မင်းသားချော James Franco အကြောင်း လူသိနည်းသေးတဲ့ အချက်များ

မင်းသားချော James Franco အကြောင်း လူသိနည်းသေးတဲ့ အချက်များ

James Edward Franco လို့ ခေါ်တဲ့ James Franco ကို  ၁၉၇၈ ခုနှစ် ဧပြီ လ ၁၉ ရက်နေ့မှာ မွေးဖွားခဲ့တာ ဖြစ်တဲ့အတွက် ဒီနေ့မှာတော့ အသက် ၄၁ နှစ်ပြည့်ပြီ ဖြစ်ပါတယ်။ James Franco ကို သိတဲ့သူ အများကြီး ရှိနေပေမယ့် မသိသေးတဲ့သူတွေအတွက်တော့ Spider-Man Trilogy ထဲက Harry Osborn နေရာမှာ သရုပ်ဆောင်ခဲ့သလို ‘127 Hours’ မှာ သရုပ်ဆောင်ခဲ့တဲ့ မင်းသားဆို သိကြမှာပါ။

သူ့ရဲ့ နာမည်ကျော် တခြားဇာတ်ကားတွေလည်း ရှိပြီး Milk (2008)၊ Eat, Pray, Love (2010)၊ Rise of the Planet of the Apes (2011) နဲ့ The Disaster Artist (2017) တို့ဆိုရင်လည်း သိကြမှာ ဖြစ်ပါတယ်။ဒါကြောင့် သူ့ရဲ့ မွေးနေ့မှာ မင်းသားချောအကြောင်း စိတ်ဝင်စားဖွယ်ကောင်းပြီး လူသိနည်းတဲ့ အချက်လေးတွေကို အမှတ်တရ ဖော်ပြပေးချင်ပါတယ်။

၁။ ၂၀၀၂ ခုနှစ်မှာဆိုရင် Spider-Man (2002) မှာ Green Goblin ရဲ့ သားအဖြစ်သရုပ်ဆောင်ခဲ့ပြီး နောက်ဆက်တွဲအနေနဲ့လည်း Spider-Man 2 (2004) နဲ့ Spider-Man 3 (2007) မှာလည်း ပါဝင်ခဲ့ပါတယ်။

၂။ သူဟာ သားသုံးယောက်ထဲမှာ အကြီးဆုံးဖြစ်ပြီး သူ့ရဲ့ ညီတွေကတော့ Dave Franco နဲ့ Tom Franco တို့ ဖြစ်ပါတယ်။

၃။ သူ့ရဲ့ ပွဲဦးထွက်ရုပ်ရှင်ကတော့ ၁၉၉၉ ခုနှစ်မှာ ထွက်တဲ့ ‘Never Been Kissed’ ဖြစ်ပါတယ်။

၄။ Television Biographical Film ဖြစ်တဲ့ James Dean (2001) နဲ့ ရွှေကမ္ဘာလုံးဆုရရှိခဲ့ပါတယ်။ ဒီလို သရုပ်ဆောင်ကောင်းဖို့အတွက် သူဟာ အဲဒီဇာတ်ကောင်အတွက် တစ်နေ့ကို စီးကရက် ၂ ဗူးလောက် အသောက်ကျင့်ခဲ့ရပါတယ်။

၅။ James Franco ရဲ့ ဝါသနာကတော့ ပန်းချီဆွဲတာ ဖြစ်ပြီး အထက်တန်းကျောင်းတည်းကနေ အားလပ်ချိန်တိုင်း ပန်းချီဆွဲပြီး အချိန်ဖြုန်းလေ့ ရှိပါတယ်။

၆။ Franco ဟာ ရုရှား-ဂျူးသွေးစပ်ကို သူ့ရဲ့ အမေ့ဆီကနေ အမွေရပြီး ပေါ်တူဂီ-ဆွီဒင်သွေးစပ်ကိုတော့ ဖခင်ဘက်ကနေ ဆက်ခံခဲ့သူ ဖြစ်ပါတယ်။ ဒါကြောင့်လည်း ရှိသမျှ စုံပြီး ချောနေတာကိုး။

၇။ ‘Whatever it takes (2000) မှာ တူတူတွဲသရုပ်ဆောင်ခဲ့တဲ့ မင်းသမီး Marla Sokoloff နဲ့ ၅ နှစ်လောက် တွဲခဲ့ကြပါတယ်။

၈။ ၂၀၀၉ ခုနှစ်မှာဆိုရင် Premiere Magazine ရဲ့ Most Handsome Hollywood Man ဆိုပြီး သတ်မှတ်ခြင်းခံခဲ့ရပါတယ်။

၉။ သူ့ရဲ့ ညီလေး Dave Franco ဟာလည်း သူ့ခြေရာအတိုင်းနင်းခဲ့ပြီး မင်းသားတစ်ယောက်ဖြစ်လာခဲ့ပါတယ်။ သူတို့နှစ်ယောက်ရဲ့ သရုပ်ဆောင်မှုကို The Disaster Artist (2017) မှာလည်း တွေ့နိုင်ပါတယ်။

James Franco ကို ကြိုက်တဲ့ အမာခံပရိသတ်တွေကတော့ သူ့အကြောင်း ဒီထက်ပိုပြီး သိနိုင်မှာပါ။ အခရာပရိသတ်ကြီး သဘောကျတဲ့ James Franco သရုပ်ဆောင်တဲ့ ဇာတ်ကားတွေရှိရင်လည်း ဘယ်ဇာတ်ကားမှာ သဘောကျခဲ့တယ်ဆိုတာ ပြောပြသွားလို့ ရပါတယ်။

Yoe Lu (Akhayar)

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle