Comfort Zone ရဲ့ တစ်ပတ်တာ စိတ်ဝင်စားဖွယ်အဖြေများ စုစည်းမှု

Comfort Zone ရဲ့ တစ်ပတ်တာ စိတ်ဝင်စားဖွယ်အဖြေများ စုစည်းမှု

အပတ်တိုင်းတင်ဆက်ပေးနေကြ Comfort Zone ရဲ့ အဖြေများစုစည်းဖော်ပြပေးမှု လုပ်လာတာဟာ ဒီအပတ်နဲ့ဆို တတိယပတ်ကို ရောက်ရှိလို့နေပါပြီ။ လာရောက်မေးမြန်းသူတွေကို တတ်နိုင်သလောက် ကူညီအဖြေရှာပေးခွင့်ရလို့ မင်မင်တို့ ပျော်သလို ဖြေပေးလိုက်တဲ့ အဖြေတွေကြောင့်လည်း အဆင်ပြေသွားတယ်ဆိုပြီး တချို့တလေ ပြန်ကြားရလို့ ပီတိကိုစား အားရှိရပါတယ်။ ဒါကြောင့်မို့လည်း ဒီတစ်ပတ်မေးထားတဲ့အထဲမှာ ပရိသတ်ကြီးကို အကူအညီဖြစ်စေမယ့် အကြောင်းအရာလေးတွေကို သေချာစိစစ်ပြီး ပြန်လည်ဖြေကြားပေးထားလို့ အကူအညီတစ်စုံတစ်ရာ ဖြစ်စေတယ်ဆိုရင်တောင် ပင်ပန်းရကျိုးနပ်ပါတယ်နော်။ ကဲ့ ကိုယ်ဖြစ်နေတဲ့ ပြဿနာတွေနဲ့ ကိုက်ညီတဲ့ အဖြေလေးတွေ၊ သိချင်တဲ့ အကြောင်းအရာလေးတွေ၊ အကြံပေးချက်လေးတွေ ပါမပါ အခုပဲဖတ်ကြည့်လိုက်ပြီး ကိုက်ညီရင် လက်မနှေးဘဲ အသုံးချကြည့်လိုက်ကြတော့နော်။

Q1: အမျိုးသမီးအကောင့်ပိုင်ရှင်လေးတွေက ကျန်းမာရေးနဲ့ ပတ်သက်တဲ့မေးခွန်းတစ်ခုဖြစ်တဲ့ “ရာသီလာချိန်မှာ ခေါင်းလျှော်လို့ရလား ခေါင်းလျှော်ရင်ရော ကျန်းမာရေးထိခိုက်စေနိုင်လားဆိုပြီး” မေးထားပါတယ်။
A1: ခေါင်းလျှော်လို့ရလား မေးထားတဲ့ မေးခွန်းကို ဖြေရမယ်ဆိုရင်တော့ လျှော်လို့ရပါတယ်။ ဒါပေမယ့် ခေါင်းလျှော်ရင်တော့ အချိန်အကြာကြီး လျှော်တာမျိုး မလုပ်ဘဲနဲ့ ရေနွေးလေးနဲ့ လျှော်ပေးပါ။ အဲဒီလို ရေနွေးနွေးလေးနဲ့ ရေချိုးခေါင်းလျှော်ပေးတာဟာ ရာသီလာခြင်းကြောင့် ခံစားရတဲ့ ကြွက်တက်တာတွေနဲ့ ရာသီမလာခင် အကြောတွေတင်းတာတွေကိုတောင် သက်သာစေပါတယ်။

Q2: အမည်မဖော်လိုတဲ့ အကောင့်ပိုင်ရှင်တစ်ဦးကလည်း တစ်ယောက်တည်းခရီးသွားကြည့်ချင်လို့ သွားကြည့်ရင် ဘာတွေပြင်ဆင်ပြီး သွားရင်ကောင်းမလဲ မင်မင်ရေဆိုပြီး လာရောက် တိုင်ပင်ဆွေးနွေးထားပါတယ်။
A2: မင်မင်အနေနဲ့ တစ်ယောက်ထဲ ခရီးသွားချင်တဲ့သူကို အကြံပေးရမယ်ဆိုရင်တော့ သေချာပေါက် ဘေးကင်းအောင် ပြင်ဆင်ဖို့အတွက်ပဲ အကြံပေးချင်ပါတယ်။ သေချာပေါက် ဘေးကင်းစေဖို့ မိန်းကလေးပဲဖြစ်ဖြစ် ယောကျ်ားလေးပဲဖြစ်ဖြစ် ခုခံလို့ရမယ့်အကာအကွယ် ( ဥပမာ-ဓား၊ ချွန်ထက်တဲ့အရာ၊ ငရုတ်ကောင်း Spray) အစရှိတာတွေကို ယူသွားဖြစ်အောင်ယူသွားပါ။ ဘေးကင်းပျော်ရွှင်တဲ့ ခရီးစဉ်လေးဖြစ်ဖို့ မသွားခင်ထဲက သွားဖူးတဲ့လူတွေရဲ့ Review တွေကို ကြိုဖတ်ကြည့်ပြီး အသေးစိတ်ပြင်ဆင်ထားတာမျိုး ၊ အစအဆုံးစီစဉ်ပေးတဲ့ Travel Agent တွေနဲ့ ချိတ်ဆက်ပြီး သွားတာမျိုး လုပ်ကြည့်ပါ။

Q3: အလုပ်ပြောင်းချင်လို့ အလုပ်မပြောင်းခင် ဘာတွေ ကြိုတင်ပြီး ပြင်ဆင်ထားသင့်လဲ ၊ အလုပ်ပြောင်းလို့ အကောင်းဆုံးလဆိုပြီး ရှိလားဆိုတာကို သိရင် တစ်ချက်လောက် ဖြေပေးပါဆိုပြီး အကောင့်ပိုင်ရှင် တော်တော်များများ လာမေးထားပါတယ်။
A3: အလုပ်ပြောင်းဖို့ဆိုရင် သေချာပေါက် အဲ့ဝင်ငွေတစ်ခုထဲမှာပဲ ရပ်တည်ထားရတယ်ဆိုရင် နောက်အလုပ်သစ်တစ်ခု သေချာပေါက်ရှာပြီး ရပြီဆိုမှ ပြောင်းဖို့ အကြံပေးချင်ပါတယ်။ အလုပ်သစ်ရမှ ပြောင်းလို့ရမှာမို့ လုပ်လက်စ အလုပ်ကိုလည်း လုပ်ရင် တစ်ဖက်ကလည်း ကိုယ်လုပ်ချင်တဲ့ အလုပ်မျိုးကို သေချာပေါက် တွဲပြီးရှာကြည့်ပါ။ အလုပ်ပြောင်းဖို့ အကောင်းဆုံးလဆိုပြီးတော့ မရှိပေမယ့် အလုပ်တွေအခေါ်များတဲ့ အချိန်တွေကတော့ ဧပြီလ၊ နှစ်ကုန်ပြီး နှစ်သစ်ပြန်စတဲ့ အချိန်တွေဟာ အခေါ်များလို့ အဲ့ဒီအချိန်တွေမှာ ဖိပြီး လျှောက်ကြည့်ပါနော်။

Q4: တက်တူးထိုးတာပြီးတာ မကြာသေးလို့ တက်တူးကို ရေရှည်လှပနေအောင် ဘယ်လို ထိန်းသိမ်းရမလဲ နည်းလမ်းရှိရင် ဝေမျှပေးပါဆိုပြီး တက်တူးချစ်သူတစ်ယောက်ကပါဆိုပြီး မေးထားပါတယ်။
A4:တက်တူးတစ်ခု ရေရှည်လှပဖို့အတွက်ဆို ထိုးပြီးခါစအချိန်က အရေးကြီးဆုံးအချိန်ဖြစ်လို့ ထိုးပြီးခါစအချိန်မှာ အစားအသောက်၊ အနေအထိုင် သတိထားရပါမယ်။ တက်တူးထိုးပြီးခါစအချိန်မှာ အမဲသား၊ Seafood ၊ ငါးပိ၊ ငါးခြောက်နဲ့ ကြက်ဥတို့ကို ရှောင်ရပါမယ်။ လိမ်းဆေးလိမ်းချင်တယ်ဆိုရင် ထိုးပြီးနှစ်ရက်ကြာရင် Vaseline ကို ပါးပါးလေးလိမ်းလို့ ရပါတယ်။ အထူကြီးတော့ မလိမ်းမိစေပါနဲ့နော်။တက်တူး တဖြည်းဖြည်း အရောင်ကျလာတဲ့အခါမျိုးမှာလည်း လုံး၀ လုံး၀ မကုတ်၊မခွာမိဖို့ကလည်း တက်တူးအမြဲလှပနေဖို့အတွက် အရေးကြီးဆုံးအချက်တစ်ချက်ပါပဲနော်။

Q5: နောက်ဆုံးမေးခွန်းလေးကတော့ ထူးထူးဆန်းဆန်းမေးခွန်းလေးတစ်ခုပါ။ မင်မင်တို့ရဲ့ Page Name ဖြစ်တဲ့ Akhayar ဆိုတဲ့ နာမည်ကို ဘာအဓိပ္ပါယ်နဲ့ပေးထားတာလဲဆိုပြီး တော်တော်များများ လာမေးထားပါတယ်။
A5: ဒီမေးခွန်းမြင်တော့ မင်မင်တောင် ရင်ခုန်သွားပါတယ်။ မင်မင်တို့ Page ကို စိတ်ဝင်တစား အားပေးကြပါလားဆိုပြီး ပျော်ပြီး ရင်ခုန်သွားတာပါ။ Page Name ဖြစ်တဲ့ “Akhayar” ရဲ့ အဓိပ္ပါယ်ကတော့ အခရာ= အရေးကြီးသော၊ မရှိမဖြစ်လိုအပ်သော ဆိုပြီး ရည်ရွယ်ပြီး ပေးထားတာပေါ့နော်။

ဒီအပတ်အတွက်တော့ ဒီမေးခွန်းလေးတွေနဲ့ အဖြေလေးတွေ စုစည်းဖော်ပြပေးထားတယ်ဆိုတော့ နောက်အပတ်မှာရော ဘယ်လိုမေးခွန်းဆန်းဆန်းလေးတွေလာမေးပြီး ဆွေးနွေးတိုင်ပင်ကြမလဲ လာမေးထားတဲ့အထဲကနေ ကိုယ်သိချင်တဲ့ ဘယ်လိုအကြောင်းအရာလေးတွေပါမလဲဆိုတာကို စောင့်ဖတ်ကြည့်လို့ ရပါတယ်နော်။ စောင့်ဖတ်တာမျိုးချည်းပဲ မလုပ်ချင်လို့ ကိုယ်သိချင်တဲ့ အကြောင်းအရာလေးတွေ၊ ဆွေးနွေးတိုင်ပင်ချင်တာလေးတွေရှိရင် Consultant လိုရော၊ သူငယ်ချင်းလေးလိုရော ရှိပေးနေတဲ့ Comfort Zone လေးဆီကိုသာ အပြေးလာမေးပြီး ရင်ဖွင့်တိုင်ပင်ကာ အဖြေရှာကြည့်လိုက်ကြပါတော့နော်။

H.H(Akhayar)

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle