Comfort Zone ရဲ့ တစ်ပတ်တာ စိတ်ဝင်စားဖွယ်အဖြေများ စုစည်းမ

Comfort Zone ရဲ့ တစ်ပတ်တာ စိတ်ဝင်စားဖွယ်အဖြေများ စုစည်းမ

အပတ်တိုင်း တင်ဆက်ပေးနေကြ Comfort Zone ရဲ့ အဖြေများ စုစည်းဖော်ပြပေးမှုအစီအစဉ် ပြန်လည်ရောက်ရှိလို့ လာပါပြီ။ ဒီတစ်ပတ်မှာရော ဘယ်သူတွေက ဘယ်လိုမေးခွန်းတွေ လာမေးထားပြီး အခရာကရော ဘယ်လိုမျိုးလေး ပြန်ဖြေပေးထားလဲဆိုတာကို ပရိသတ်ကြီး ဖတ်ရှုကြည့်ပြီး ပြန်လည်အသုံးချနိုင်စေဖို့ စုစည်းတင်ဆက်ပေးလိုက်ပါတယ်နော်။ ဘယ်လိုမေးခွန်းလေးတွေ လာမေးထားပြီး အခရာကရော ဘယ်လိုလေးတွေ ပြန်ဖြေပေးထားလဲဆိုတာကို ကြည့်ကြည့်လိုက်ကြရအောင်နော်။

Q1: မင်္ဂလာပါ အခရာ အလုပ်အင်တာဗျူးဖြေထားတာ အခုချိန်ထိ အကြောင်းမထူးသေးလို့ အင်တာဗျူးသာ မအောင်ခဲ့ရင် ဘာဆက်လုပ်ရမလဲဆိုတာ အကြံပေးပါဦးနော်။ ကျေးဇူးပါနော်ဆိုပြီး Facebook အကောင့်ပိုင်ရှင်တစ်ဦးက လာရောက်မေးမြန်းထားပါတယ်။

A2: ဘာပဲဖြစ်ဖြစ် အလုပ်လျှောက်တဲ့အဆင့်ဆင့်တွေကိုတောင် ကျော်ဖြတ်ပြီး Email ပို့တဲ့ အဆင့်ထိရောက်ခဲ့တာကိုပဲ တော်ပါတယ်ဆိုပြီး တွေးလိုက်ပါနော်။ အလုပ်က မခန့်ဖြစ်ပါဘူးဆိုတဲ့ Email ရရင် ဒီလောက်ထိ လုပ်နိုင်ခဲ့တာကိုပဲ အရင်ဂုဏ်ယူလိုက်ပါ။ သူများတွေဆို အလုပ်လျှောက်ဖို့ အဆင့်ဆင့်ကိုတောင် ဘယ်လိုလုပ်ရမလဲမသိလို့ တိုင်ပင်နေတတ်တာမျိုး ဖြစ်နေတာတောင် ရှိပါတယ်။ ကိုယ်က အဲဒါတွေ လုပ်နိုင်ခဲ့ပြီးဆိုတော့ မဆိုးဘူးလို့ တွေးလို့ရပါတယ်။ နောက်ထပ်အလုပ်တွေ မလျှောက်ခင်မှာ ကိုယ့်ကိုယ်ကိုယ် တည်ဆောက်ဖို့ အချိန်ယူပါ။ ကိုယ့်ကို အားပေးမယ့်သူတွေ၊ အကြံဉာဏ်ပေးနိုင်တဲ့သူတွေနဲ့ စကားပြောပါ။Email ထဲမှာ အဆင်မပြေဘူးဆိုပြီး ငြင်းပယ်ထားရင် ဘာကြောင့် အဆင်မပြေဖြစ်ရသလဲ ပြောပြလို့ ရမလားဆိုပြီး ယဉ်ယဉ်ကျေးကေးျမေးမြန်းလို့ ရပါတယ်။ ဖြေတဲ့သူနဲ့တွေ့ရင် ကိုယ့်ရဲ့ လိုအပ်ချက်တွေ သိနိုင်ပြီး ပြုပြင်နိုင်ရင် နောက်တစ်ခါ အလုပ်လျှောက်ရင် ပိုအဆင်ပြေလာနိုင်ပြီး အလုပ်ကောင်းတွေ ရရှိကောင်း ရရှိလာနိုင်မှာပါနော်။

Q2: ဘဝကြီးမှာ မျှော်လင့်ထားသလို ဖြစ်မလာလို့ စိတ်ဓာတ်အရမ်းကျနေတယ်၊ စိတ်ဓာတ်မကျအောင် ဘယ်လို လုပ်ရမလဲ ကောင်းတဲ့အကြံဉာဏ်ရှိရင် တစ်ချက်လောက် အကြံပေးပါဦးနော်ဆိုပြီး အမည်မဖော်လိုသူ အကောင့်ပိုင်ရှင်တစ်ဦးက အကြံတောင်းထားပါတယ်။

A2: အဲ့ဒီလိုဖြစ်လာခဲ့ရင် အရင်ဆုံးအကြံပေးချင်တာက ဒီလိုဖြစ်တာ ကိုယ်တစ်ယောက်တည်း မဟုတ်ဘူးဆိုတာကို အရင်ဆုံး သတိရစေချင်ပါတယ်။ ဘဝက ကိုယ်ဖြစ်ချင်သလို မဖြစ်တဲ့အခါတွေမှာ ယုံကြည်ချက်တွေ ပျောက်ဆုံးဖို့ အရမ်းကိုလွယ်ပါတယ်။ အဲဒီလိုအချိန်တွေမှာ ကိုယ့်ရဲ့လုပ်နိုင်စွမ်းတွေ ၊ ကိုယ့်ရဲ့အရည်အချင်းတွေကို မေးခွန်းထုတ်လာတတ်ပြီး ကိုယ့်ရဲ့အားနည်းချက်တွေအကြောင်းကို ပိုပိုပြီးတွေးမိလာပါတယ်။ ကိုယ်မလုပ်နိုင်တာတွေကို တွေးရင်းတွေးရင်း ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုတွေက ထိုးကျကုန်တယ်။ အဲ့ဒါကြောင့်မို့ အဲဒီလိုချိန်မှာ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုများများ ပိုထားလိုက်ပါ။ ယုံကြည်မှုက အောင်မြင်မှုကို ဖြစ်စေလို့ အောင်မြင်မှုတွေပြန်ရရှိဖို့၊ ရှေ့ဆက်နိုင်ဖို့ဆို ယုံကြည်ချက်တွေ ပြန်တည်ဆောက်လိုက်ပါ။ ပျော်စရာတွေကို များများကြည့်ပေးပြီး ကိုယ့်ကိုယ်ပျော်စေမယ့် လူနားမှာ နေပေးပါ။ ဒီလောက်ဆိုရင် စိတ်ဓာတ်ကျနေရင်တောင် လဲပြိုသွားတာမျိုး မဖြစ်ဘဲ ကြံ့ကြံ့ခိုင်ခိုင်ရပ်တည်နိုင်မယ်လို့ ထင်ပါတယ်။

Q3: သူငယ်ချင်းက အသဲကွဲနေတာကို လာလာပြီး ရင်ဖွင့်ပါတယ်။ ကောင်းကောင်းနားထောင်ပေးတတ်ပေမယ့် သူကို စိတ်သက်သာရာရအောင် အကြံမပေးတတ်ပါဘူး။ သူဖြစ်နေတာကိုလည်း မကြည့်ရက်လို့ သူကို ဘယ်လိုနှစ်သိမ့်ပေးရမလဲဆိုတာ အကြံပေးပါဦးဆိုပြီး နာမည်မဖော်လိုသူတစ်ဦးက လာရောက် အကူအညီတောင်းထားပါတယ်။

A3: ဒီလိုအချိန်မှာ သူတို့ဟာ ပြောပြပြီး ရင်ဖွင့်ချင်တဲ့သူတွေဖြစ်လို့ သူတို့ပြောပြတာကို သေချာလေးဂရုစိုက်နားထောင်ပေးတာက သူတို့က နှစ်သိမ့်ပေးတာလောက်နီးနီး အကူအညီဖြစ်စေပါတယ်။ အသဲကွဲလို့ ဝမ်းနည်းပူဆွေးနေတတ်တဲ့ သူငယ်ချင်းကို နှစ်သိမ့်တဲ့အခါမှာ သူခံစားနေရတာကို မကြည့်ရက်လို့ “မေ့ပစ်လိုက်ပါတော့” ဆိုပြီးတော့ မပြောလိုက်ပါနဲ့။ ဘယ်အရာမှ လွယ်လွယ်မေ့ပစ်လို့ မရပါဘူး။ အသဲကွဲနေတဲ့သူက မကြာခဏဆိုသလို၊ သူ့ရဲ့ရည်းစားဟောင်းကို လွမ်းဆွတ်တမ်းတပြီး ကြေကွဲနေတတ်ပါတယ်။ ဒီလိုဖြစ်လာတဲ့အခါမှာ သင့်ဘက်က စိတ်ရှည်ရှည်နဲ့ နားထောင်ပြီး ရေလိုက်ငါးလိုက် ပြောပေးပါ။ နင့်ကိုပျော်ရွှင်စေမယ့်သူ၊ နင့်အပေါ်ကောင်းတဲ့သူတွေ အများကြီးပါ၊ ဝမ်းနည်းမနေပါနဲ့” လို့ ပြောဆို နှစ်သိမ့်ပေးနိုင်ပါတယ်။ အဲဒီလောက်ဆိုရင် ဘယ်လိုနှစ်သိမ့်ပေးရမလဲဆိုတာ နည်းနည်းလောက်တော့ သိသွားလောက်ပြီး ထင်ပါတယ်နော်။

Q4: အခရာရေ လာမယ့်အပတ်ထဲမှာ ကောင်မလေးရဲ့ မိဘအိမ်ကို သွားပြီး သူမရဲ့မိဘတွေနဲ့ တွေ့ဖို့ရှိလို့ ကောင်မလေးရဲ့ မိဘတွေဆီကနေ အမှတ်ပြည့်ရအောင် ဘယ်လိုပြင်ဆင်သွားရမလဲ အကြံပေးပါဦးဆိုပြီး Facebook အကောင့်ပိုင်ရှင်တစ်ဦးက လာမေးထားပါတယ်။

A4: ကောင်မလေးမိဘတွေနဲ့ တွေ့ရင် စကားပြောဖြောင့်ဖြူးစေဖို့ သူတို့မိဘတွေရဲ့ အချစ်အကြောင်းတွေကို အနည်းအကျဉ်းသိအောင် ကိုယ့်ကောင်မလေးကို မေးထားပါ။ ဒါ့အပြင် သူတို့ ဘာကြိုက်တတ်လဲ မကြိုက်တတ်ဘူးဆိုတာကိုလည်း လေ့လာထားမှ အမှားတွေ မလုပ်မိမှာပါ။ ဘယ်နေရာမှာမဆို First Impression ကလည်း အရေးကြီးလို့ First Impression ကောင်းဖို့ အဝတ်အစားတွေ ကြိုတင်ပြင်ဆင်ပြီး သပ်သပ်ရပ်ရပ်လေး ဝတ်သွားပါနော်။ ကောင်မလေးအိမ်ကို သွားပြီး ကောင်မလေးရဲ့မိဘတွေနဲ့ တွေ့ဆုံရင် လက်ဆောင်ယူသွားပေးဖို့ကိုလည်း လုံးဝမမေ့ပါနဲ့။ လက်ဆောင်ယူသွားတဲ့အခါမှာလည်း သတိထားပြီး လက်ဆောင်ကို ရွေးချယ်ဝယ်ယူသင့်ပါတယ်။ ဈေးအရမ်းကြီးလွန်းတဲ့ လက်ဆောင်မျိုးတွေနဲ့ လက်ခံတဲ့သူကို စိတ်ကျဉ်းကျပ်စေတဲ့ လက်ဆောင်မျိုးတွေကို မပေးမိအောင် ရှောင်ကြဉ်သင့်ပါတယ်။ဒီလောက်ပြင်ဆင်သွားမယ်ဆိုရင် ကောင်မလေးရဲ့မိဘတွေဆီကနေ အမှတ်ပြည့်ရနိုင်တဲ့အပြင် ကံကောင်းရင်တော့ အချစ်တွေသိမ်းပိုက်ရရှိနိုင်ပါလိမ့်မယ်။

ဒီအပတ်အတွက်တော့ ဒီမေးခွန်းလေးတွေနဲ့ အဖြေလေးတွေကို စုစည်းဖော်ပြပေးထားတယ်ဆိုတော့ နောက်အပတ်မှာရော ဘယ်လိုမေးခွန်းလေးတွေ လာမေးပြီး ဆွေးနွေးတိုင်ပင်ကြမလဲ လာမေးထားတဲ့အထဲကနေ ကိုယ်သိချင်တဲ့ ဘယ်လိုအကြောင်းအရာလေးတွေပါမလဲဆိုတာကို စောင့်ဖတ်ကြည့်လို့ ရပါတယ်နော်။ စောင့်ဖတ်တာမျိုးချည်းပဲ မလုပ်ဘဲနဲ့ ကိုယ်သိချင်တဲ့ ဘယ်အကြောင်းအရာတွေပဲဖြစ်ဖြစ်၊ ဆွေးနွေးတိုင်ပင်ချင်တာရှိရင် Consultant လိုရော သူငယ်ချင်းလိုရော ရှိနေပေးတဲ့ Comfort Zone လေးဆီကို လက်မတွန့်ဘဲ ကိုယ်တိုင်လာမေး ရင်ဖွင့်အဖြေရှာကြည့်လိုက်ပါတော့နော်။

H.H(Akhayar)

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle