လက်တွေ့ဘဝမှာ ပလတ်စတစ်တွေကိုဘယ်လိုပစ္စည်းတွေနဲ့ ပြန်အစားထိုးမလဲ

လက်တွေ့ဘဝမှာ ပလတ်စတစ်တွေကိုဘယ်လိုပစ္စည်းတွေနဲ့ ပြန်အစားထိုးမလဲ

ယနေ့ခေတ်ကမ္ဘာကြီးမှာ ပလတ်စတစ်သုံးစွဲမှုတွေများလာပြီး စွန့်ပစ်ပစည်းတွေများလာပါတယ်။ အဲဒီလိုစွန့်ပစ္စည်းတွေများလာတဲ့အတွက် လက်ရှိမှာလည်း ပလတ်စတစ်လျှော့ချရေးလှုပ်ရှားမှုတွေကို အားတက်သရော လုပ်ဆောင်လာကြပါတယ်။ အဲဒါကြောင့် အခု Akhayar ကလည်း ပလတ်စတစ်အစား အခြားအစားထိုး Recycle ပစ္စည်းတွေကို ဘယ်လိုအသုံးပြုရမလဲဆိုတဲ့ Tips လေးတွေကို ပြောပြပေးချင်ပါတယ်။

၁။ ဈေးဝယ်ထွက်တဲ့အခါ ကိုယ်ပိုင်အိတ်လေးတွေ ပြောင်းသုံးကြမယ်

အထူးသဖြင့် အသားစိမ်း၊ ငါးစိမ်းတွေဝယ်တဲ့အခါ ပလတ်စတစ်အိတ်တွေနဲ့ ထည့်ကြတယ်။ နောက်တော့ အဲဒီ့ပလတ်စတစ်အိတ်တွေက ပြန်သုံးလို့လည်းမရဘဲ ကမ္ဘာကြီးအတွက် အညစ်အကြေးတွေပဲ ဖြစ်သွားပါတယ်။ ပလတ်စတစ်တွေကနှစ်၁၀၀၀အထိမဆွေးမမြေ့ဘဲရှိနေတတ်ပါတယ်။အဲ့ဒါကြောင့် ဈေးဝယ်တဲ့အခါ ကိုယ်ပိုင်အိတ်လေးတွေပဲဲဖြစ်ဖြစ် Shopping Bag လေးတွေပဲဖြစ်ဖြစ်ယူသွားရင်ကိုယ်အတွက်လည်းအပန်းမကြီးသလို ပတ်ဝန်းကျင်ကိုလည်းထိန်းသိမ်းရာရောက်တာပေါ့။

၂။ Plastic Bottle အစားကိုယ်ပိုင်ရေဘူးလေးတွေဆောင်ကြမယ်
ပလတ်စတစ်ရေဘူးတွေကWasteဖြစ်ရံသာမကသုံးစွဲသူတွေအပေါ်မှာလည်းကျန်းမာရေးကိုထိခိုက်စေပါတယ်။ပလတ်စတစ်မှာပါဝင်တဲ့BPA(Bisphenol-A)လို့ခေါ်တဲ့ဓာတုပစ္စည်းတွေကနှလုံးရောဂါ၊ပန်းနာရင်ကျပ်ရောဂါအပြင်ဆီးကျိတ်ကင်ဆာနဲ့ကလေးမရနိူင်တဲ့ပြဿနာတွေလည်းဖြစ်နိုင်ပါတယ်။အဲဒါကြောင့်ကိုယ်ပိုင်ရေဘူး၊သံရေဘူး ဒါမှမဟုတ်၊ဝါးရေဘူးလေးတွေဝယ်ထားရင်ကြာကြာလဲအသုံးခံသလိုကျန်းမာရေးနဲ့လည်းပိုပြီးညီညွတ်တယ်နော်။

၃။မုန့်ဝယ်စားတဲ့အခါကိုယ်ပိုင်ချိုင့်လေးတွေယူသွားကြမယ်
မုန့်ဟင်းခါးစားတဲ့အခါပဲဖြစ်ဖြစ်၊ ဟင်းတွေထမင်းတွေဝယ်စားတဲ့အခါပဲဖြစ်ဖြစ် ပလတ်စတစ်အိတ်နဲ့ ကြွပ်ကြွပ်အိတ်တွေအစား စတီးချိုင့်လေးတွေနဲ့ သွားဝယ်စားကြမယ်။ စတီးချိုင့်က ပလတ်စတစ်အိတ်တွေထက်ပိုပြီးအပူခံနိုင်တဲ့အပြင်မှောက်ကျမှာ၊လျှံကြမှာလည်းစိတ်ပူစရာမလိုတော့ဘူးပေါ့။

၄။အအေးဝယ်တဲ့အခါလည်းပလတ်စတစ်ခွက်တွေကိုရှောင်ကြမယ်
ကိုယ့်ဘက်က“Say NO to Plastic”ပြောတတ်ဖို့လည်းလိုပါတယ်။တစ်ချို့ဆိုင်တွေမှာအအေးခွက်အဖြစ်ပလတ်စတစ်ခွက်ကိုအခုထိသုံးနေကြတုန်းပဲနော်အဲလိုဆိုင်တွေမှာကိုယ်ကကိုယ်ပိုင်ခွက်လေးကိုယူသွားပြီးသောက်မယ်ဆိုရင်ပတ်ဝန်းကျင်ကိုလည်းလျှော့ချရာရောက်မယ်၊ပိုပြီးတော့လည်း Smart ဖြစ်စေပါတယ်။

ကဲအခုဖော်ပြတဲ့အချက်လေးတွေကအပန်းလဲမကြီးပဲလွယ်ကူတဲ့အတွက်အားလုံးလိုက်လုပ်နိုင်မယ်လို့ထင်ပါတယ်။ဒီအချက်လေးတွေကိုပြောင်းလဲလုပ်ဆောင်ပြီးတော့မိမိပတ်ဝန်းကျင်နဲ့မိမိမြို့တော်ကိုသန့်ရှင်းသပ်ရပ်တဲ့မြို့တော်ကြီးဖြစ်အောင်ကူညီလုပ်ဆောင်ကြရအောင်နော်။

Photo Credited to Google

Nwe Lay

Akhayar

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ