ပိုက်ဆံစုဖို့ ကြိုးစားနေရင် ဖုန်းထဲက ဒီ App တွေနဲ့ ဒီအမူအကျင့်တွေကို ဖျောက်လိုက်ပါ

ပိုက်ဆံစုဖို့ ကြိုးစားနေရင် ဖုန်းထဲက ဒီ App တွေနဲ့ ဒီအမူအကျင့်တွေကို ဖျောက်လိုက်ပါ

နည်းပညာက အရမ်းကို တိုးတက်နေပါပြီ။ တိုးတက်လာတဲ့ နည်းပညာအလျောက်လည်း ငွေကုန်ကြေးကျကလည်း လိုက်မြင့်တက်လာပါတယ်။ အရင်ဆို မုန့်စားချင်ရင် အိမ်ထဲက အိမ်ပြင်ထွက်မှာစားလို့ ရပေမယ့် အခုဆို App ကနေ တစ်ဆင့်မှာတာ၊ ဒါမှမဟုတ် Facebook ကနေ ဖုန်းလေးခေါ်ပြီး မှာလိုက်တာနဲ့ မှာစားလို့ ရနေတော့ ပိုက်ဆံက ပိုကုန်လာပါပြီ။

ဒါကြောင့် ဒီနှစ်သင်္ကြန်က စပြီး ပိုက်ဆံစုဖို့ စိတ်ကူးနေရင် ဖုန်းထဲက တချို့ App တွေနဲ့ တချို့အမူအကျင့်တွေကို ဖျောက်ဖို့ လိုလာပါပြီ။

၁။ Food Delivery Service App တွေကို ဖျက်ပစ်ပါ
အားရင် ပျင်းရင် သူငယ်ချင်းတွေ စုမိရင်ဆိုတဲ့ အကြောင်းပြချက်အမျိုးမျိုးနဲ့ ဖုန်းထဲက Food Delivery Service App ကို ဖွင့်၊ တစ်ခုပြီး တစ်ခုမှာမိတော့တာပါပဲ။ ဒါကြောင့် ပိုက်ဆံစုချင်ရင် လွယ်လွယ်မမှာမိအောင် Food Delivery Service App တွေ ဖျက်ထားပါ။

၂။ Facebook လျှော့သုံးပါ
Facebook ဆိုတာလေ ပိုက်ဆံကုန်ပေါက်ကို အလိုလို ရှာပေးတဲ့ အရာကြီးပါပဲ၊ အဲဒီမှာ Online Shopping တွေ ရှိနေတယ်။ စားသောက်ဆိုင် Reviews တွေ၊ ကြော်ငြာတွေ ရှိနေတယ်။ Facebook မှာသာကြာကြာနေမိရင် OS က ပစ္စည်းတွေ မှာလိုက်၊ ချက်ချင်းဗိုက်ဆာလာသလို ဖြစ်ပြီး ပြေးပြီးသွားစားလိုက်နဲ့ ပိုက်ဆံကုန်တတ်တာမို့ Facebook လျှော့သုံးဖို့ တိုက်တွန်းချင်ပါတယ်။

၃။ In-App Purchase ပါတဲ့ ဂိမ်းတွေ ကစားရင် စိတ်ရှည်ပါ
Candy Crush၊ Coin Master စတဲ့ ဂိမ်းတွေကို ဆော့နေရင်း Spin ကုန်တဲ့အခါ Spin ပြည့်ဖို့ စောင့်နေရင်း စိတ်မရှည်လို့ ထဝယ်တဲ့ အဖြစ်တွေ ကြုံဖူးမှာပါ။ ၅ ဒေါ်လာလေးပဲ ဘာမှ မဖြစ်ပါဘူးဆိုပေမယ့် ရေရှည်မှာတော့ ထိပါတယ်။ ပြီးတော့ ဂိမ်းတော်တော်များများက အခမဲ့ ကစားခွင့်ပေးထားပြီး အရှိန်မြင့်လာတဲ့အချိန်ကျမှ ဒီလို နည်းနဲ့ ပိုက်ဆံရှာကြတာကို သတိပြုရမှာပါ။ အားလပ်ချိန်မှာ ဂိမ်းကစားပြီး အပန်းဖြေတာ ဘာမှ မဖြစ်ပါဘူး။ ဒါပေမယ့် ကိုယ်ပင်ပင်ပန်းပန်းရှာထားတဲ့ ငွေကို ဂိမ်းထဲက Gold တွေ၊ Coin တွေ၊ Spin တွေ အတွက် သုံးလိုက်မယ်ဆိုရင်တော့ ပိုက်ဆံစုဖြစ်တော့မှာ မဟုတ်ပါဘူး။

အခရာပရိသတ်ကြီး အားလုံးပဲ ဘာမဟုတ်တဲ့ ငွေယိုပေါက်လေးတွေကို ကာမိရင်း နှစ်သစ်မှာ ပိုက်ဆံတွေ အများကြီး စုနိုင်ကြပါစေ။

Yoe Lu (Akhayar)

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ