“PUBG အဖွဲ့အစည်းနဲ့ Tencent Games တို့ရဲ့ PUBG Mobile Club Open 2019 မှာ Gamer တွေရဲ့ အောင်မြင်မှုတွေကို မြှင့်တင်ဖို့ Vivo က ပူးပေါင်းပါဝင်”

“PUBG အဖွဲ့အစည်းနဲ့ Tencent Games တို့ရဲ့ PUBG Mobile Club Open 2019 မှာ Gamer တွေရဲ့ အောင်မြင်မှုတွေကို မြှင့်တင်ဖို့ Vivo က ပူးပေါင်းပါဝင်”

Vivo ဟာ ကမ္ဘာတစ်ဝှမ်းမှာ ဦးဆောင်နေတဲ့ Mobile Game တစ်ခုဖြစ်တဲ့ Player Unknown’s Battlegrounds Mobile (PUBG MOBILE) မှ မကြာခင်ကျင်းပပြုလုပ်တော့မယ့် ကမ္ဘာ့အကြီးဆုံး Mobile Game ပြိုင်ပွဲ ဖြစ်တဲ့ PUBG MOBILE Club Open 2019 မှာ Title Sponsor အဖြစ် ပါဝင်မယ်လို့ တရားဝင်ကြေငြာလိုက်ပါတယ်။ အဆိုပါပြိုင်ပွဲအတွက် Vivo မှ Official Smartphones များကို ထောက်ပံ့ပေးသွားမှာဖြစ်ပြီး ကမ္ဘာတစ်ဝှမ်းရှိ ဒေသ ၁၀ ခုမှ ကစားသမားများဟာ စုစုပေါင်း Prize Pool $2.5M USD အတွက် နွေဦးနဲ့ ဆောင်းဦးရာသီတွေမှာ ယှဉ်ပြိုင်ကြမှာပဲ ဖြစ်ပါတယ်။ ဒီလိုကမ္ဘာနဲ့ချီတဲ့ ပူးပေါင်းမှုကတစ်ဆင့် Vivo ဟာ အသုံးပြုသူတွေထံ ပိုမိုပြေပြစ်ချောမွေ့သော ဂိမ်းအတွေ့အကြုံတွေကို ပေးစွမ်းနိုင်တော့မှာဖြစ်ပြီး အဓိပ္ပာယ်ပြည့်ဝတဲ့ မိတ်ဖက်ဆောင်ရွက်မှုအဖြစ် လူတွေနဲ့ ပိုမိုချိတ်ဆက်နိုင်တော့မှာပါ။

Vivo ဟာ အသုံးပြုသူတွေအတွက် အကောင်းဆုံး ဆောင်ရွက်ပေးရင်း eSports လောကရဲ့ ရှေ့ဆောင်အဖြစ် ယှဉ်သန်လျက် ရှိပါတယ်။ PUBG MOBILE နဲ့ ပူးပေါင်းမှုဟာ ကြီးမားတဲ့ မှတ်တိုင်တစ်ခုဖြစ်ပြီး Tencent Games နဲ့ PUBG Corporation တို့ကနေ ထုတ်လုပ်တဲ့ မိုဘိုင်းဂိမ်းဟာ တရုတ်၊ ကိုရီးယားနဲ့ ဂျပန်ပြင်ပမှ ဒေါင်းလော့ချအသုံးပြုသူပေါင်း ၂၀၀ မီလီယံ ရှိနေပြီး မိုဘိုင်းဂိမ်းလောကကို ဦးဆောင်လျက် ရှိပါတယ်။ ကမ္ဘာ့အကြီးဆုံး မိုးဘိုင်းဂိမ်းပြိုင်ပွဲတွေထဲက တစ်ခုဖြစ်လာမယ့် PUBG MOBILE Club Open 2019 ဟာ Vivo ရဲ့ “သမားရိုးကျမဟုတ်သည်များကို ခံစားခြင်း” ဆိုတဲ့ ရည်မှန်းချက်ကို အကောင်အထည်ဖော်နိုင်ဖို့ အကြီးမားဆုံး အခွင့်အရေးတစ်ရပ်ဖြစ်ပြီး ကမ္ဘာ့အဆင့် ကစားသမားတွေအတွက် တခြားနဲ့မတူတဲ့ ဂိမ်းအတွေ့အကြုံကို ယူဆောင်လာပေးမှာ သေချာပါတယ်။ ကမ္ဘာ့အဆင့် မိတ်ဆက်ဆောင်ရွက်မှုကတစ်ဆင့် Vivo ရဲ့ တီထွင်ဆန်းသစ်ခြင်း၊ စမတ်ကျခြင်းဆိုတဲ့ အမှတ်တံဆိပ် ရပ်တည်မှုကို ဖွင့်လှစ်ပြသနိုင်ခဲ့ပြီးဖြစ်သလို၊ အသုံးပြုသူတွေထံသို့လည်း ပိုမိုကောင်းမွန်သော အတွေ့အကြုံတွေ ပေးစွမ်းခဲ့ပါပြီ။

ပြီးခဲ့တဲ့နှစ်က ဒူဘိုင်းမှာ ကျင်းပခဲ့တဲ့ The PUBG MOBILE STAR CHELLENGE 2018 ရဲ့ နောက်ဆုံးဖိုင်နယ်ပွဲမှာဆိုရင် ကြည့်ရှုသူပေါင်း ၂၃၀ မီလီယံ၊ ပွဲအတွင်း ကြည့်ရှုသူပေါင်း ၅၀၀၀ ကျော် ရှိခဲ့ပါတယ်။ PUBG MOBILE Club Open 2019 ရဲ့ အရည်အချင်းစစ်ပွဲဟာဆိုရင် ၂၀၁၉ ခုနှစ်၊ မတ်လ ၂၂ နေ့မှာ စတင်ခဲ့ပါတယ်။ နွေဦးရာသီ Global Finals ပွဲကိုတော့ ယခုနှစ် ဇူလိုင်လမှာ ကျင်းပမှာဖြစ်ပြီး၊ ဆောင်းဦးရာသီ Global Finals ပွဲကိုတော့ ဒီဇင်ဘာလမှာ ကျင်းပပြုလုပ်သွားမှာပါ။

“ကြီးမားတဲ့ ဂုဏ်သိက္ခာနဲ့ အသုံးပြုသူတွေရဲ့ လိုအပ်ချက်ကို အမြဲအလေးထားတဲ့ Vivo နဲ့ မိတ်ဖက်အဖြစ် ဆောင်ရွက်ရတဲ့အတွက် အရမ်းကို ရင်ခုန်စိတ်လှုပ်ရှားမိပါတယ်။ ကျွန်တော်တို့လို တီထွင်ဆန်းသစ်နေတဲ့ အမှတ်တံဆိပ်တစ်ခုအတွက် ဒီလိုမျိုးပူးပေါင်းဆောင်ရွက်မှုဟာ ကမ္ဘာတစ်လွှားမှာရှိတဲ့ ကစားသမားများအတွက် အကောင်းဆုံး အတွေ့အကြုံတွေ၊ ခံစားမှုတွေကို ဆောင်ယူလာပေးမယ်ဆိုတာ မီးမောင်းထိုးပြလိုက် သလိုပါပဲ။ ဒီပူးပေါင်းမှုဟာ အစပဲရှိပါသေးတယ်။ အကောင်းဆုံး ဂိမ်းအတွေ့အကြုံတွေပေးစွမ်းနိုင်ဖို့ Vivo လိုမျိုး ဈေးကွက်ကို ဦးဆောင်နေတဲ့ ကုမ္ပဏီတွေနဲ့ ရှေ့ဆက်လက်တွဲသွားမယ့် အစီအစဉ်ရှိပါတယ်” လို့ Tencent Games ရဲ့ General Manager တစ်ဦးဖြစ်သူ Vincent Wang က ပြောပါတယ်။

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle