ငွေကြေးအကုန်အကျမများဘဲ ရိုမန်တစ်ဆန်ချင်လား

ငွေကြေးအကုန်အကျမများဘဲ ရိုမန်တစ်ဆန်ချင်လား

“ရို”တယ်ဆိုတာ သမီးရည်းစားတွေမှ လုပ်ရမယ့်အရာ မဟုတ်ပါဘူး။ လင်မယားတွေကြားမှာလည်း လုပ်သင့်တဲ့ အရာတစ်ခုဖြစ်ပါတယ်။ ကိုယ်ချစ်လို့ လက်တွဲထားတဲ့သူတွေ အချင်းချင်းကြားမှာ ရိုးရိုးချိန်းတွေ့တာမျိုးထက်ပိုတဲ့ ရိုမန်တစ်ဆန်တဲ့အချိန်တွေကို မိန်းကလေးဘက်ကဖြစ်စေ၊ ယောက်ျားလေးဘက်ကဖြစ်စေ  မကြာမကြာ ဖန်တီးပေးသင့်ပါတယ်။

ငွေကြေးအကုန်အကျမများဘဲ ကိုယ့်ချစ်သူနဲ့အတူ ရိုမန်တစ်ဆန်ဆန်ဖြတ်သန်းချင်တယ်ဆိုရင်တော့

(၁) သူ့အကြောင်း သူမသိအောင် ကဗျာတွေဖွဲ့နွဲ့ထားပြီး မထင်တဲ့အချိန်မှ ပေးပြီး ရိုကြည့်ပါ။

(၂) ပျော်ပျော်ရွှင်ရွှင် ဟင်းအတူတူချက်စားပြီး အချိန်ကောင်းလေးတွေ ဖန်တီးကြည့်ပါ။

(၃) နေ့ထူးနေ့မြတ်ဟုတ်ဟုတ်၊ မဟုတ်ဟုတ် Surprise အနေနဲ့ ပန်းဝယ်သွားပေးပါ။

(၄) ချစ်ဇနီး၊ ချစ်ခင်ပွန်းနဲ့အတူ ညစာစားဖို့အတွက် ဝိုင်တွေ၊ ဖယောင်းတိုင်တွေကို ရုံးအပြန်ဝယ်သွားပါ။

(၅) ဓာတ်ပုံတွေ၊ အပြန်အလှန်ပေးခဲ့တဲ့ စာတွေအတွက် စာအုပ်တစ်အုပ်အတူလုပ်ပြီး ပြန်စုဆောင်းပါ။

(၆) မိုးရေထဲနမ်းပါ (ဒီရာသီက မိုးရာသီဆိုတော့ ရိုမန်တစ်ဖြစ်၊ မဖြစ် သိရအောင် စမ်းကြည့်ပေါ့နော်)

(၇) ချစ်သူရဲ့လက်မောင်းကို တင်းတင်းဆုပ်ကိုင်ရင်း ရဟတ်စီးပါ။

(၈) ရည်းစားဘဝက လျှောက်ခဲ့ဖူးတဲ့လမ်းတွေ ဒါမှမဟုတ် ရည်းစားမဖြစ်ခင်က အတူသွားခဲ့တဲ့ အမှတ်တရနေရာတွေကို တစ်ယောက်လက်တစ်ယောက်တွဲပြီး အတူတူပြန်လျှောက်ကြည့်ပါ။

(၉) အလိုက်တသိ နှိပ်နယ်ပေးတာမျိုး လုပ်ပေးပါ။

(၁၀) Messenger မှာ စာပို့နေမယ့်အစား တစ်ခါတလေ စာရွက်မှာ ကိုယ့်လက်ရေးနဲ့ ရေးထားတဲ့ ချစ်မေတ္တာစာတွေ ပေးပေးပါ။

(၁၁) ကိုယ့်ချစ်သူကြိုက်တတ်တဲ့ အစားအစာတွေနဲ့ ထမင်းဗူးပြင်ပေးပါ။

(၁၂) ပထမဆုံးအကြိမ် Date လုပ်တုန်းကအချိန်တိုင်း ပြန်ဖန်တီးပါ။

(၁၃) ကိုယ့်ချစ်သူအကြိုက်ဆုံးဖြစ်တဲ့ ရုပ်ရှင်ဇာတ်လမ်းထဲက ဇာတ်ကွက်တချို့အတိုင်း လုပ်ပေးပါ။

တစ်ခုရှိတာက ဒီလိုတွေမလုပ်ခင် မဖြစ်မနေသိထားရမယ့် အချက်တွေရှိပါတယ်။ ဒါတွေကတော့

(၁) တစ်ပတ်ကို အနည်းဆုံးတစ်ကြိမ်လောက်တော့ Date ပေးပါ။

ချစ်သူစုံတွဲတွေမှ မဟုတ်ပါဘူး။ လက်ထပ်ပြီးတဲ့ လင်မယားတွေပါ ဒီလိုမျိုး အချိန်ပေးသင့်ပါတယ်။ ကလေးတွေရှိလို့ ထွက်ဖို့အဆင်ပြေမဘူးလို့တောင်တော့ မတွေးပါနဲ့။ ကိုယ့်မှာ ရည်းစားဘဝတုန်းက အချိန်ကို ပြန်ရဖို့အတွက် ဒီအချိန်ပဲ ရှိတာပါ။ ကလေးကို စိတ်ချတဲ့ လူလက်ထဲ အပ်ခဲ့ပြီး နှစ်ယောက်အတူ တွေ့ပါ။ အကယ်၍ လက်ထဲမှာ တစ်ပြားမှ မရှိလို့ ဘာမှမလုပ်ပေးနိုင်ဘူးဆိုရင်တောင်မှ အတူတူရှိပြီး အချိန်ဖြုန်းပေးပါ။

(၂) ပွင့်ပွင့်လင်းလင်းစကားပြောပါ

ဘယ်လောက်ကို ရိုမန်တစ်ဆန်နေပါစေ နှစ်ယောက်ကြားမှာ သိုဝှက်ထားတာမရှိဘဲ တစ်ယောက်ကို တစ်ယောက် ပွင့်လင်းတဲ့အနေအထားရှိနေမှသာ အဆင်ပြေပါလိမ့်မယ်။ မဟုတ်ရင်တော့ ဒါတွေလုပ်လည်း အချိန်ကုန်၊ လူပင်ပန်းပြီး လုပ်ထားသမျှ အလဟဿဖြစ်ဖို့က အသေအချာပါပဲ။

ငွေကုန်ကြေးကျ သက်သာစေတဲ့ ဒီနည်းလမ်းလေးတွေသုံးပြီး ကဗျာဆန်တဲ့အချိန်တွေ ဖန်တီးနိုင်ကြပါစေ။ ပရိသတ်ကြီး  လုပ်လေ့ရှိတဲ့ နည်းလမ်းကောင်းတွေရှိရင်လည်း လျှိုမထားဘဲ မျှဝေပေးသွားဦးနော်။

NSC (Akhayar)