ဆီးချိုသမားတွေ ဝိတ်ကျစေဖို့အတွက် ဒီနည်းလမ်းတွေကို လိုက်နာပါ

ဆီးချိုသမားတွေ ဝိတ်ကျစေဖို့အတွက် ဒီနည်းလမ်းတွေကို လိုက်နာပါ

ဆီးချိုရောဂါကို ရှာဖွေတွေ့ရှိရင် ဆရာဝန်တွေက လူနာတွေကို အမြဲလိုလို ဝိတ်ချဖို့ အကြံပြု တိုက်တွန်းလေ့ရှိကြပါတယ်။ ဘာကြောင့် ဝိတ်ချဖို့ အကြံပြုတာလဲဆိုတော့ ဝိတ်ကျသွားရင် သွေးတွင်းသကြားဓာတ်ကို ထိန်းချုပ်ပြီးသားဖြစ်သလို တခြားကျန်းမာရေး အကျိုုးကျေးဇူးတွေလည်း အများကြီးရရှိစေတဲ့အတွက်ကြောင့် ဖြစ်ပါတယ်။ ဝိတ်ကျတဲ့အခါ ဆီးချိူရောဂါဖြစ်ခြင်းကြောင့် မြင့်တက်နေတဲ့ သွေးတွင်းသကြားဓာတ်ကို လျော့ချနိုင်ရုံတင်မကဘဲ နှလုံးသွေးကြောနဲ့ဆိုင်တဲ့ ရောဂါတွေနဲ့ ဆီးချိူရောဂါရဲ့ နောက်ဆက်တွဲရောဂါတွေကိုပါ မဖြစ်အောင် ကာကွယ်ပေးပြီးသား ဖြစ်စေပါတယ်။ အဲဒီလို ကျန်းမာရေး အကျိုးကျေးဇူးတွေရရှိလို့ ဆီးချိုသမားတွေ ဝိတ်ချချင်ရင် အောက်က နည်းလမ်းလေးတွေကို တိတိကျကျ လိုက်နာကျင့်သုံးကြည့်လိုက်ကြပါ။

Work Out နဲ့ Diet ပေါင်းစပ်ပြီးလုပ်ပါ
ပုံမှန်လေး လေ့ကျင်ခန်းလုပ်ပေးခြင်းက ခန္ဓာကိုယ်ရှိ ကယ်လိုရီအပိုတွေကို လျော့ကျစေပြီး ခန္ဓာကိုယ်က ကျန်းမာကြံ့ခိုင်နေစေပါတယ်။သုတေသနတွေအရဆိုရင် ပုံမှန်လေ့ကျင့်ခန်းလုပ်တဲ့လူဟာ ကယ်လိုရီဆုံးရှုံးမှု ပိုများတဲ့အတွက် Diet လုပ်နေတဲ့လူထက်တောင် ပိုပြီး ဝိတ်ကျပါတယ်။ ဝိတ်အလွန်အကျူးတက်တဲ့အခါ ခန္ဓာကိုယ်ထဲရှိ ဆဲလ်တွေက ပန်ကရိယတွေဆီကို အင်ဆူလင်တွေ လုံလုံလောက်လောက်ရောက်အောင် မပို့နိုင်တော့ပါဘူး။ ဆီးချိုရောဂါ Type 2 ရှိတဲ့သူတွေ လေ့ကျင်ခန်းပုံမှန်လုပ်ပေးရင် အင်ဆူလင်လျော့ကျမှု ပြင်းပြင်းထန်ထန်မဖြစ်တော့ဘဲ သွေးတွင်းသကြားဓာတ်လည်း ပုံမှန်လေး လည်ပတ်စေပါတယ်။

မနက်စာမစားဘဲမနေပါနဲ့
ဆီးချိုရောဂါခံစားနေရတဲ့သူတွေ ဝိတ်ချတဲ့အခါ မနက်စာ မစားဘဲနေတာမျိုး လုံးဝမလုပ်ပါနဲ့။ မနက်စာမစားဘဲ နေတဲ့အခါ နောက်ပိုင်းစားရင် အလွန်အကျူးစားမိပြီး သွေးတွင်းသကြားဓာတ်တွေ မြင့်တက်လာကာ ဝိတ်ချခြင်းအစီအစဉ်တွေ ပျက်ယွင်းသွားစေနိုင်ပါတယ်။ သုတေသနတွေအရဆိုရင် Cereals ပါတဲ့ မနက်စာစားခြင်းဟာ ဝိတ်ကျစေတဲ့ ရလဒ်တွေ ရရှိစေနိုင်တယ်ဆိုတာကို တွေ့ရှိရပါတယ်။

ကယ်လိုရီတွက်ချက်ပြီးစားပါ
ဆီးချိုသမားတွေဟာ ခန္ဓာကိုယ်ဖွဲ့စည်းတည်ဆောက်ပုံ၊ လေ့ကျင်ခန်းလုပ်မှု မလုပ်မှု၊ ကိုယ်အလေးချိန် ၊ အမျိုးသား၊ အမျိုးသမီး အစရှိတဲ့ အချက်တွေပေါ်မူတည်ပြီး စားသုံးရတဲ့ ကယ်လိုရီပမာဏ မတူညီကြပါဘူး။ ဆီးချိုရောဂါ Type 2 ရှိတဲ့ အမျိုးသမီးတွေဆိုရင် တစ်နေ့ကို ကယ်လိုရီ ၁၂၀၀ ကနေ ၁၈၀၀ အထိ စားပေးသင့်ပြီး အမျိုးသားတွေဆို တစ်နေ့ကို ကယ်လိုရီ ၁၄၀၀ ကနေ ၂၀၀၀ အထိပဲ စားပေးသင့်ပါတယ်။

အမျှင်ဓာတ်များများစားပေးပါ
အမျှင်ဓာတ်တွေက သွေးတွင်းသကြားဓာတ် လျော့ကျအောင် ကူညီပေးတဲ့အပြင် အစာကြေလွယ်အောင်နဲ့ ဝိတ်ကျအောင်လည်း ကူညီပေးပါသေးတယ်။ လေ့လာမှုတွေအရ အမျှင်ဓာတ်များများစားပေးရင်း ဝိတ်မတက်အောင် ကူညီပေးပါတယ်။ ၂၀၁၅ ကနေ ၂၀၂၀ ခုနစ်အထိ အမေရိကန် အစားအသောက်လမ်းညွှန်းမှုများအရ အသက် ၃၁ နှစ်ကနေ ၅၀ နှစ်အထိ အမျိုးသမီးတွေဟာ နေ့စဉ်နေ့တိုင်း အမျှင်ဓာတ်တွေကို ၂၅ ဂရမ်လောက် စားပေးသင့်ပါတယ်။ အသက် ၃၁ နှစ်ကနေ ၅၀ နှစ်အထိ အမျိုးသားတွေကတော့ နေ့တိုင်း အမျှင်ဓာတ် ၃၁ ဂရမ်လောက် စားပေးသင့်ပါတယ်။ ဒါပေမယ့် အသက်ကြီးလာရင်တော့ အမျှင်ဓာတ်လိုအပ်မှုက လျော့ကျလာပါတယ်။ အမျှင်ဓာတ်ကြွယ်ကြွယ်ဝဝပါဝင်တဲ့ အစားအစာတွေကတော့ ပဲတောင့်ရှည်၊ ကုလားပဲနဲ့ အနက်ရောင်ပဲမျိုးစုံတို့ပဲ ဖြစ်ပါတယ်။

ခဏခဏခွဲစားပေးပါ
ဆီးချိူသမားတွေက ပုံမှန်လူတွေစားနေသလိုမျိုး သုံးနပ်နဲ့ အဝစားမယ့်အစား အစားအစာနည်းနည်းနဲ့ အချိန် ခဏခဏ ခွဲစားပေးပါ။ တစ်ခါတည်း အများကြီးစားတဲ့အခါ သွေးတွင်းသကြားဓာတ်ကို မြင့်တက်လာစေနိုင်တဲ့အတွက်ကြောင့် ဖြစ်ပါတယ်။ နည်းနည်းနဲ့ ခွဲခွဲပြီးစားတဲ့အခါ Glucose Level လျော့ျကျနေအောင် ကူညီပေးပါတယ်။ ဆီးချိုသမားတွေက တစ်နေ့သုံးနပ်နဲ့ အဝစားမယ့်အစား နည်းနည်းနဲ့ ခြောက်နပ်လောက်စားပေးရင် ဝိတ်လည်းမတက်စေသလို သွေးတွင်းသကြားဓာတ်ကိုလည်း ထိန်းပြီးသား ဖြစ်စေပါတယ်။

သေးငယ်တဲ့ပန်းတိုင်လေးသတ်မှတ်ပါ
တစ်ကြိမ်တည်း လေ့ကျင်ခန်းလုပ်ပြီး ဝိတ်ကျအောင် လုပ်မယ်ဆိုတာမျိုး၊ တစ်ရက်လောက် Diet လုပ်ပြီး ဝိတ်ကို ပေါင် ၂၀ လောက်ကျအောင်လုပ်မယ်ဆိုပြီး သတ်မှတ်တာက ဖြစ်လည်း မဖြစ်နိုင်ပါဘူး။ ဒါကြောင့်မို့ သေးငယ်ပြီး လက်တွေ့ကျတဲ့ ပန်းတိုင်လေးတွေကိုသာထားပြီး ဝိတ်ချကြည့်ပါ သေချာပေါက် ဝိတ်ကျလာစေပါလိမ့်မယ်။ တစ်ပတ်မှာ လေးကြိမ်လောက် လမ်းပုံမှန်လျှောက်ပြီး ဝိတ်ချမယ်လို့ သတ်မှတ်တာမျိုး ၊ ဘယ်လောက်ပဲစားချင်စားချင် တစ်ပတ်လောက်နေမှတစ်ခါ အချိုပွဲစားမယ်ဆိုပြီး သတ်မှတ်တာမျိုး လုပ်ပြီး ဝိတ်ချကြည့်ပါ။ ဒီလိုသတ်မှတ်ထားတဲ့ ပန်းတိုင်အသေးလေးတွေကို ပုံမှန်အလေ့အကျင့်အနေနဲ့ လုပ်နိုင်သွားပြီးဆိုရင် နည်းနည်းကြီးတဲ့ ပန်းတိုင်ကို ပြောင်းချပြီူူးလုပ်ကြည့်ပါ။

အကူအညီယူပါ
ဝိတ်ချရတယ်ဆိုတာ လွယ်ကူတဲ့ ကိစ္စမဟုတ်ပါဘူးနော်။ ဝိတ်ချနေရင်းနဲ့ မချနိုင်တော့ဘူးလို့ ခံစားလာရပြီး ဝမ်းနည်းစိတ်ဓာတ်ကျလာကာ မလုပ်ချင်တော့ဘူးဆိုရင် ကိုယ်ကို စိတ်ခွန်အားပေးမယ့်သူနဲ့ အထောက်အပံ့ပေးမယ့်သူတွေကို ပြောပြပြီး ကိုယ်ရဲ့ ဝိတ်ချခြင်းခရီးရှည်ကို ရှေ့ဆက်ပါ။ စိတ်ခွန်အားပေးမယ့် သူငယ်ချင်း၊ မိသားစု၊ ဆွေမျိုးနဲ့ ချစ်သူ ဘယ်သူဆီကမဆို ပြောပြပြီး အကူအညီ တောင်းယူပါနော်။

H.H(Akhayar)

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle