေတ္တာရပ်ခံချင်ပါတယ်။

Yoe Lu(Akhayar)

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle