စာရွက်ပေါ် ရေးမထားပေမယ့် လိုက်နာသင့်တဲ့ လူမှုရေးကျင့်ဝတ်များ

စာရွက်ပေါ် ရေးမထားပေမယ့် လိုက်နာသင့်တဲ့ လူမှုရေးကျင့်ဝတ်များ

အခုဆိုရင် အွန်လိုင်းပေါ်မှာ တောသား၊ မြို့သားဆိုပြီး Troll ကြလို့ ပြဿနာတွေ အများကြီး တွေ့ရပါတယ်။ တောသားလို့ စနောက်တဲ့သူတွေဘက်က ဖြေရှင်းတာကတော့ တောသားဆိုတာ တောမှာ နေတဲ့ လူတွေကို ပြောတာမဟုတ်ဘဲ ယဉ်ကျေးမှုမရှိတဲ့၊ စည်းကမ်းမရှိတဲ့ အရိပ်သုံးပါးနားမလည်တဲ့ Uncivilized ဖြစ်တဲ့ သူတွေကို ဆိုလိုချင်တာလို့ ရှင်းထားပါတယ်။ ဒါပေမယ့် ဒီလိုလူတွေကို တောသားလို့ ခိုင်းနှိုင်းတော့လည်း တောမှာ နေတဲ့ အစ်ကို၊ အစ်မတွေက စိတ်ဆိုးကြတာ မဆန်းပါဘူး။ ထားပါတော့…တောသား ဖြစ်ဖြစ်၊ မြို့သားဖြစ်ဖြစ် ယဉ်ကျေးမှုမရှိ၊ အရိပ်သုံးပါးနားလည်မှုမရှိတဲ့ လူတွေလုပ်တဲ့ အချက်တွေက ဘယ်လိုလဲဆိုတာ ကြည့်လိုက်ရင်

၁။ Bus ကားပေါ်မှာ နားကြပ်မတပ်ဘဲ သီချင်းဖွင့်၊ ဗွီဒီယိုကြည့်တာ

၂။ တစ်ယောက်ယောက်က သူ့ဖုန်းထဲက ဓာတ်ပုံလာပြရင် ဘေးဘယ်ညာ Swipe လုပ်ပြီး တခြားဓာတ်ပုံတွေပါ လျှောက်ကြည့်တာ

၃။ ပစ္စည်းတစ်ခုခုကို ကိုယ့်ဘာသာဝယ်ဖို့ စိတ်မကူးဘဲ လူတစ်ယောက်ဆီက အကြိမ်ကြိမ်ချေးငှားတာ

၄။ ချိန်းဆိုမှုတစ်ခုကို ကိုယ့်ဘက်က ဖျက်ရင် ပြန်ချိန်းဖို့က ကိုယ့်ရဲ့ တာဝန်ဖြစ်ပါတယ်

၅။ တစ်ယောက်ယောက်ရဲ့ ခန္ဓာကိုယ်အသွင်အပြင် ပုခြင်း၊ ပိန်ခြင်း၊ ဝခြင်း ၊ ရှည်ခြင်းကို ဟာသလုပ်လှောင်ပြောင်တာ

၆။ ကိုယ့်ရဲ့ ဈေးဝယ်တွန်းလှည်းကို ဈေးတန်းလျှောက်လမ်း အလယ်တည့်တည့်ကြီးမှာ ကန့်လန်ထားတာ

၇။ လူတစ်ယောက်ကို အေးဆေးနေခွင့်မပေးဘဲ တဂျီဂျီ၊ တဂွီဂွီလိုက်နှောင့်ယှက်၊ လိုက်ကပ်တာ

၈။ လူတစ်ယောက်ဆီမှာ တစ်ခုတည်းကျန်တဲ့ အရာကို တောင်းမစားတာ (ဥပမာ ဆေးလိပ်တစ်လိပ်တည်းကျန်တာ၊ ကိတ်မုန့်တစ်စိတ်တည်းကျန်တာကို တောင်းစားတာ)

၉။ ရုပ်ရှင်ရုံထဲမှာ စကားအကျယ်ကြီးပြောတာ၊ ဖုန်းသုံးတာ၊ ရှေ့ခုံကို ကန်ပြီး ထိုင်တာနဲ့ ဇာတ်လမ်းကို ကြိုကြိုပြောပြနေတာ

၁၀။ သူငယ်ချင်းတွေ မုန့်စုစားတဲ့အခါတိုင်း ပိုက်ဆံမရှင်းဘဲ ကုန်းချည်းလှိမ့်ဆင်းတာစတဲ့ အချက်တွေပဲ ဖြစ်ပါတယ်။ တခြားလူမှုရေးနားမလည်တဲ့ လူတွေရဲ့ အချက်တွေလည်း ရှိသေးတဲ့ အတွက် အခရာပရိသတ်ကြီး သိထားတဲ့ အချက်တွေ ရှိရင်လည်း ပြောသွားပေးပါဦး။

Yoe Lu (Akhayar)