ကမ္ဘာ့လစာအမြင့်ဆုံးနိုင်ငံခေါင်းဆောင် (၅) ဦး

ကမ္ဘာ့လစာအမြင့်ဆုံးနိုင်ငံခေါင်းဆောင် (၅) ဦး

နိုင်ငံတစ်နိုင်ငံကို ဖွံ့ဖြိုးတိုးတက်အောင် စွမ်းဆောင်ခဲ့ရာမှာ နိုင်ငံ့ခေါင်းဆောင်ဟာလည်း အခရာကျလွန်းပါတယ်။ သူ့ရဲ့လုပ်ရည်ကိုင်ရည်အပေါ် မူတည်ပြီး နိုင်ငံဟာ ဖွံ့ဖြိုးတိုးတက်နိုင်သလို ဆုတ်ယုတ်သွားနိုင်ပါတယ်။ နိုင်ငံခေါင်းဆောင်တွေလည်း သူတို့ရဲ့သက်တမ်းအတွင်းမှာ နိုင်ငံအပေါ် အစွမ်းကုန်ပေးဆပ်ကြတာနဲ့အညီ သူတို့ရရှိတဲ့လစာတွေကလည်း မနည်းလှပါဘူး။ အခုတစ်ပတ်မှာတော့ ကမ္ဘာ့လစာအမြင့်ဆုံးနိုင်ငံခေါင်းဆောင် (၅) ဦးအကြောင်းကို ဖော်ပြလိုက်ပါတယ်။

(၅) Scott Morrison

သြစတြေးလျဝန်ကြီးချုပ် Scott Morrison ရဲ့ တစ်နှစ်လစာဟာ ၃၇၈,၄၁၅ ဒေါ်လာအထိကို ရှိပါတယ်။ ဝန်ကြီးချုပ်ရဲ့ လစာဟာ သြစတြေးလျနိုင်ငံသားတွေရဲ့ ပျမ်းမျှလစာရဲ့  (၇) ဆကျော်အထိ ရှိတယ်လို့ ဆိုနိုင်ပါတယ်။ သြစတြေးလျနိုင်ငံမှာ ဝန်ကြီးချုပ်သက်တမ်းဟာ အကန့်အသတ်မရှိဘဲ Scott Morrison ရဲ့ အသားတင်ကြွယ်ဝမှုဟာ ဒေါ်လာ ၃ဝ.၂ သန်းအထိ ရှိလာပြီဖြစ်ပါတယ်။

(၄) Donald Trump

အမေရိကန်နိုင်ငံရဲ့ (၄၅) ယောက်မြောက်သမ္မတကြီး Donald Trump ရဲ့ တစ်နှစ်လစာဟာ ၄ဝဝ,ဝဝဝ ဒေါ်လာအထိ ရရှိပါတယ်။ လစာအပြင် ခရီးစရိတ် ၁ဝဝ,ဝဝဝ ဒေါ်လာ၊ အသုံးစရိတ် ၅ဝ,ဝဝဝ ဒေါ်လာနဲ့ ဖျော်ဖြေရေးအတွက် ၁၉,ဝဝဝ ဒေါ်လာ အထိရရှိတာဖြစ်ပါတယ်။ ဒေါ်လာ ၃.၁ ဘီလီယံ (ဒေါ်လာ ၃,၁ဝဝ သန်း) ကြွယ်ဝတဲ့ Donald Trump ဟာ သူ့လစာတွေကို ကိုယ့်ကျိုးအတွက် မသုံးဘဲ လှူဒါန်းမယ်လို့ ကတိပြုထားပါတယ်။

(၃) Ueli Maurer

ကမ္ဘာ့လစာအမြင့်ဆုံးနိုင်ငံခေါင်းဆောင်စာရင်းရဲ့ နံပါတ် (၃) နေရာမှာ ရပ်တည်နေတာက ဆွစ်ဇာလန်သမ္မတကြီး Ueli Maurer ပါပဲ။ သူ့ရဲ့ တစ်နှစ်လစာက ၄၈၂,၉၅၈ ဒေါ်လာအထိကို ရှိပါတယ်။ သမ္မတသက်တမ်းဟာ (၁) နှစ်ပဲရှိပြီး သမ္မတဟာ ဆက်တိုက် ရွေးကောက်ပွဲဝင်လို့မရပါဘူး။ သူ့ရဲ့ လစာဟာ ဆွစ်ဇာလန်နိုင်ငံသားတွေရဲ့ ပျမ်းမျှလစာထက် (၈.၅) ဆ ပိုများတယ်လို့ ဆိုနိုင်ပါတယ်။

(၂) Carrie Lam

တရုတ်နိုင်ငံရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသ ဟောင်ကောင်ရဲ့ ခေါင်းဆောင် Carrie Lam ရဲ့ တစ်နှစ်လစာဟာ ၅၆၈,၄ဝဝ ဒေါ်လာ ရှိပါတယ်။ ဒီလစာဟာ ဟောင်ကောင်နိုင်ငံသားတွေရဲ့ ပျမ်းမျှဝင်ငွေထက် (၁ဝ) ဆနီးပါး ပိုများပြီး တရုတ်သမ္မတကြီး Xi Jinping ထက် (၂၅) ဆကျော် ပိုများပါတယ်။

(၁) Lee Hsien Loong

၂ဝဝ၈ခုနှစ်မှ ၂ဝ၁၂ခုနှစ်အတွင်း Lee Hsien Loong တစ်နှစ်လစာဟာ ၂,၈၅၆,၉၃ဝ ဒေါ်လာအထိရှိခဲ့ပြီး ၂ဝ၁၂ခုနှစ်မှာတော့ သူ့လစာရဲ့ (၂၈) ရာခိုင်နှုန်းအထိကို လျော့ယူခဲ့ပါတယ်။ ဒါ့ကြောင့် လက်ရှိအချိန်မှာ သူ့ရဲ့ တစ်နှစ်လစာဟာ ၁,၆၁ဝ,ဝဝဝ ဒေါ်လာရှိပြီး လစာအများဆုံးနိုင်ငံခေါင်းဆောင်ဖြစ်ပါတယ်။ ဒါတောင်မှ စင်္ကာပူနိုင်ငံသားတွေရဲ့ ပျမ်းမျှတစ်နှစ်လစာထက် အဆ (၂ဝ) ကျော် ပိုများပါတယ်။

ကဲ . . . ဒီလောက်ဆိုရင် ကမ္ဘာတလွှားက နိုင်ငံခေါင်းဆောင်တွေရဲ့လစာတွေကို ရိပ်စားမိလောက်ပြီထင်ပါတယ်။ ကမ္ဘာ့လစာအမြင့်ဆုံးနိုင်ငံခေါင်းဆောင် (၅) ဦးထဲမှာ လစာမယူတာ အမေရိကန်သမ္မတကြီး Donald Trump ပဲဖြစ်ပါတယ်ခင်ဗျာ။

Reference and Photo Credit – USA Today

Kyaw Soe Aung (Akhayar)

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle