Hangover အတွက် သဘာဝကုထုံးတွေ

Hangover အတွက် သဘာဝကုထုံးတွေ

ကဲ ဒီညတော့ သောကြာနေ့ဆိုတော့ ရုံးအဆင်း အိမ်တန်းမပြန်ဘဲ ကဲမယ့်သူဘော်ဒါတွေလည်း သေချာပေါက်ရှိတယ်ဟုတ်။ ဒီနေ့အသောက်လွန်တာကအကြောင်းမဟုတ် အမူးလွန်ပြီးနောက်နေ့ မခံမရပ်နိုင်ဖြစ်ရင် မစားသာဘူးမဟုတ်လား။ ဒီတော့ Hangover ဖြစ်မယ့်အရေးက သက်သာစေဖို့ရယ်နဲ့ Hangover ဖြစ်နေတဲ့အချိန်မှာ ဘာတွေဘယ်လိုလုပ်သင့်လဲဆိုတာတွေကို အခရာက ပြောပြပေးထားပါတယ်။ လိုက်လုပ်ကြည့်လိုက်ဦးနော်။

ရေသောက်ပါ
အရက်သောက်နေတဲ့အချိန်မှာ ရေဓာတ်ပြည့်နေဖို့က အရေးကြီးပါတယ်။ ဆိုလိုချင်တာက အရက်သောက်နေတဲ့အချိန်မှာ ရေလည်းများများ သောက်ပေးပါ။ ဒီလိုမျိုးရေဓာတ်ပြန်ဖြည့်ပေးလိုက်တာက နောက်တစ်နေ့မနက် နိုးလာတဲ့အချိန်မှာ အရမ်းကြီးမူးဝေနေတာမျိုး ဖြစ်နေတော့မှာမဟုတ်ပါဘူး။

တခြားအရည်တွေရောပါပဲ
ရေတစ်ခုထဲနဲ့ မလုံလောက်ဘူးဆိုတာ သတိချပ်ပါ။ Electrolyte များများပါတဲ့အရည်တွေဖြစ်တဲ့ အားဖြည့်အချိုရည်တွေ ဒါမှမဟုတ် အုန်းရည်တွေလည်း သောက်ပေးဖို့ လိုပါတယ်။ ဒါတွေက အရက်သောက်လိုက်လို့ ကုန်ခမ်းသွားတဲ့ Sodium နဲ့ Potassium တွေကို ပြန်လည်ဖြည့်ပေးမှာပါ။

အဆီများတဲ့အစားအစာတွေလည်း အသုံးတည့်ပါတယ်။
အရင်ကတည်းကလူတွေလိုက်လုပ်နေခဲ့တဲ့ ကုစားနည်းကတော့ Party မသွားခင် သံလွင်ဆီဇွန်းအပြည့် သောက်သွားတာပါ။ တချို့တွေက ဒါကိုထိရောက်တဲ့နည်းလမ်းလို့ ပြောကြပါတယ်။ ပီဇာ ဒါမှမဟုတ် အဆီများတဲ့အစားအစာတွေကလည်း တူညီတဲ့ထိရောက်မှုတွေ ရှိပါတယ်။

ချင်း စားပါ
မအီမသာဖြစ်နေတာမျိုး ဒါမှမဟုတ် အန်တာမျိုးတွေကို လျှော့ချနိုင်ဖို့အတွက် အသုံးတည့်တာကတော့ ချင်းပဲဖြစ်ပါတယ်။ National Institutes of Health ရဲ့ စမ်းသပ်ချက်တွေအရ ဂျင်းရယ်၊ လိမ္မော်သီးခြောက်ဖတ်တွေနဲ့ သကြားတို့ကို ပေါင်းထားတဲ့အရည်ကိုသောက်ပေးမယ်ဆိုရင် မအီမသာဖြစ်ပြီး ပျို့အန်ချင်တာတွေကို လျော့ကျစေပါလိမ့်မယ်တဲ့။

နောက်တစ်နေ့မှာ Hangover ဖြစ်နေပြီဆိုရင်တော့
ပျားရည်သောက်ပါ
ပျားရည်မှာရှိတဲ့ သဘာဝအချိုဓာတ်က လူ့ခန္ဓာကိုယ်မှာရှိတဲ့ Hangover ဖြစ်နိုင်တဲ့ အဆိပ်ဓာတ်တွေကို ကုသပေးဖို့ အကောင်းဆုံးပါပဲလို့ သုတေသီတွေကို ဆိုပါတယ်။

အရေးကြီးဆုံးအချက်ကတော့
Hangover ဖြစ်ပြီဆိုရင်တော့ အိပ်ရေးပျက်တာမျိုး မဖြစ်ပါစေနဲ့။ ဒီလိုဖြစ်မယ်ဆိုရင် နေရထိုင်ရတာ ပိုဆိုးရွားလာပါလိမ့်မယ်။ အချိန်ယူပြီး အိပ်စက်အနားယူပါ။ ဒီအချက်ကတော့ ခန္ဓာကိုယ်ကို ကုသနိုင်တဲ့ နည်းလမ်းပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးတွေရော Hangover မဖြစ်ခင်နဲ့ ဖြစ်ပြီးချိန်တွေဆို ဘယ်လိုနည်းလမ်းတွေနဲ့ ဖြေရှင်းတတ်ကြလဲ ပြောခဲ့ပါဦး။

Reference : everydayhealth

Photo Credit : MedicalNewsToday

NSC (Akhayar)

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle