ကိုယ့်ဉာဏ်ရည်ကို လွယ်လွယ်လေးနဲ့ မြှင့်တင်နိုင်မယ့် နည်းလမ်းများ

ကိုယ့်ဉာဏ်ရည်ကို လွယ်လွယ်လေးနဲ့ မြှင့်တင်နိုင်မယ့် နည်းလမ်းများ

ဉာဏ်ရည် ဒါမှမဟုတ် ဉာဏ်ပညာဆိုတာက ဗဟုသုတတွေ ၊ အရည်အချင်းတွေကို သိုမှီးပြီးတော့ ပြန်အသုံးချတာလို့ ပြောလို့ရပါတယ်။ ဉာဏ်ပညာက ကိုယ်တွေနေ့စဉ်ဘဝမှာ လုပ်ဆောင်သမ ျှတွေကို လွှမ်းမိုးထားတဲ့အရာဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ကိုယ့်ရဲ့ဉာဏ်ရည်ကိုမြှင့်တင်ဖို့က အရမ်းကိုအရေးပါပါတယ်။ အခုပြောပြမယ့်နည်းလမ်တွေက သင့်ကို Albert Einstein တို့ Mark Zukerberg တို့လိုဖြစ်အောင် မပြောင်းလဲပေးနိုင်ပေမယ့် လက်ရှိသင့်ရဲ့ဉာဏ်ရည်ကို ပိုထက်လာအောင်မွမ်းမံပေးနိုင်ပြီး သင့်ရဲ့အသိဉာဏ် အလုပ်လုပ်တာကို ပိုပြီးကောင်းမွန်စေမှာပါ။ ဒီတော့ ဉာဏ်ရည်ကိုမြှင့်တင်နိုင်မယ့် လွယ်ကူလ ျှင်မြန်တဲ့နည်းတွေက

စာများများဖတ်ပါ – ဉာဏ်ရည်ပိုကောင်းဖို့ဆို စာဖတ်တာနဲ့ပဲ စတင်လို့ရတာပါ။ စာများများဖတ်လေ များများသိလေ ၊ များများမှတ်မိလေ ဉာဏ်ပညာဗဟုသုတ များများရလေပေါ့။
တရားထိုင်ပါ – တရားထိုင်တယ်ဆိုတာ ဘယ်သူမဆိုလုပ်လို့ရတဲ့အရာပါ။ တရားထိုင်ရင် စိတ်ကိုငြိမ်သက်စေပါတယ်။ ဒီလိုအေးချမ်းပြီး ဆိတ်ငြိမ်တာက ဉာဏ်ပညာကိုမြှင့်တင်တဲ့နေရာမှာ အထောက်အကူပြုပါတယ်တဲ့။
မှတ်စုတွေမှတ်ပါ – ခန္ဓာကိုယ်က သူလုပ်ဆောင်တဲ့အရာတွေကိုဆိုရင် အလိုလိုမှတ်မိနေတတ်တယ်။ ဒါကြောင့်ကိုယ်လုပ်သမ ျှအရာတွေကို မှတ်စုနဲ့မှတ်ထားတဲ့အကျင့်လုပ်ရင် ကိုယ့်ရဲ့မှတ်ဉာဏ်နဲ့ဉာဏ်ရည်စွမ်းဆောင်နိုင်မှုကို မြှင့်တင်နိုင်မှာဖြစ်ပါတယ်။
Sudoku ကစားပါ – Sudoku ကစားတာက ကိုယ့်ရဲ့ဦးနှောက်ကို စိန်ခေါ်မှုပေးပြီး ကျိုးကြောင်းဆီလျော်ပြီးတွေးတတ်အောင် အားပေးတယ်။ ဒါကဦးနှောက်ကို အလုပ်ပေးတဲ့ကစားနည်းဖြစ်တာကြောင့် ဉာဏ်ပညာစွမ်းဆောင်ရည်ကို မြှင့်တင်ပေးနိုင်ပါတယ်။
ရေဓာတ်လုံလုံလောက်လောက်ရှိအောင်နေပါ – ကိုယ်တွေရဲ့ဦးနှောက်က ရေဓာတ်လုံလုံလောက်လောက်ရမှ အလုပ်ကောင်းကောင်းလုပ်နိုင်တာပါ။ ဦးနှောက်ဆဲလ်တွေက ရေပမာဏနဲ့ တခြားပါဝင်ပစ္စည်းတွေ ညီတူမ ျှတူရှိနေမှ သူ့ရဲ့လုပ်ဆောင်နိုင်တဲ့ပမာဏ အစွမ်းကုန်အထိ ဆောင်ရွက်နိုင်တာဖြစ်ပါတယ်။ ဒါကြောင့် ခန္ဓာကိုယ်က လိုအပ်တဲ့ရေပမာဏကို ပြည့်မီအောင် နေ့စဉ်သောက်သုံးပေးသင့်ပါတယ်။
ရုပ်ရှင်ကြည့်တာကို လေ ျှာ့ပါ – ကိုယ့်ရဲ့ဦးနှောက်ပိုမိုကောင်းမွန်စေဖို့အတွက် ရုပ်ရှင်ကြည့်တာက အထောက်အကူမဖြစ်စေပါဘူး။ ဘာလို့လဲဆိုတော့ ရုပ်ရှင်ကြည့်တာက အပန်းတော့ပြေစေပေမယ့် ကိုယ့်ရဲ့တွေးခေါ်နိုင်စွမ်းကို ပိတ်ပင်ထားတယ်။ ရုပ်မြင်ဆိုတဲ့အတိုင်းမြင်တာကိုပဲ လက်ခံတော့ စိတ်ကူးထဲမှာပုံဖော်တာတွေ ဘာမှမရှိတော့ဘူး။ ဒါကြောင့်အပန်းဖြေချင်တယ်ဆိုရင်လည်း Documentary တို့ ၊ သတင်းတို့ ခဏတဖြုတ်ကြည့်တာလောက် ပြောင်းလုပ်နိုင်ရင် ဉာဏ်ရည်မြင့်မားဖို့ကို အကူအညီပေးရာရောက်ပါတယ်။ (ရုပ်ရှင်ကားတွေကလည်း ကောင်းနေတော့ ဒါမျိုးလိုက်လုပ်ဖို့က မလွယ်တဲ့ကိစ္စပါ….ဝန်ခံပါတယ်)
မနက်စာကောင်းကောင်းစားပါ – လောင်စာမရှိဘဲ ကားတစ်စီးကိုမောင်းလို့မရသလို အားအင်မရှိရင် ဦးနှောက်က ဘာမှမလုပ်ဆောင်နိုင်ပါဘူး။ မနက်စာကို ဝဝလင်လင်စားပေးတာက Mental Performance နဲ့ တိုက်ရိုက်ချိတ်ဆက်နေတာကြောင့် ဦးနှောက်စွမ်းဆောင်ရည်ကို မြင့်တက်စေတာဖြစ်ပါတယ်။
ကောင်းကောင်းအနားယူပါ – ကိုယ့်ရဲ့ဦးနှောက်ကို ဖုန်းတစ်လုံးလို့သဘောထားကြည့်ပါ။ ဘယ်လောက်ဈေးကြီးပြီး လန်ထွက်နေတဲ့ဖုန်းဖြစ်ပါစေ အားမရှိရင် ဘာမှသုံးစားလို့မရဘူး။ ဒီလိုပဲ ဦးနှောက်ကလည်း အရမ်းဉာဏ်ရည်မြင့်တဲ့ ဦးနှောက်ဖြစ်နေလည်း ကောင်းကောင်းအနားမယူထားလို့ အားမရှိရင် ဘာမှမလုပ်နိုင်ပါဘူး။ ယုံလိုက်ပါ ညဖက်ကောင်းကောင်းအနားယူပြီး အိပ်စက်ထားတာက သင့်ရဲ့ဉာဏ်ရည်မြင့်မားမှုကို အရမ်းအထောက်အကူပြုမှာပါ။
သင်္ချာပုစ္ဆာတွေ ဖြေရှင်းကြည့်ပါ – လူတွေသင်္ချာကိုမကြိုက်တဲ့ အဓိကရည်ရွယ်ချက်က သင်္ချာတွက်တဲ့အခါ ဦးနှောက်ကို သုံးရလို့ပါ။ ဦးနှောက်က အမှန်တကယ်က ဓားနဲ့တူတယ်….သိလား။ သွေးလေ သွေးလေ ထက်လေ ထက်လေပဲ။ ဒါကြောင့်သင်္ချာပုစ္ဆာတွေတွက်ပြီး ဦးနှောက်ကိုအလုပ်လုပ်ဖို့ တွန်းအားပေးတာက ဉာဏ်ပညာမြင့်မားစေလာမှာပါ။
Crosswords လုပ်ပါ – Crossword တွေကလည်း ဦးနှောက်ကိုအလုပ်လုပ်စေတဲ့ ဉာဏ်စမ်းကစားနည်းတစ်မျိုးဖြစ်တာကြောင့်မို့လို့ ဉာဏ်ရည်ပိုမိုကောင်းမွန်အောင်မွမ်းမံဖို့အတွက် နည်းလမ်းကောင်းတစ်ခုပဲ ဖြစ်ပါတယ်။
ဦးနှောက်အတွက် ကောင်းစေတဲ့ စားစရာတွေကိုစားပါ – ခန္ဓာကိုယ်ကိုဖွံ့ဖြိုးဖို့အတွက် စားလို့ရတဲ့အစားအစာတွေထဲမှာ ဦးနှောက်ဖွံ့ဖြိုးဖို့အတွက် အထောက်အကူပြုနိုင်တဲ့အစားအစာတွေလည်းရှိပါတယ်။ ပြောရရင် ဦးနှောက်စွမ်းဆောင်ရည်မြင့်အောင် ဟင်းသီးဟင်းရွက်စိမ်းတွေ ၊ ငါးကြီးဆီနဲ့ အခွံမာသီးတွေ စားပေးသင့်ပါတယ်။ ကိုယ့်ရဲ့စားသောက်တဲ့စနစ်မှာ ဦးနှောက်ဖွံ့ဖြိုးစေတာတွေကို များများထည့်စားပေးပေါ့။
ကိုယ့်ဦးနှောက်ကိုအလုပ်အမြဲလုပ်ခိုင်းပါ – ဦးနှောက်ဆိုတာဓားလိုပဲလေ။ မသုံးတာကြာရင်တုံးသွားလိမ့်မယ်။ ဒါကြောင့် ဦးနှော်က်ကိုအမြဲအလုပ်ပေးထားသင့်တယ်။ အိပ်တဲ့အချိန်နဲ့နားတဲ့အချိန်ကတော့ ခြွင်းချက်ပေါ့နော်။
တူရိယာတစ်မျိုးမျိုးတီးတတ်အောင်သင်ယူပါ – တူရိယာတီးတာက ဦးနှောက်စွမ်းဆောင်ရည်ကို မြင့်တက်စေပါတယ်။ ဘာလို့လဲဆိုတော့တူရိယာတီးရင် အလုပ်သုံးခုကို တစ်ပြိုင်တည်းလုပ်ရလို့လေ။ နားထောင်တာရယ် ၊ Notes တွေဖတ်တာရယ်နဲ့ တီးနေတာရယ်ဆိုပြီး သုံးခုကိုတစ်ပြိုင်တည်းလုပ်ဖို့ ဦးနှောက်က ခန္ဓာကိုယ်ကို စေခိုင်းနေရတာကြောင့်ပေါ့။
နောက်ဆုံးအနေနဲ့ပြောချင်တာက အားမလေ ျှာ့ဖို့ပေါ့။ ဘယ်သူမဆိုရှိရင်းစွဲဉာဏ်ရည်ထက် ပိုပြီးကောင်းလာနိုင်တယ် ၊ ထက်လာနိုင်တယ်။ စနစ်တကျနဲ့နည်းမှန်လမ်းမှန် လုပ်ဆောင်မယ်ဆိုရင် ဉာဏ်ရည်မြင့်တက်လာဖို့ မခက်ခဲတာကြောင့်မို့လို့ ဒီဆောင်းပါးထဲကနည်းလေးတွေကို လက်တွေ့ကျင့်သုံးရင်း ဉာဏ်ရည်တွေထက်လာပါစေလို့ မေ ျှာ်လင့်ပါတယ်နော်။ (စာရေးသူကိုယ်တိုင်လည်း လိုက်လုပ်ဖို့ စဉ်းစားနေပါတယ်လို့)

Photo Credit: Insider

Source: Code of Living

Piki (Akhayar)

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle