737 MAX လေယာဉ်တွေ သူ့ရဲ့ လေပိုင်နက်ထဲ ပျံသန်းခွင့်မပြုဖို့ တားမြစ်လိုက်တဲ့ UK နိုင်ငံ

737 MAX လေယာဉ်တွေ သူ့ရဲ့ လေပိုင်နက်ထဲ ပျံသန်းခွင့်မပြုဖို့ တားမြစ်လိုက်တဲ့ UK နိုင်ငံ

လူပေါင်း ၁၅၇ ဦးသေဆုံးခဲ့တဲ့ အီသီယိုပီးယားလေယာဉ်ပျက်ကျမှုအပြီးမှာ UK ဟာ  737 MAX လေယာဉ်တွေကို သူ့လေပိုင်နက်ထဲ ပျံသန်းခြင်းကို တားမြစ်လိုက်ပြီ ဖြစ်ပါတယ်။

Ethiopian Airlines ရဲ့ Boeing 737 MAX 8 ဟာ နိုင်ရိုဘီကို ဦးတည်ပျံသန်းဖို့ လေဆိပ်က တက်ပြီး မိနစ်အနည်းငယ်အကြာမှာပဲ ပျက်ကျခဲ့တာ ဖြစ်ပါတယ်။ ဒီလေယာဉ်ပျက်ကျမှုဟာ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလက ဖြစ်ပွားခဲ့တဲ့ Lion Air Flight 610 ပျက်ကျမှုအပြီးမှာ ဒုတိယအကြိမ်မြောက် မော်ဒယ်လ်တူ လေယာဉ်ပျက်ကျမှုလည်းဖြစ်ပါတယ်။

ဒါကြောင့် မတ်လ ၁၂ ရက် မနေ့က ဗြိတိန်လေကြောင်းပို့ဆောင်ရေးအာဏာပိုင်အဖွဲ့က လက်ရှိပံျသန်းထွက်ခွာနေတဲ့ Boeing 737 MAX ခရီးသည်တင်လေယာဉ်တွေကို ဗြိတိန်လေပိုင်နက်ထဲ ဖြတ်ကျော် ပျံသန်းတာကို ရပ်တန့်ဖို့ ညွှန်ကြားခဲ့ပါတယ်။

https://twitter.com/UK_CAA/status/1105461217886375937?ref_src=twsrc%5Etfw%7Ctwcamp%5Etweetembed%7Ctwterm%5E1105461217886375937&ref_url=http%3A%2F%2Fwww.akhayar.media%2Fuk-bans-all-boeing-737-max-aircraft-from-its-airspace%2F


Ethiopian Airlines ရဲ့ Flight Data နဲ့ လေယာဉ်မှုးအခန်းထဲက Voice Recorder တွေကို ရှာတွေ့ထားပြီလို့ သိရပါတယ်။ ဒီ Data တွေကနေ လေယာဉ်ပျက်ကျရတဲ့ အကြောင်းကို အဖြေရှာတွေ့နိုင်မယ်လို့ ယုံကြည်ကြောင်း Airline ဘက်ကနေ ပြောခဲ့ပါတယ်။

ဒီလိုမျိုး UK ဘက်ကနေ 737 MAX တွေကို လေကြောင်းပိုင်နက်အတွင်း ပျံသန်းမှု တားမြစ်သလိုပဲ သြစတြေးလျ၊ စင်ကာပူနဲ့ မလေးရှားနိုင်ငံတွေကလည်း သူတို့ရဲ့ လေပိုင်နက်မှာ 737 MAX လေယာဉ်တွေ ဖြတ်ကျော်ပျံသန်းတာကို တားမြစ်လိုက်ကြပါတယ်။ နော်ဝေနိုင်ငံကတော့ Boeing 737 MAX ပျံသန်းမှုကို ယာယီရပ်ဆိုင်းထားတယ်လို့ အတည်ပြုခဲ့ပါတယ်။

US Federal Aviation Administration (FAA) ကတော့ Boeing ကို Anti-stalling Software နဲ့ Maneuvering System ကို ဧပြီလမတိုင်ခင် ပြုပြင်လုပ်ဆောင်ဖို့ အမိန့်ပေးခဲ့ပါတယ်။ Ethiopia ၊ China ၊ South Africa ၊ Indonesia နဲ့ Cayman Islands တွေမှာတော့ 737 MAX 8 လေယာဉ်တွေ အသုံးပြုတာကို ခဏဆိုင်းငံ့ထားပါတယ်။

တရုတ်ကတော့ ပြည်တွင်းလေကြောင်းလိုင်းတွေမှာ MAX 8 လေယာဉ်အသုံးပြုတာကို ခဏရပ်တန့်ခိုင်းထားပြီး MAX 8 လေယာဉ် ၁၁ စီး ရှိတဲ့ အင်ဒိုနီးရှားကတော့ စုံစမ်းစစ်ဆေးမှုလုပ်နေချိန်အတွင်း Boeing 737 MAX 8 ပျံသန်းတာကို တားမြစ်ထားမှာ ဖြစ်ပါတယ်။

တောင်ကိုရီးယားနိုင်ငံကတော့ Easter Jet လေကြောင်းလိုင်းက ပျံသန်းနေတဲ့ MAX 8 လေယာဉ်နှစ်စင်းကို စစ်ဆေးမှုတွေ ပြုလုပ်ဖို့ ညွှန်ကြားထားပါတယ်။ Oman Air ၊ Flydubai နဲ့ Turkish Airlines တွေကတော့ MAX 8 Flight တွေကို ဖျက်သိမ်းမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

ပျက်ကျသွားခဲ့တဲ့ Ethiopian Airlines လေယာဉ်ဟာ အသုံးပြုတာ လေးလတောင် မပြည့်သေးပဲ လက်ဝယ်ရရှိထားတာတောင် နိုဝင်ဘာလ ၁၅ ရက်နေ့ကမှ ဖြစ်ပါတယ်။ အဲဒီလေယာဉ်ဟာ မြို့တော် Addis Ababa ရဲ့ အရှေ့ဘက်ကီလိုမီတာ ၆၀ အကွာ Tulu Fara ရွာအနီးမှာ ပျက်ကျခဲ့တာ ဖြစ်ပါတယ်။

Yoe Lu (Akhayar)

Source : thejournal.ie

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle